ျဗိတိန္ ဂႏၳဝင္ေပါ့ပ္ဂီတၾကယ္ပြင့္ ကလစ္ဖ္ ရစ္ခ်တ္က ဘာေဘေဒါႏိုင္ငံရွိ စံအိမ္ကို ေပါင္ ၇ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္

ျဗိတိန္ ဂႏၳဝင္ေပါ့ပ္ဂီတၾကယ္ပြင့္ ကလစ္ဖ္ ရစ္ခ်တ္က ဘာေဘေဒါႏိုင္ငံရွိ စံအိမ္ကို ေပါင္ ၇ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္ - Property News in Myanmar from iMyanmarHouse.com
3 Jan 2020 12:23 pm တွင် တင်ခဲ့သည်
1192 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ျဗိတိန္ ဂႏၳဝင္ေပါ့ပ္ဂီတၾကယ္ပြင့္ ကလစ္ဖ္ရစ္ခ်တ္သည္ ဘာေဘေဒါႏိုင္ငံရွိ ကမ္းေျခစံအိမ္ၾကီးကို ေပါင္ ၇ သန္းနီးပါးျဖင့္ အေရာင္းေစ်းကြက္တင္လာေၾကာင္း Hamptons International မွ အိမ္ျခံေျမအက်ဳိးေဆာင္တို႔က ေျပာၾကားသည္။

စံအိမ္ၾကီးကုိ Summer Holiday ဟု အမည္ေပးထားျပီး ျခံဝန္းအက်ယ္ ၂ ဒသမ ၆ ဧကရွိကာ ကမ္းေျခမွ တစ္မိုင္၏ ေလးပံုတစ္ပံုခန္႔သာ ကြာေဝးသည္။

ေခၚေစ်းမွာ ေပါင္ ၆ ဒသမ ၈ သန္း (ကန္ေဒၚလာ ၈ ဒသမ ၉ သန္း) ျဖစ္ေၾကာင္း ျဗိတိန္အေျခစိုက္ အိမ္ျခံေျမ အက်ဳိးေဆာင္တို႔က ေျပာၾကားသည္။

ကလစ္ဖ္ ရစ္ခ်တ္၏ ငယ္မည္မွာ ဟယ္ရီ ေရာ့ဒ္ဂ်ာ ဝက္ဘ္ျဖစ္ျပီး ၁၉၄၀ ျပည့္ႏွစ္၊ ေအာက္တိုဘာ ၁၄ ရက္တြင္ အိႏိၵယႏိုင္ငံ၊ ဥတာ ပရာဒက္ရွ္ျပည္နယ္၏ ျမိဳ႕ေတာ္ လပ္ခ္ေနာင္း (အိႏိၵယသည္ ထိုအခ်ိန္က ျဗိတိသွ် လက္ေအာက္ခံ ကိုလိုနီျဖစ္) တြင္ ေမြးဖြားကာ အဆိုေတာ္၊ ဂီတပညာရွင္၊ ရုပ္ရွင္သရုပ္ေဆာင္၊ ပရဟိတသမား ဘဝမ်ားျဖင့္ ဘဝျဖတ္သန္းခဲ့သူ ျဖစ္သည္။

အသက္ ၇၉ ႏွစ္ရွိျပီျဖစ္ေသာ မစၥတာ ရစ္ခ်တ္သည္ အဂၤလန္ႏိုင္ငံ၊ ဆာေရးခရိုင္ရွိ စံအိမ္တစ္လံုးကို ၂၀၀၆ ခုႏွစ္တြင္ ေရာင္းခ်လိုက္ျပီးေနာက္ ဘာေဘေဒါစ္ရွိ စံအိမ္ကို သူ၏အဓိကေနအိမ္အျဖစ္ ဆယ္စုႏွစ္ တစ္ခုေက်ာ္ အသံုးျပဳသြားခဲ့သည္။

