အာရွပစိဖိတ္၏ ဟိုတယ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား သတ္မွတ္အဆင့္ ေဒၚလာ ၁၁ ဘီလ်ံကို ယခုႏွစ္တြင္ ေက်ာ္လြန္မည္

အာရွပစိဖိတ္၏ ဟိုတယ္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား သတ္မွတ္အဆင့္ ေဒၚလာ ၁၁ ဘီလ်ံကို ယခုႏွစ္တြင္ ေက်ာ္လြန္မည္ - Property News in Myanmar from iMyanmarHouse.com
20 Nov 2019 10:21 am တွင် တင်ခဲ့သည်
786 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အာရွပစိဖိတ္တြင္ ဟိုတယ္အေရာင္းအဝယ္အေရအတြက္သည္ ယခု ၂၀၁၉ ခုႏွစ္ကုန္ထိ တစ္ႏွစ္တာအတြင္း ၂၅ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းအၾကား ျမင့္တက္မည္ဟု ခန္႔မွန္းရသည္။ ယခုႏွစ္မကုန္မီ ထိုစုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈမ်ားသည္ သတ္မွတ္အဆင့္ အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံကို ေက်ာ္လြန္မည္ဟု ကမာၻ႕အိမ္ၿခံေျမအတိုင္ပင္ခံကုမၸဏီ JLL က ခန္႔မွန္းလိုက္သည္။

“ စီးပြားေရးဆုိင္ရာရာသီဥတုအေျခအေနက သတိထားေနရတဲ့အေျခအေနျဖစ္ေနၿပီး ႏိုင္ငံေရးေလဆန္ေတြ ပိုမိုက်ယ္ျပန္႔လာေပမဲ့ ခရီးသြားလုပ္ငန္းဝယ္လိုအားေကာင္းလာၿပီး အာရွပစိဖိတ္ရွိဟုိတယ္ေတြက အလြန္အာ႐ံုစိုက္ခံလာရပါတယ္” ဟု JLL Hotels & Hospitality Asia Pacific ၏ စီအီးအို (အမႈေဆာင္အရာရွိခ်ဳပ္) မိုက္ခ္ဘက္ခ်္လာက ေျပာၾကားခဲ့သည္။

၂၀၁၉ ၏ ဝယ္လိုအားအမ်ားစုကို ျပည္တြင္းေဖာက္သည္မ်ား၊ developer မ်ားႏွင့္ ပုဂၢလိကရွယ္ယာကုမၸဏီမ်ားက ျပဳလုပ္လာၾကျခင္းျဖစ္ေၾကာင္း၊ သတ္မွတ္အဆင့္ အေမရိကန္ေဒၚလာ ၁၁ ဘီလ်ံကို ၂၀၁၅ ႏွင့္ ၂၀၁၇ ကသာ ေက်ာ္လြန္ထားေသးၿပီး ၂၀၁၉ သည္ ၿပီးခဲ့သည့္ ၁၀ ႏွစ္အတြင္း ထို ၂၀၁၅ ႏွင့္ ၂၀၁၇ ၿပီးလွ်င္ အေရာင္းအဝယ္တတိယအမ်ားဆံုးႏွစ္ျဖစ္မည္ျဖစ္ေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

ယခုႏွစ္ ပထမကိုးလတာအတြင္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားသည္ အာရွပစိဖိတ္ေဒသတြင္း အေမရိကန္ေဒၚလာ ၇ ဒသမ ၈ ဘီလ်ံတန္ဖိုးရွိ ဟိုတယ္မ်ားကို ဝယ္ယူခဲ့ၾကသည္။ ပမာဏအမ်ားစုျဖစ္ေသာ အေမရိကန္ေဒၚလာ ၃ ဘီလ်ံဖိုးနီးပါး အေရာင္းအဝယ္မ်ားမွာ 2019 Rugby World Cup ၊ 2020 Tokyo Olympic Games ႏွင့္ 2025 World Expo အပါအဝင္ ဂ်ပန္ရွိ အခမ္းအနားႀကီးမ်ားေၾကာင့္ ျဖစ္သည္။

“အဲ့ဒီအခမ္းအနားေတြက ေနထိုင္တည္းခိုမႈလိုအပ္ခ်က္ေတြကို ျမင့္တက္ေစမွာမို႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ဝယ္လိုအားကလည္း ျမင့္တက္လာတာပါ။ ဂ်ပန္ကေတာ့ အာရွပစိဖိတ္မွာ ယခုႏွစ္ရဲ႕ စြမ္းေဆာင္မႈအေကာင္းဆံုးေဈးကြက္ျဖစ္ၿပီး ယခုႏွစ္အတြင္း အေရာင္းအဝယ္ပမာဏ အေမရိကန္ေဒၚလာ ၄ ဘီလ်ံထိ စံခ်ိန္တင္ျမင့္တက္ေရာက္ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။” ဟုလည္း ဘက္ခ်္လာက ေျပာၾကားခဲ့သည္။

JLL Hotels & Hospitality ၏ အာရွရင္းႏွီးျမႇဳပ္ႏွံမႈအေရာင္းဌာနေခါင္းေဆာင္ႏွင့္ မန္ေနဂ်င္းဒါ႐ိုက္တာ နီဟက္အာကန္ကလည္း “ျပည္တြင္းေရာျပည္ပေရာက ရင္းႏွီးျမႇဳပ္ႏွံသူေတြက အာရွပစိဖိတ္ေဒသတစ္လႊားမွာ အျမတ္အစြန္းမ်ားမယ့္ အခြင့္အလမ္းေတြကို ရွာေဖြေနၾကတာေၾကာင့္ ဟိုတယ္လုပ္ငန္းက႑ဟာ ဆက္လက္ေတာက္ပေနမွာပါ။” ဟု ေျပာၾကားခဲ့သည္။

