ဘဏ္ေခ်းေငြနဲ႔ တိုက္ခန္းဝယ္ယူခ်င္သူမ်ားအတြက္

ဘဏ္ေခ်းေငြနဲ႔ တိုက္ခန္းဝယ္ယူခ်င္သူမ်ားအတြက္ - Property Knowledge in Myanmar from iMyanmarHouse.com
23 Dec 2019 2:01 pm တွင် တင်ခဲ့သည်
7803 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

### Zawgyi Version ###

အိမ္ၿခံေျမတိုက္ခန္းဝယ္ယူေတာ့မယ္ဆိုရင္ ဝယ္လိုသူေတြအေနနဲ႔ အၿမဲစိတ္လႈပ္ရွားေနတတ္ၾကပါတယ္။ ဝယ္လိုသူေတြေနရာမွာ မိမိကိုယ္တိုင္ အစားထိုးခံစားၾကည့္လိုက္တဲ့အခါမွာလည္း တကယ္ရင္ခုန္ရပါတယ္။ ေျမေရာင္းသူေတြ၊ တိုက္ခန္းေရာင္းသူေတြရဲ႕ ရာဇဝင္ကိုလည္း ႀကိဳတင္သိထားရတာမဟုတ္ေတာ့။ အေရာင္းအဝယ္ျဖစ္ခဲ့ရင္ ေရာင္းသူဘက္က ပိုင္ဆိုင္မႈ စာ႐ြက္စာတမ္းေတြ၊ ဂရန္ေတြ၊ ပါမစ္ေတြက အမွန္အကန္ မွ ဟုတ္ပါ့မလားလို႔ စိုးရိမ္ပူပန္တတ္ၾကတယ္။

အခုေခတ္ႀကီးမွာ စာ႐ြက္စာတမ္းေတြကိုအတုျပဳလုပ္ၿပီး ေရာင္းခ်ၾကတဲ့ သတင္းေတြကိုလည္း ေဖ့စ္ဘြတ္မွာဖတ္ရေတာ့ အတုကိုဝယ္မိမွာ အေၾကာက္ဆုံးပါပဲ။ ဒီလိုအျဖစ္မ်ိဳးေတြ မႀကဳံခ်င္ၾကသူေတြကေတာ့ အိမ္ၿခံေျမကြၽမ္းက်င္သူေတြကို အားကိုးတတ္ၾကတယ္။