ကလစ္ဖ္ ရစ္ခ်တ္သည္ ကာရစ္ဘီယံေဒသ၊ ဘာေဘေဒါမွ ေျမေနရာကို ၂၀၀၀ ျပည့္လြန္ အလယ္ပိုင္းကာလမ်ားတြင္ ဝယ္ယူခဲ့ျပီးေနာက္ စံအိမ္ၾကီးကို ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အဆိုပါစံအိမ္တြင္ ၂၀၀၉ ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ Reunited ေတးအယ္လ္ဘမ္ကို အသံဖမ္းခဲ့သည္။

“ဒါဟာ ကၽြန္ေတာ့္ရဲ႕ ကိုယ္ပိုင္ နိဗၺာန္ဘံုငယ္ေလးတစ္ခုပါပဲ။ ”ဟု မစၥတာရစ္ခ်တ္က ေတြ႔ဆံုေမးျမန္းသူ ပီးယားစ္ ေမာ္ဂန္ကို ေျပာၾကားခဲ့သည္။

စံအိမ္မွာ Sugar Hill အိမ္ရာဝန္းအတြင္း တည္ရွိျပီး Coral Sundown စံအိမ္ဟုလည္း လူသိမ်ားကာ ေရကူးကန္တစ္ခု ပါဝင္သည္။

အေဝးဆီရွိ စိမ္းျပာေရာင္သမုဒၵရာၾကီး၏ ျမင္ကြင္းက်ယ္ပို ေတြ႔ျမင္ႏိုင္သည့္ လသာေဆာင္ေနရာလည္း ပါဝင္သည္။

အဝင္လမ္းတြင္ စံအိမ္၏ ေရွ႕တံခါးၾကီးဆီသို႔ ဦးတည္ထားသည့္ တံတားတစ္ခုေတြ႔ရမည္ျဖစ္ျပီး တံတားဝန္းက်င္တြင္ အပူပိုင္းေဒသေပါက္ သစ္ပင္မ်ား၏ စိမ္းလန္းေသာ အရြက္ဖားဖားမ်ားက အုပ္မိုးထားကာ စံအိမ္ကိုမူ ခမ္းနားေသာ မစ္ရွင္ ရီဗိုက္ဗယ္လ္ ဗိသုကာဟန္ျဖင့္ ေတြ႔ရမည္ ျဖစ္သည္။

ကလစ္ ရစ္ခ်တ္သည္ ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ သန္း ၂၅၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

ျဗိတိန္တြင္ ဆင္ဂယ္လ္ ဓာတ္ျပား ၂၁ သန္းေက်ာ္ ေရာင္းခ်ထားရကာ ျဗိတိန္၏ ဆင္ဂယ္သမိုင္းတြင္ ဘီးတဲလ္ႏွင့္ အဲလ္ဗစ္ ပရက္စေလတို႔ျပီးလွ်င္ တတိယေျမာက္ အေရာင္းရဆံုးအျဖစ္ ရပ္တည္ေနသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဗြိတိန် ဂန္ထဝင်ပေါ့ပ်ဂီတကြယ်ပွင့် ကလစ်ဖ်ရစ်ချတ်သည် ဘာဘေဒေါနိုင်ငံရှိ ကမ်းခြေစံအိမ်ကြီးကို ပေါင် ၇ သန်းနီးပါးဖြင့် အရောင်းဈေးကွက်တင်လာကြောင်း Hamptons International မှ အိမ်ခြံမြေအကျိုးဆောင်တို့က ပြောကြားသည်။

စံအိမ်ကြီးကို Summer Holiday ဟု အမည်ပေးထားပြီး ခြံဝန်းအကျယ် ၂ ဒသမ ၆ ဧကရှိကာ ကမ်းခြေမှ တစ်မိုင်၏ လေးပုံတစ်ပုံခန့်သာ ကွာဝေးသည်။

