အေျခခံအေဆာက္အအံုအတြက္ ႏွစ္စဥ္ ေဒၚလာ ၁ ဒသမ ၅ ထရီလ်ံထက္မနည္း သံုးစြဲရန္ အာရွပစိဖိတ္ႏိုင္ငံမ်ားအား ADB တိုက္တြန္း

အေျခခံအေဆာက္အအံုအတြက္ ႏွစ္စဥ္ ေဒၚလာ ၁ ဒသမ ၅ ထရီလ်ံထက္မနည္း သံုးစြဲရန္ အာရွပစိဖိတ္ႏိုင္ငံမ်ားအား ADB တိုက္တြန္း - Property News in Myanmar from iMyanmarHouse.com
14 Nov 2019 10:49 am တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

အာရွပစိဖိတ္ေဒသတစ္ခုလံုးအတြက္ အလြန္အမင္းလိုအပ္ေသာ အေျခခံအေဆာက္အအံုဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားတြင္ ေငြေၾကးသံုးစြဲရန္ ၂၀၃၀ ျပည့္ႏွစ္မတုိင္မီအထိ ႏွစ္စဥ္ စုစုေပါင္း အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ထရီလ်ံ စုေဆာင္းရန္ Asian Development Bank (ADB) က ၎တို႔ထုတ္ျပန္လိုက္သည့္ ‘Infrastructure Financing in Asia’ ဟု အမည္ေပးထားေသာစာအုပ္တြင္ ေဒသတြင္းရွိ ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ားအား ညႊန္ၾကားထားေၾကာင္း Khmer Times ကေမာၻဒီးယားသတင္းစာက ေဖာ္ျပခဲ့သည္။

ကမာၻ႕ဘ႑ာေရးမေသခ်ာမေရရာမႈအၾကား အာရွပစိဖိတ္အႏွံ႔အျပား ဖြံ႕ၿဖိဳးတိုးတက္မႈစဥ္ဆက္မျပတ္ျဖစ္ေပၚေစရန္ ရန္ပုံေငြ၏အေရးပါမႈကို ADB ၏ စဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အသိပညာစီမံခန္႔ခြဲေရးဆိုင္ရာ ဒုတိယဥကၠ႒ ဘမ္ဘန္ဆူဇန္တိုႏိုက အသားေပးေျပာၾကားခဲ့သည္။

အာရွပစိဖိတ္ရွိ ဖြံ႕ၿဖိဳးဆဲႏုိင္ငံမ်ားအနက္ အနည္းငယ္ကသာ ျပည္တြင္းအသားတင္ထုတ္ကုန္ (ဂ်ီဒီပီ) ၏ ငါးရာခိုင္ႏႈန္းကို အေျခခံအေဆာက္အအံုအတြက္ အသံုးျပဳႏုိင္ေသးသျဖင့္ ဘ႐ူႏိုင္း၊ ကေမာၻဒီးယား၊ တ႐ုတ္၊ အင္ဒိုနီးရွား၊ ဂ်ပန္၊ ေတာင္ကိုရီးယား၊ လာအို၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ထိုင္းႏွင့္ ဗီယက္နမ္ ဟူသည့္ ASEAN+3 ႏုိင္ငံအားလံုးတြင္ အေျခခံအေဆာက္အအံုစီမံကိန္းမ်ားအတြက္ ေငြေၾကးသံုးစြဲရန္ ၂၀၃၀ ျပည့္ႏွစ္မတုိင္မီ စုစုေပါင္း အေမရိကန္ေဒၚလာ ၂၂ ဒသမ ၆ ထရီလ်ံခန္႔ စုေဆာင္းရမည္ျဖစ္သည္။

“ဖြံ႕ၿဖိဳးဆဲအာရွဟာ အလြန္မ်ားျပားတဲ့အေျခခံအေဆာက္အအံုရင္းႏွီးျမႇဳပ္ႏွံမႈလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းဖို႔ရာသမား႐ိုးက်မဟုတ္တဲ့ ဘ႑ာေရးေျဖရွင္းနည္းေတြ ရွာဖို႔အတြက္ အလြန္အမင္းႀကိဳးပမ္းရပါမယ္။ ABD အတြင္းနဲ႔အျပင္က ကၽြမ္းက်င္သူေတြတြက္ခ်က္ေပးထားတဲ့ ဒီဘ႑ာေငြပမာဏဟာ အေျခခံအေဆာက္အအံုေငြေၾကးေထာက္ပံ့မႈအတြက္ တိက်ခိုင္မာတဲ့ လမ္းညႊန္စီမံခ်က္ေတြ ျပင္ဆင္ေပးၿပီး စဥ္းစားစရာေတြေပးပါတယ္။” ဟု ဆန္ဇန္တိုႏိုက ဖိလစ္ပိုင္ႏုိင္ငံၿမိဳ႕ေတာ္ မနီလာတြင္ ျပဳလုပ္သည့္ စာအုပ္မိတ္ဆက္ပြဲတစ္ခုအတြင္း ရွင္းလင္းေျပာၾကားခဲ့သည္။

ႏိုင္ငံ၏ အေျခခံအေဆာက္အအံုဖြံ႕ၿဖိဳးေစေရး အကူအညီျဖစ္ေစရန္ ပုဂၢလိကက႑မ်ားကို ခြင့္ျပဳထားသည့္ ကေမာၻဒီးယား၏ အစိုးရ-ပုဂၢလိကပူးေပါင္းမႈမ်ားျဖင့္ ေငြေၾကးမတည္မႈမ်ားကဲ့သို႔ေသာ စီမံကိန္းမ်ားကို ေငြေၾကးေထာက္ပ့ံေပးေရး အမ်ဳိးမ်ဳိးေသာနည္းလမ္းမ်ားရေစရန္ ကၽြမ္းက်င္သူမ်ားက ထိုႏုိင္ငံမ်ားအား အားေပးတုိက္တြန္းလ်က္ရွိသည္။