မၾကာေသးခင္ကရက္ပိုင္းအတြင္းက ေတာင္ဥကၠလာမွ မိတ္ေဆြအမ်ိဳးသမီးတစ္ဦးက ကြၽႏ္ုပ္ထံသို႔ ဖုန္းဆက္လာပါတယ္။ သူ႔ရဲ႕တူေတာ္ေမာင္ တစ္ေယာက္ တိုက္ခန္းဝယ္ခ်င္လို႔ ဆရာလိုက္ပါေဆာင္႐ြက္ေပးပါလို႔ ေျပာပါတယ္။ ေမာင္ေကာင္းေဖလည္း ဒီလိုမိတ္ေဟာင္းမိတ္သစ္ေတြရဲ႕ ဖုန္းသံကိုအၿမဲနားေထာင္ေနသူဆိုေတာ့ ဟန္ေဆာင္မေနေတာ့ပါဘူး၊ ခ်ိန္းတဲ့ရက္မွာ ဝယ္ယူမဲ့တိုက္ခန္းတည္ေနရာ လိပ္စာေမးၿပီး အေရာက္လွမ္းခဲ့ပါတယ္။ ဝယ္ယူမယ့္သူေတြနဲ႔ေတြ႕ဖို႔ စံေျပေစ်းအနီးက ေ႐ႊကံေကာ္ လက္ဖက္ရည္ဆိုင္မွာ ထိုင္ေစာင့္ေနလိုက္ပါတယ္။ တိုက္ခန္းေအရာင္းအဝယ္ တစ္ခုလုပ္ေတာ့မယ္ဆိုရင္ ေရာင္းသူ၊ ဝယ္သူနဲ႔ အက်ိဳးေဆာင္၊ ပြဲစားေတြအားလုံး လူစုံမွေစ်းညႇိၾကရတာဆိုေတာ့ ေရွ႕ေနက စိတ့ရွည္ရွည္ေစာင့္ေပးရတာေပါ့။ သိပ္မၾကာပါဘူး။ လူငယ္ ၁ ဦး နဲ႔ အမ်ိဳးသမီးငယ္တစ္ဦးတို႔ ေရာက္လာၾကပါတယ္။ "ဆရာဦးေကာင္းေဖလားခင္ဗ်။ နည္းနည္းေနာက္က်သြားတာကို သည္းခံခြင့္လႊတ္ေပးပါဆရာ" "အို...ရပါတယ္။ အိမ္ၿခံေျမစာခ်ဳပ္စာတမ္းေရွ႕ေနဆိုတာ ဒီလိုေစာင့္ရတာေတြက အထူးအဆန္းမဟုတ္ေတာ့ပါဘူး။ ဝယ္ယူမယ့္ အစီအစဥ္ ေလးကိုသာ ေျပာပါဦး" လို႔စကားလမ္းေၾကာင္းေပးလိုက္တဲ့အခါ "ကြၽန္ေတာ္တို႔က ဘဏ္ေခ်းေငြနဲ႔ ဝယ္မွာပါ။ ဒီေန႔ ေစ်းညႇိလို႔အဆင္ေျပတယ္ဆိုရင္ ၁၀သိန္းေပးတဲ့ စရန္စာခ်ဳပ္ခ်ဳပ္ပါ့မယ္။ ဘဏ္ေခ်းေငြရရင္ တစ္ပတ္အတြင္း က်န္ေငြကိုအၿပီးေခ်ပါ့မယ္။ အၿပီးေငြေခ်တဲ့အခါ ဆရာလိုက္စရာမလိုေတာ့ပါဘူး" "ဟင္၊ ဟုတ္လား။ ဘယ္လိုစီစဥ္ထားလို႔လဲ ညီေလးရ" "ကြၽန္ေတာ္တို႔က ဒီေန႔စရန္ေငြ ၁၀သိန္းေပးၿပီးရင္ အဲ့ဒီစရန္ေပးစာခ်ဳပ္မူရင္းရယ္၊ ပိုင္ဆိုင္မႈ အဆင့္ဆင့္ေျပာင္းလာတဲ့ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ေတြရယ္၊ လူေနထိုင္ခြင့္လက္မွတ္ (BCC)ရယ္၊ ေျမရွင္နဲ႔ ကန္ထ႐ိုက္ႏွစ္ဦး သေဘာတူခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ရယ္၊ ေျမကြက္အမည္ေပါက္သူရဲ႕ အႏွစ္၆၀ဂရန္ေတြရယ္ ယူသြားၿပီးေတာ့ ကေမာၻဇဘဏ္၊ CBဘဏ္၊ ႐ိုးမဘဏ္ စသျဖင့္ ဘဏ္တစ္ခုခုနဲ႔ ခ်ိတ္ဆက္ၿပီး ေငြေခ်းေပးဖို႔ ေလွ်ာက္ထားရယူမွာ ျဖစ္ပါတယ္" "ဘဏ္က ေငြထုတ္ေခ်းတာနဲ႔ တိုက္ခန္းေရာင္းသူကို အၿပီးေငြေခ်လိုက္ပါ့မယ္။ ကြၽန္ေတာ္တို႔ကေတာ့ လင္မယား ၂ဦး ရလာတဲ့ ဝန္ထမ္းလစာထဲကေန ၈ ႏွစ္တိတိ လစဥ္ျပန္လည္ေပးဆပ္သြားမွာ ျဖစ္ပါတယ္" "ေတာ္ေတာ္ေကာင္းတဲ့အစီအစဥ္ပဲေနာ္။ ဆရာေတာင္ အားက်လာၿပီ။ ဒါထက္ေနပါဥြီး။ ဒီလိုဘဏ္ေခ်းေငြရဖို႔အတြက္ အာမခံခ်က္ေတြ မလိုဘူးလား" "ဟုတ္ကဲ့၊ ဒီလိုေငြေခ်းဖို႔ သြားတဲ့အခါ ေရာင္းသူနဲ႔ ေျမရွင္ကိုလည္း ေခၚသြားရပါမယ္။ ေရာင္းသူကေတာ့ ဝယ္ယူပိုင္ဆိုင္ထားတဲ့ စာခ်ဳပ္စာတမ္းေတြ ဘဏ္မန္ေနဂ်ာထံမွာ ျပရမယ္။ ထို႔အတူေျမရွင္ကလည္း သူ႔ရဲ႕ အမည္ေပါက္ အႏွစ္၆၀ ဂရန္မူရင္းျပရမယ္။ ၿပီးေတာ့ ေျမရွင္နဲ႔ ကန္ထ႐ိုက္ အခန္းေပးအခန္းယူ ႏွစ္ဦးသေဘာတူခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မူရင္းေတြျပရမယ္။ ၿပီးေတာ့ အေဆာက္အအုံ ေဆာက္လုပ္ၿပီးစီးေၾကာင္း (BCC) လူေနထိုင္ခြင့္လက္မွတ္ ေတြျပရမယ္။ ေျမရွင္နဲ႔ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုလူဦးေရစာရင္း ျပရမယ္။ ေရာင္းသူရဲ႕ မွတ္ပုံတင္မူရင္း ျပရမယ္ေလ။

