လန်ဒန်လမ်းတွင် ဓာတ်ဆီကားနှင့် ဒီဇယ်ကားများကို တားမြစ်
လန်ဒန်လမ်းတွင် ဓာတ်ဆီကားနှင့် ဒီဇယ်ကားများကို တားမြစ် - Property News in Myanmar from iMyanmarHouse.com
20 Dec 2019 11:19 am တွင် တင်ခဲ့သည်
799 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
Beech (ဘိခ်ျ) လမ်းသည် ဗြိတိန်၏ ပထမဆုံးသော ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကင်းစင်သည့်လမ်း ဖြစ်လာမည်ဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၎င်းအစီအစဉ်ကြောင့် ဘိခ်ျလမ်းတွင် ယာဉ်ကြောပိတ်ဆိုမှုသည်လည်း ၉၀ မှ ၉၅ ရာခိုင်နှုန်းအကြား လျော့ကျသွားကာ စာသင်ကျောင်းနှစ်ကျောင်းရှိသည့် ထိုလမ်းဧရိယာတစ်ဝိုက် လေထုအရည်အသွေးလည်း တိုးတက်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
### Unicode Version ###
လေထုညစ်ညမ်းမှုလျှော့ချရေးကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ဓာတ်ဆီနှင့် ဒီဇယ်တို့ကို အသုံးပြုသည့် မော်တော်ယာဉ်များအား လန်ဒန်အလယ်ပိုင်းရှိ လမ်းတစ်လမ်းတွင် တားမြစ်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
Beech (ဘိချ်) လမ်းသည် ဗြိတိန်၏ ပထမဆုံးသော ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကင်းစင်သည့်လမ်း ဖြစ်လာမည်ဖြစ်သည်ဟုလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
လာမည့်နှစ်တွင် စတင်မည့် စမ်းသပ်ကာလ ၁၈ လတာအတွင်း ၎င်းလမ်းတွင် လျှပ်စစ်ကား သို့မဟုတ် hybrid (စွမ်းအင်နှစ်မျိုးနှင့်အထက်တို့အနက် ကြိုက်နှစ်သက်ရာဖြင့် မောင်းနှင်နိုင်ရန် တီထွင်ထားသော) ကားများ၊ ခြေလျင်လမ်းလျှောက်သူများနှင့် စက်ဘီးစီးနင်းသူများကိုသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း လန်ဒန်မြို့တော်ကော်ပိုရေးရှင်းက ဒီဇင်ဘာ ၁၆ တွင် ကြေညာခဲ့သည်။
သို့သော်လည်း အမှိုက်သိမ်းသော၊ ပစ္စည်းပို့သောယာဉ်များ၊ ထိုလမ်းအနီးရှိ ကားပါကင်များကို အသုံးပြုသောယာဉ်များနှင့် အရေးပေါ်ကားတို့ကိုမှု ဖြတ်သန်းခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
“လေထုညစ်ညမ်းမှုကိုတဖြည်းဖြည်းလျှော့ချဖို့က ဆန်းသစ်တဲ့ဆောင်ရွက်ချက်တွေလိုပါတယ်။ ဒီအစီအစဉ်တွေက ကျွန်တော်တို့ကို လမ်းတွေပေါ်မှာ အဆိပ်သင့်လေထုမရှိအောင်ကူညီဖယ်ရှားပေးမှာပါ။” ဟု ထိုကော်ပိုရေးရှင်း၏ သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီဥက္ကဋ္ဌ ဂျရမီဆိုင်မွန်က ပြောကြားခဲ့သည်။
၎င်းအစီအစဉ်ကြောင့် ဘိချ်လမ်းတွင် ယာဉ်ကြောပိတ်ဆိုမှုသည်လည်း ၉၀ မှ ၉၅ ရာခိုင်နှုန်းအကြား လျော့ကျသွားကာ စာသင်ကျောင်းနှစ်ကျောင်းရှိသည့် ထိုလမ်းဧရိယာတစ်ဝိုက် လေထုအရည်အသွေးလည်း တိုးတက်ကောင်းမွန်လာမည်ဟု ခန့်မှန်းထားကြကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
“ယခုစီမံချက်သည် ဥရောပသမဂ္ဂနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတို့မှ ချမှတ်ထားသည့် လေထအရည်အသွေးလမ်းညွှန်ချက်များနှင့်ညီသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ပမာဏ ဖြစ်ပေါ်စေရန် ရည်ရွယ်သည်။” ဟု ကော်ပိုရေးရှင်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လန်ဒန်အလယ်ပိုင်းတစ်ဝန်းတွင် ယခုနှစ်အစောပိုင်းကတည်းက Ulez ဟူခေါ်သည့် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုအလွန့်အလွန်နည်းသည့်ဇုန် စီမံချက်ကိုချမှတ်ထားပြီးဖြစ်သည်။ လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်ပွားစေသည့်အိုမင်းလာသော မော်တော်ယာဉ်များအနေဖြင့် ဝင်ရောက်ရန် အခကြေးငွေပေးဆောင်ရသည့် ၎င်းဇုံသတ်မှတ်ချက်အစီအမံနှင့် ယခုအစမ်းစီမံချက်မှာ သက်သက်စီဖြစ်ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service