အေျခခံအေဆာက္အအံုဖြံ႕ၿဖိဳးမႈကို အစိုးရ၏ ကန္႔သတ္ဘတ္ဂ်က္ထက္ ေက်ာ္လြန္ေစေရး အစပ်ဳိးေပးရန္အလုိ႔ငွာ ႏုိင္ငံတြင္ အစိုးရ-ပုဂၢလိကပူးေပါင္းမႈမ်ားပိုမိုေဆာင္ရြက္ႏုိင္ရန္ ကေမာၻဒီးယားစီးပြားေရးႏွင့္ဘ႑ာေရးဝန္ႀကီးဌာန၏ အစိုးရ-ပု၈ၢလိကပူးေပါင္းမႈမ်ားဗဟိုဌာနေခါင္းေဆာင္ Sam Vongsy က ေမွ်ာ္လင့္လ်က္ရွိေၾကာင္း သိရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အာရှပစိဖိတ်ဒေသတစ်ခုလုံးအတွက် အလွန်အမင်းလိုအပ်သော အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးများတွင် ငွေကြေးသုံးစွဲရန် ၂၀၃၀ ပြည့်နှစ်မတိုင်မီအထိ နှစ်စဉ် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလျံ စုဆောင်းရန် Asian Development Bank (ADB) က ၎င်းတို့ထုတ်ပြန်လိုက်သည့် ‘Infrastructure Financing in Asia’ ဟု အမည်ပေးထားသောစာအုပ်တွင် ဒေသတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား ညွှန်ကြားထားကြောင်း Khmer Times ကမ္ဘောဒီးယားသတင်းစာက ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘဏ္ဍာရေးမသေချာမရေရာမှုအကြား အာရှပစိဖိတ်အနှံ့အပြား ဖွံ့ဖြိုးတိုးတက်မှုစဉ်ဆက်မပြတ်ဖြစ်ပေါ်စေရန် ရန်ပုံငွေ၏အရေးပါမှုကို ADB ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာစီမံခန့်ခွဲရေးဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဘမ်ဘန်ဆူဇန်တိုနိုက အသားပေးပြောကြားခဲ့သည်။

အာရှပစိဖိတ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် အနည်းငယ်ကသာ ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) ၏ ငါးရာခိုင်နှုန်းကို အခြေခံအဆောက်အအုံအတွက် အသုံးပြုနိုင်သေးသဖြင့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် ဟူသည့် ASEAN+3 နိုင်ငံအားလုံးတွင် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ငွေကြေးသုံးစွဲရန် ၂၀၃၀ ပြည့်နှစ်မတိုင်မီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၆ ထရီလျံခန့် စုဆောင်းရမည်ဖြစ်သည်။

“ဖွံ့ဖြိုးဆဲအာရှဟာ အလွန်များပြားတဲ့အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရာသမားရိုးကျမဟုတ်တဲ့ ဘဏ္ဍာရေးဖြေရှင်းနည်းတွေ ရှာဖို့အတွက် အလွန်အမင်းကြိုးပမ်းရပါမယ်။ ABD အတွင်းနဲ့အပြင်က ကျွမ်းကျင်သူတွေတွက်ချက်ပေးထားတဲ့ ဒီဘဏ္ဍာငွေပမာဏဟာ အခြေခံအဆောက်အအုံငွေကြေးထောက်ပံ့မှုအတွက် တိကျခိုင်မာတဲ့ လမ်းညွှန်စီမံချက်တွေ ပြင်ဆင်ပေးပြီး စဉ်းစားစရာတွေပေးပါတယ်။” ဟု ဆန်ဇန်တိုနိုက ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာတွင် ပြုလုပ်သည့် စာအုပ်မိတ်ဆက်ပွဲတစ်ခုအတွင်း ရှင်းလင်းပြောကြားခဲ့သည်။

နိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးစေရေး အကူအညီဖြစ်စေရန် ပုဂ္ဂလိကကဏ္ဍများကို ခွင့်ပြုထားသည့် ကမ္ဘောဒီးယား၏ အစိုးရ-ပုဂ္ဂလိကပူးပေါင်းမှုများဖြင့် ငွေကြေးမတည်မှုများကဲ့သို့သော စီမံကိန်းများကို ငွေကြေးထောက်ပံ့ပေးရေး အမျိုးမျိုးသောနည်းလမ်းများရစေရန် ကျွမ်းကျင်သူများက ထိုနိုင်ငံများအား အားပေးတိုက်တွန်းလျက်ရှိသည်။

အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုကို အစိုးရ၏ ကန့်သတ်ဘတ်ဂျက်ထက် ကျော်လွန်စေရေး အစပျိုးပေးရန်အလို့ငှာ နိုင်ငံတွင် အစိုးရ-ပုဂ္ဂလိကပူးပေါင်းမှုများပိုမိုဆောင်ရွက်နိုင်ရန် ကမ္ဘောဒီးယားစီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစိုးရ-ပု၈္ဂလိကပူးပေါင်းမှုများဗဟိုဌာနခေါင်းဆောင် Sam Vongsy က မျှော်လင့်လျက်ရှိကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service