ေၾသာ္၊ ဒီလိုလား ။ ေျမရွင္နဲ႔ ေရာင္းသူေတြဘက္က သေဘာေကာင္းဖို႔ေတာ့ လိုတာေပါ့ေနာ္။ ဒါဆိုေရာင္းဖို႔ တိုက္ခန္းဆီသြားၾကစို႔ဟု ေျပာၿပီး တိုက္ခန္းရွိရာသို႔ ခရီးဆက္ခဲ့ၾကပါတယ္။ စံျပေစ်းအေနာက္ဘက္ ၃ လမ္းေျမာက္ေရာက္ေတာ့ အေပၚထပ္ ၃ လႊာပါ" ဆို၍ ၃လႊာအထိတက္ခဲ့ၾကတယ္။ ေရာင္းသူနဲ႔ ပြဲစားေတြက အသင့္ေစာင့္ေနၾကတယ္။ ကြၽႏ္ုပ္တို႔ ေရာက္သြားတာနဲ႔ အိမ္ၿခံေျမအက်ိဳးေဆာင္ "မသီတာေအာင္"က အထက္မွာေျပာျပခဲ့တဲ့ စာ႐ြက္စာတမ္း မူရင္းနဲ႔ မိတၱဴေတြကို အဆင္သင့္ထုတ္ျပပါတယ္။ မူရင္းနဲ႔လိုအပ္ခ်က္ေတြကိုေတာ့ ေျမရွင္ဆီမွာ အက်ိဳးအေၾကာင္းေျပာၿပီး ခ်က္ခ်င္းအေၾကာင္းျပန္ပါတယ္။ ခက္တာက အႏွစ္၆၀ ဂရန္အမည္ေပါက္သူ ဇနီးက ေသသြားၿပီ။ ဒီထက္ဆိုးတာက လင္မယား ႏွစ္ေယာက္ (၂)အိမ္ပိုင္လို႔ အိမ္ေထာင္စုလူဦးေရစာရင္း ၂ခု ခြဲထားတယ္။ အခု အိမ္ေထာင္စု စာရင္းက ဂရန္အမည္ေပါက္သူရဲ႕ အိမ္ေထာင္စုစာရင္းစာ႐ြက္ျဖစ္ေနတယ္။ ဘဏ္သြားရင္ တစ္ခုခုေတာ့ အထစ္အေငါ့ ရွိႏိုင္တယ္လို႔ စာေရးသူေတြးမိတယ္။ ဒါေပမဲ့ ေစ်းကလည္းဝယ္ႏိုင္တဲ့ေစ်းျဖစ္တယ္။ ေရာင္းသူကလည္း သေဘာထားေကာင္းတယ္ဆိုေတာ့ စရန္ေပးစာခ်ဳပ္ခ်ဳပ္လိုက္ၾကပါတယ္။ အဆင္မေျပရင္ ေရာင္းသူကေငြျပန္အမ္းမယ္။ ပြဲစားေတြကလည္း ဘဏ္ေခ်းေငြရမွ ပြဲစားခေပးပါဆိုေတာ့ ပိုအဆင္ေျပသြားတာေပါ့။