“ ဒီရင္းႏွီးျမႇဳပ္ႏွံမႈအဟုန္က အဲ့ဒီအေရာင္းအဝယ္ပမာဏကို ၂၀၂၀ ျပည့္ႏွစ္အထိ ဆက္ေခၚသြားမယ္လို႔ ကၽြန္ေတာ္တို႔ယံုၾကည္ပါတယ္” ဟုလည္း သူက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

 

### Unicode Version ###

အာရှပစိဖိတ်တွင် ဟိုတယ်အရောင်းအဝယ်အရေအတွက်သည် ယခု ၂၀၁၉ ခုနှစ်ကုန်ထိ တစ်နှစ်တာအတွင်း ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအကြား မြင့်တက်မည်ဟု ခန့်မှန်းရသည်။ ယခုနှစ်မကုန်မီ ထိုစုစုပေါင်းရင်းနှီးမြှုပ်နှံမှုများသည် သတ်မှတ်အဆင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို ကျော်လွန်မည်ဟု ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ JLL က ခန့်မှန်းလိုက်သည်။

“ စီးပွားရေးဆိုင်ရာရာသီဥတုအခြေအနေက သတိထားနေရတဲ့အခြေအနေဖြစ်နေပြီး နိုင်ငံရေးလေဆန်တွေ ပိုမိုကျယ်ပြန့်လာပေမဲ့ ခရီးသွားလုပ်ငန်းဝယ်လိုအားကောင်းလာပြီး အာရှပစိဖိတ်ရှိဟိုတယ်တွေက အလွန်အာရုံစိုက်ခံလာရပါတယ်” ဟု JLL Hotels & Hospitality Asia Pacific ၏ စီအီးအို (အမှုဆောင်အရာရှိချုပ်) မိုက်ခ်ဘက်ချ်လာက ပြောကြားခဲ့သည်။

၂၀၁၉ ၏ ဝယ်လိုအားအများစုကို ပြည်တွင်းဖောက်သည်များ၊ developer များနှင့် ပုဂ္ဂလိကရှယ်ယာကုမ္ပဏီများက ပြုလုပ်လာကြခြင်းဖြစ်ကြောင်း၊ သတ်မှတ်အဆင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလျံကို ၂၀၁၅ နှင့် ၂၀၁၇ ကသာ ကျော်လွန်ထားသေးပြီး ၂၀၁၉ သည် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ထို ၂၀၁၅ နှင့် ၂၀၁၇ ပြီးလျှင် အရောင်းအဝယ်တတိယအများဆုံးနှစ်ဖြစ်မည်ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။

ယခုနှစ် ပထမကိုးလတာအတွင်း ရင်းနှီးမြှုပ်နှံသူများသည် အာရှပစိဖိတ်ဒေသတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ ဘီလျံတန်ဖိုးရှိ ဟိုတယ်များကို ဝယ်ယူခဲ့ကြသည်။ ပမာဏအများစုဖြစ်သော အမေရိကန်ဒေါ်လာ ၃ ဘီလျံဖိုးနီးပါး အရောင်းအဝယ်များမှာ 2019 Rugby World Cup ၊ 2020 Tokyo Olympic Games နှင့် 2025 World Expo အပါအဝင် ဂျပန်ရှိ အခမ်းအနားကြီးများကြောင့် ဖြစ်သည်။

“အဲ့ဒီအခမ်းအနားတွေက နေထိုင်တည်းခိုမှုလိုအပ်ချက်တွေကို မြင့်တက်စေမှာမို့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ဝယ်လိုအားကလည်း မြင့်တက်လာတာပါ။ ဂျပန်ကတော့ အာရှပစိဖိတ်မှာ ယခုနှစ်ရဲ့ စွမ်းဆောင်မှုအကောင်းဆုံးဈေးကွက်ဖြစ်ပြီး ယခုနှစ်အတွင်း အရောင်းအဝယ်ပမာဏ အမေရိကန်ဒေါ်လာ ၄ ဘီလျံထိ စံချိန်တင်မြင့်တက်ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။” ဟုလည်း ဘက်ချ်လာက ပြောကြားခဲ့သည်။

JLL Hotels & Hospitality ၏ အာရှရင်းနှီးမြှုပ်နှံမှုအရောင်းဌာနခေါင်းဆောင်နှင့် မန်နေဂျင်းဒါရိုက်တာ နီဟက်အာကန်ကလည်း “ပြည်တွင်းရောပြည်ပရောက ရင်းနှီးမြှုပ်နှံသူတွေက အာရှပစိဖိတ်ဒေသတစ်လွှားမှာ အမြတ်အစွန်းများမယ့် အခွင့်အလမ်းတွေကို ရှာဖွေနေကြတာကြောင့် ဟိုတယ်လုပ်ငန်းကဏ္ဍဟာ ဆက်လက်တောက်ပနေမှာပါ။” ဟု ပြောကြားခဲ့သည်။

“ဒီရင်းနှီးမြှုပ်နှံမှုအဟုန်က အဲ့ဒီအရောင်းအဝယ်ပမာဏကို ၂၀၂၀ ပြည့်နှစ်အထိ ဆက်ခေါ်သွားမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟုလည်း သူက ပြောကြားခဲ့ကြောင်း သိရသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service