ခေါ်ဈေးမှာ ပေါင် ၆ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၈ ဒသမ ၉ သန်း) ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်တို့က ပြောကြားသည်။

ကလစ်ဖ် ရစ်ချတ်၏ ငယ်မည်မှာ ဟယ်ရီ ရော့ဒ်ဂျာ ဝက်ဘ်ဖြစ်ပြီး ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်၏ မြို့တော် လပ်ခ်နောင်း (အိန္ဒိယသည် ထိုအချိန်က ဗြိတိသျှ လက်အောက်ခံ ကိုလိုနီဖြစ်) တွင် မွေးဖွားကာ အဆိုတော်၊ ဂီတပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ပရဟိတသမား ဘဝများဖြင့် ဘဝဖြတ်သန်းခဲ့သူ ဖြစ်သည်။

အသက် ၇၉ နှစ်ရှိပြီဖြစ်သော မစ္စတာ ရစ်ချတ်သည် အင်္ဂလန်နိုင်ငံ၊ ဆာရေးခရိုင်ရှိ စံအိမ်တစ်လုံးကို ၂၀၀၆ ခုနှစ်တွင် ရောင်းချလိုက်ပြီးနောက် ဘာဘေဒေါစ်ရှိ စံအိမ်ကို သူ၏အဓိကနေအိမ်အဖြစ် ဆယ်စုနှစ် တစ်ခုကျော် အသုံးပြုသွားခဲ့သည်။

ကလစ်ဖ် ရစ်ချတ်သည် ကာရစ်ဘီယံဒေသ၊ ဘာဘေဒေါမှ မြေနေရာကို ၂၀၀၀ ပြည့်လွန် အလယ်ပိုင်းကာလများတွင် ဝယ်ယူခဲ့ပြီးနောက် စံအိမ်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါစံအိမ်တွင် ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့သည့် Reunited တေးအယ်လ်ဘမ်ကို အသံဖမ်းခဲ့သည်။

“ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် နိဗ္ဗာန်ဘုံငယ်လေးတစ်ခုပါပဲ။ ”ဟု မစ္စတာရစ်ချတ်က တွေ့ဆုံမေးမြန်းသူ ပီးယားစ် မော်ဂန်ကို ပြောကြားခဲ့သည်။

စံအိမ်မှာ Sugar Hill အိမ်ရာဝန်းအတွင်း တည်ရှိပြီး Coral Sundown စံအိမ်ဟုလည်း လူသိများကာ ရေကူးကန်တစ်ခု ပါဝင်သည်။

အဝေးဆီရှိ စိမ်းပြာရောင်သမုဒ္ဒရာကြီး၏ မြင်ကွင်းကျယ်ပို တွေ့မြင်နိုင်သည့် လသာဆောင်နေရာလည်း ပါဝင်သည်။

အဝင်လမ်းတွင် စံအိမ်၏ ရှေ့တံခါးကြီးဆီသို့ ဦးတည်ထားသည့် တံတားတစ်ခုတွေ့ရမည်ဖြစ်ပြီး တံတားဝန်းကျင်တွင် အပူပိုင်းဒေသပေါက် သစ်ပင်များ၏ စိမ်းလန်းသော အရွက်ဖားဖားများက အုပ်မိုးထားကာ စံအိမ်ကိုမူ ခမ်းနားသော မစ်ရှင် ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် တွေ့ရမည် ဖြစ်သည်။

ကလစ် ရစ်ချတ်သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် သန်း ၂၅၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

ဗြိတိန်တွင် ဆင်ဂယ်လ် ဓာတ်ပြား ၂၁ သန်းကျော် ရောင်းချထားရကာ ဗြိတိန်၏ ဆင်ဂယ်သမိုင်းတွင် ဘီးတဲလ်နှင့် အဲလ်ဗစ် ပရက်စလေတို့ပြီးလျှင် တတိယမြောက် အရောင်းရဆုံးအဖြစ် ရပ်တည်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service