ဒါနဲ႔ ေနာက္တစ္ေန႔ပဲ ဘဏ္သို႔သြားျဖစ္ပါတယ္။ ဘဏ္က ေငြထုတ္ေခ်းရန္ အဆင္သင့္ပါ။ ဒါေပမဲ့ ေျမရွင္ကြယ္လြန္သြားတဲ့အတြက္ ခင္ပြန္းျဖစ္သူက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း စာခ်ဳပ္လုပ္ေပးဖို႔ရယ္၊ အိမ္ေထာင္စုလူဦးေရစာရင္းမွာ ခင္ပြန္းအမည္မပါတဲ့အတြက္ လင္မယားႏွစ္ဦးပိုင္ဆိုင္ေၾကာင္း က်မ္းက်ိန္ ခိုင္းတယ္။ ၿပီးေတာ့ ဘဏ္ေငြေခ်းရန္ ေျမပုံ၊ ေျမရာဇဝင္ ကူးေပးဆိုတာနဲ႔ ခ်က္ခ်င္း ေငြခ်းလို႔ မရခဲ့ပါဘူး။ အခုေျပာခဲ့တဲ့ ဘဏ္ေခ်းေျမပုံ၊ လင္မယား ျဖစ္ေၾကာင္းက်မ္းက်ိန္၊ အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ၊ စာခ်ဳပ္ေတြယူခဲ့ဖို႔ဆိုတာ တစ္လခြဲေလာက္ၾကာမွာ ျဖစ္တဲ့အတြက္ အၿပီးအပိုင္ေငြေခ်မယ့္ရက္ကို ဘဏ္ကေငြထုတ္ေခ်းမယ့္ရက္မွာ စာခ်ဳပ္ၾကဖို႔ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီခ်က္ယူၿပီး ျပန္ခဲ့ၾကရပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

အိမ္ဝယ္ဖို႔အတြက္ ေငြလိုေနပါသလား? ကိုယ္ပိုင္အိမ္တစ္လံုး ပိုင္ဆိုင္ခ်င္ပါသလား? အိမ္ရာေခ်းေငြ ရွိတယ္ေလ။ အိမ္ရာေခ်းေငြ (Home Loan Application) ေလွ်ာက္ထားရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။ Credit: iMyanmarHouse.com

 

 ### Unicode Version ###

အိမ်ခြံမြေတိုက်ခန်းဝယ်ယူတော့မယ်ဆိုရင် ဝယ်လိုသူတွေအနေနဲ့ အမြဲစိတ်လှုပ်ရှားနေတတ်ကြပါတယ်။ ဝယ်လိုသူတွေနေရာမှာ မိမိကိုယ်တိုင် အစားထိုးခံစားကြည့်လိုက်တဲ့အခါမှာလည်း တကယ်ရင်ခုန်ရပါတယ်။ မြေရောင်းသူတွေ၊ တိုက်ခန်းရောင်းသူတွေရဲ့ ရာဇဝင်ကိုလည်း ကြိုတင်သိထားရတာမဟုတ်တော့။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ရောင်းသူဘက်က ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ၊ ဂရန်တွေ၊ ပါမစ်တွေက အမှန်အကန် မှ ဟုတ်ပါ့မလားလို့ စိုးရိမ်ပူပန်တတ်ကြတယ်။

အခုခေတ်ကြီးမှာ စာရွက်စာတမ်းတွေကိုအတုပြုလုပ်ပြီး ရောင်းချကြတဲ့ သတင်းတွေကိုလည်း ဖေ့စ်ဘွတ်မှာဖတ်ရတော့ အတုကိုဝယ်မိမှာ အကြောက်ဆုံးပါပဲ။ ဒီလိုအဖြစ်မျိုးတွေ မကြုံချင်ကြသူတွေကတော့ အိမ်ခြံမြေကျွမ်းကျင်သူတွေကို အားကိုးတတ်ကြတယ်။

မကြာသေးခင်ကရက်ပိုင်းအတွင်းက တောင်ဥက္ကလာမှ မိတ်ဆွေအမျိုးသမီးတစ်ဦးက ကျွန်ုပ်ထံသို့ ဖုန်းဆက်လာပါတယ်။ သူ့ရဲ့တူတော်မောင် တစ်ယောက် တိုက်ခန်းဝယ်ချင်လို့ ဆရာလိုက်ပါဆောင်ရွက်ပေးပါလို့ ပြောပါတယ်။ မောင်ကောင်းဖေလည်း ဒီလိုမိတ်ဟောင်းမိတ်သစ်တွေရဲ့ ဖုန်းသံကိုအမြဲနားထောင်နေသူဆိုတော့ ဟန်ဆောင်မနေတော့ပါဘူး၊ ချိန်းတဲ့ရက်မှာ ဝယ်ယူမဲ့တိုက်ခန်းတည်နေရာ လိပ်စာမေးပြီး အရောက်လှမ်းခဲ့ပါတယ်။ ဝယ်ယူမယ့်သူတွေနဲ့တွေ့ဖို့ စံပြေဈေးအနီးက ရွှေကံကော် လက်ဖက်ရည်ဆိုင်မှာ ထိုင်စောင့်နေလိုက်ပါတယ်။ တိုက်ခန်းအေရာင်းအဝယ် တစ်ခုလုပ်တော့မယ်ဆိုရင် ရောင်းသူ၊ ဝယ်သူနဲ့ အကျိုးဆောင်၊ ပွဲစားတွေအားလုံး လူစုံမှဈေးညှိကြရတာဆိုတော့ ရှေ့နေက စိတ့ရှည်ရှည်စောင့်ပေးရတာပေါ့။ သိပ်မကြာပါဘူး။ လူငယ် ၁ ဦး နဲ့ အမျိုးသမီးငယ်တစ်ဦးတို့ ရောက်လာကြပါတယ်။ "ဆရာဦးကောင်းဖေလားခင်ဗျ။ နည်းနည်းနောက်ကျသွားတာကို သည်းခံခွင့်လွှတ်ပေးပါဆရာ" "အို...ရပါတယ်။ အိမ်ခြံမြေစာချုပ်စာတမ်းရှေ့နေဆိုတာ ဒီလိုစောင့်ရတာတွေက အထူးအဆန်းမဟုတ်တော့ပါဘူး။ ဝယ်ယူမယ့် အစီအစဉ် လေးကိုသာ ပြောပါဦး" လို့စကားလမ်းကြောင်းပေးလိုက်တဲ့အခါ "ကျွန်တော်တို့က ဘဏ်ချေးငွေနဲ့ ဝယ်မှာပါ။ ဒီနေ့ ဈေးညှိလို့အဆင်ပြေတယ်ဆိုရင် ၁၀သိန်းပေးတဲ့ စရန်စာချုပ်ချုပ်ပါ့မယ်။ ဘဏ်ချေးငွေရရင် တစ်ပတ်အတွင်း ကျန်ငွေကိုအပြီးချေပါ့မယ်။ အပြီးငွေချေတဲ့အခါ ဆရာလိုက်စရာမလိုတော့ပါဘူး" "ဟင်၊ ဟုတ်လား။ ဘယ်လိုစီစဉ်ထားလို့လဲ ညီလေးရ" "ကျွန်တော်တို့က ဒီနေ့စရန်ငွေ ၁၀သိန်းပေးပြီးရင် အဲ့ဒီစရန်ပေးစာချုပ်မူရင်းရယ်၊ ပိုင်ဆိုင်မှု အဆင့်ဆင့်ပြောင်းလာတဲ့ အရပ်ကတိအရောင်းအဝယ်စာချုပ်တွေရယ်၊ လူနေထိုင်ခွင့်လက်မှတ် (BCC)ရယ်၊ မြေရှင်နဲ့ ကန်ထရိုက်နှစ်ဦး သဘောတူချုပ်ဆိုထားတဲ့စာချုပ်ရယ်၊ မြေကွက်အမည်ပေါက်သူရဲ့ အနှစ်၆၀ဂရန်တွေရယ် ယူသွားပြီးတော့ ကမ္ဘောဇဘဏ်၊ CBဘဏ်၊ ရိုးမဘဏ် စသဖြင့် ဘဏ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ငွေချေးပေးဖို့ လျှောက်ထားရယူမှာ ဖြစ်ပါတယ်" "ဘဏ်က ငွေထုတ်ချေးတာနဲ့ တိုက်ခန်းရောင်းသူကို အပြီးငွေချေလိုက်ပါ့မယ်။ ကျွန်တော်တို့ကတော့ လင်မယား ၂ဦး ရလာတဲ့ ဝန်ထမ်းလစာထဲကနေ ၈ နှစ်တိတိ လစဉ်ပြန်လည်ပေးဆပ်သွားမှာ ဖြစ်ပါတယ်" "တော်တော်ကောင်းတဲ့အစီအစဉ်ပဲနော်။ ဆရာတောင် အားကျလာပြီ။ ဒါထက်နေပါဥွီး။ ဒီလိုဘဏ်ချေးငွေရဖို့အတွက် အာမခံချက်တွေ မလိုဘူးလား" "ဟုတ်ကဲ့၊ ဒီလိုငွေချေးဖို့ သွားတဲ့အခါ ရောင်းသူနဲ့ မြေရှင်ကိုလည်း ခေါ်သွားရပါမယ်။ ရောင်းသူကတော့ ဝယ်ယူပိုင်ဆိုင်ထားတဲ့ စာချုပ်စာတမ်းတွေ ဘဏ်မန်နေဂျာထံမှာ ပြရမယ်။ ထို့အတူမြေရှင်ကလည်း သူ့ရဲ့ အမည်ပေါက် အနှစ်၆၀ ဂရန်မူရင်းပြရမယ်။ ပြီးတော့ မြေရှင်နဲ့ ကန်ထရိုက် အခန်းပေးအခန်းယူ နှစ်ဦးသဘောတူချုပ်ဆိုထားတဲ့ စာချုပ်မူရင်းတွေပြရမယ်။ ပြီးတော့ အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း (BCC) လူနေထိုင်ခွင့်လက်မှတ် တွေပြရမယ်။ မြေရှင်နဲ့ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ပြရမယ်။ ရောင်းသူရဲ့ မှတ်ပုံတင်မူရင်း ပြရမယ်လေ။

သြော်၊ ဒီလိုလား ။ မြေရှင်နဲ့ ရောင်းသူတွေဘက်က သဘောကောင်းဖို့တော့ လိုတာပေါ့နော်။ ဒါဆိုရောင်းဖို့ တိုက်ခန်းဆီသွားကြစို့ဟု ပြောပြီး တိုက်ခန်းရှိရာသို့ ခရီးဆက်ခဲ့ကြပါတယ်။ စံပြဈေးအနောက်ဘက် ၃ လမ်းမြောက်ရောက်တော့ အပေါ်ထပ် ၃ လွှာပါ" ဆို၍ ၃လွှာအထိတက်ခဲ့ကြတယ်။ ရောင်းသူနဲ့ ပွဲစားတွေက အသင့်စောင့်နေကြတယ်။ ကျွန်ုပ်တို့ ရောက်သွားတာနဲ့ အိမ်ခြံမြေအကျိုးဆောင် "မသီတာအောင်"က အထက်မှာပြောပြခဲ့တဲ့ စာရွက်စာတမ်း မူရင်းနဲ့ မိတ္တူတွေကို အဆင်သင့်ထုတ်ပြပါတယ်။ မူရင်းနဲ့လိုအပ်ချက်တွေကိုတော့ မြေရှင်ဆီမှာ အကျိုးအကြောင်းပြောပြီး ချက်ချင်းအကြောင်းပြန်ပါတယ်။ ခက်တာက အနှစ်၆၀ ဂရန်အမည်ပေါက်သူ ဇနီးက သေသွားပြီ။ ဒီထက်ဆိုးတာက လင်မယား နှစ်ယောက် (၂)အိမ်ပိုင်လို့ အိမ်ထောင်စုလူဦးရေစာရင်း ၂ခု ခွဲထားတယ်။ အခု အိမ်ထောင်စု စာရင်းက ဂရန်အမည်ပေါက်သူရဲ့ အိမ်ထောင်စုစာရင်းစာရွက်ဖြစ်နေတယ်။ ဘဏ်သွားရင် တစ်ခုခုတော့ အထစ်အငေါ့ ရှိနိုင်တယ်လို့ စာရေးသူတွေးမိတယ်။ ဒါပေမဲ့ ဈေးကလည်းဝယ်နိုင်တဲ့ဈေးဖြစ်တယ်။ ရောင်းသူကလည်း သဘောထားကောင်းတယ်ဆိုတော့ စရန်ပေးစာချုပ်ချုပ်လိုက်ကြပါတယ်။ အဆင်မပြေရင် ရောင်းသူကငွေပြန်အမ်းမယ်။ ပွဲစားတွေကလည်း ဘဏ်ချေးငွေရမှ ပွဲစားခပေးပါဆိုတော့ ပိုအဆင်ပြေသွားတာပေါ့။ ဒါနဲ့ နောက်တစ်နေ့ပဲ ဘဏ်သို့သွားဖြစ်ပါတယ်။ ဘဏ်က ငွေထုတ်ချေးရန် အဆင်သင့်ပါ။ ဒါပေမဲ့ မြေရှင်ကွယ်လွန်သွားတဲ့အတွက် ခင်ပွန်းဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်လုပ်ပေးဖို့ရယ်၊ အိမ်ထောင်စုလူဦးရေစာရင်းမှာ ခင်ပွန်းအမည်မပါတဲ့အတွက် လင်မယားနှစ်ဦးပိုင်ဆိုင်ကြောင်း ကျမ်းကျိန် ခိုင်းတယ်။ ပြီးတော့ ဘဏ်ငွေချေးရန် မြေပုံ၊ မြေရာဇဝင် ကူးပေးဆိုတာနဲ့ ချက်ချင်း ငွေချးလို့ မရခဲ့ပါဘူး။ အခုပြောခဲ့တဲ့ ဘဏ်ချေးမြေပုံ၊ လင်မယား ဖြစ်ကြောင်းကျမ်းကျိန်၊ အမွေဆက်ခံပိုင်ဆိုင်ကြောင်း ၊ စာချုပ်တွေယူခဲ့ဖို့ဆိုတာ တစ်လခွဲလောက်ကြာမှာ ဖြစ်တဲ့အတွက် အပြီးအပိုင်ငွေချေမယ့်ရက်ကို ဘဏ်ကငွေထုတ်ချေးမယ့်ရက်မှာ စာချုပ်ကြဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ယူပြီး ပြန်ခဲ့ကြရပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

အိမ်ဝယ်ဖို့အတွက် ငွေလိုနေပါသလား? ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ချင်ပါသလား? အိမ်ရာချေးငွေ ရှိတယ်လေ။ အိမ်ရာချေးငွေ (Home Loan Application) လျှောက်ထားရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
အဝတ်ဗီရိုမှာ မှိုစွဲနေတာကို ဘယ်လို သန့်ရှင်းမလဲ ?
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုများတွင် အနိုင်ဒီဂရီရရှိပါက တရားလိုဘက်မှ ဆက်လက်ဆောင်ရွက်ရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အမှုစစ်‌ဆေးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
ခေါင်းကိုက်စရာ မိုးရာသီတွင်းပြဿနာ အဝတ်တွေအမြန်ခြောက်ဖို့ရာ
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အလက်စကားဒေသရှိ မြစ်များ၊ ချောင်းများ လိမ္မော်ရောင်သို့အရောင်ပြောင်းလဲသွား
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
အပတ်စဉ်အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ.......
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
နေအိမ်၊ရုံးခန်းအတွင်း စီးပွားလာဘ်လာဘတိုးပွားစေမယ့် စိုက်ပျိုးသင့်သော ရှင်သီဝလိဂမုန်း
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...
မြေကွက်အား ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းများမပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူတစ်ဦးတစ်ဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရပါမလဲဆရာ။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘ
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
မြန်မာနိုင်ငံတွင် delivery ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့သူ၊ စင်္ကာပူသို့ ထွက်ခွာကာ အလုပ်လုပ်ခဲ့ပြီး စင်္ကာပူသူဌေးမှ ကျောင
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
ကမ္ဘာကျော် Dell ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများ ထိုးကျမှုကြောင့် တည်ထောင်သူ Michael Dell ၏ ကြွယ်ဝမှု ၁ ရက်တည်းဖြင့် ကန်ဒေါ်
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ
အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

yatanar-mall
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service