အစ္ကိုျဖစ္သူ၏ ေနအိမ္ကို ပင္လယ္ရႈေမွ်ာ္ခင္း မျမင္ရေအာင္ ညီျဖစ္သူက လူေနထိုင္၍ မရေသာ အနံ ၃ ေပသာရွိသည့္ ေနအိမ္ၾကီး ကာရံေဆာက္လုပ္

အစ္ကိုျဖစ္သူ၏ ေနအိမ္ကို ပင္လယ္ရႈေမွ်ာ္ခင္း မျမင္ရေအာင္ ညီျဖစ္သူက လူေနထိုင္၍ မရေသာ အနံ ၃ ေပသာရွိသည့္ ေနအိမ္ၾကီး ကာရံေဆာက္လုပ္ - Property News in Myanmar from iMyanmarHouse.com
5 Nov 2019 11:20 am တွင် တင်ခဲ့သည်
43150 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

သင္၏ ေမြးခ်င္းတစ္ဦးထံမွ ေငြတစ္သိန္းမွ် ေခ်းၾကည့္ပါ။ ထိုအခါ လြန္ခဲ့ေသာ ၃ လအတြင္း သင္သူ႔အေပၚ ျပဳမူခဲ့သည့္ မေကာင္းကြက္မ်ားအားလံုးကို ျပန္ေျပာင္းေျပာျပပါေတာ့မည္။

ဤသည္ကား တအူတံုဆင္း ေမြးခ်င္းမ်ား ပင္တည္း။

လက္ဘႏြန္ႏိုင္ငံ၊ ေဘရြတ္ျမိဳ႕မွ အမ်ဳိးသားတစ္ဦးကမူ မိဘမ်ားထံမွ အေမြရေသာ ေျမေနရာတြင္ အေဆာက္အအံုတစ္ခု ေဆာက္လုပ္ေနေသာ အစ္ကိုျဖစ္သူအေပၚ မ်ားစြာမ်က္မုန္းက်ဳိး အမ်က္ထြက္ေနခဲ့သည္။

ထို႔ေၾကာင့္ သူ႔ဘက္ကလည္း သူလုပ္ႏိုင္သည့္အလုပ္တစ္ခုကို အေကာင္အထည္ေဖာ္လိုက္၏။

အစ္ကို၏ ေနအိမ္ေရွ႕တြင္ ေနအိမ္တစ္လံုး ေဆာက္လုပ္လိုက္ျခင္းျဖစ္သည္။

အစ္ကိုျဖစ္သူႏွင့္ အိမ္နီးခ်င္းအျဖစ္ ေနထိုင္ႏိုင္ေအာင္ ေဆာက္လုပ္ျခင္းကား မဟုတ္ေခ်။

အဆိုပါေနအိမ္မွာ လူေန၍ မရႏိုင္ေလာက္ေအာင္ က်ဥ္းေျမာင္းလွသည္။

အကုန္အက်သက္သာရန္ႏွင့္ အစ္ကိုျဖစ္သူအား ပင္လယ္ရႈေမွ်ာ္ခင္းမျမင္ရရန္ ရည္ရြယ္ခ်က္ျဖစ္သည္။

အဆိုပါ ညီအစ္ကိုႏွစ္ဦး၏ မသင့္ျမတ္ေသာ ဇာတ္လမ္းကို ေဘရြတ္ျမိဳ႕၊ မာနာရာေဒသခံမ်ား သိၾကသည္။

ညီအစ္ကိုႏွစ္ဦးက ယင္းေနအိမ္မ်ားကို ၁၉၅၀ ျပည့္လြန္ကာလမ်ားအတြင္း ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ညီျဖစ္သူ၏ ေနအိမ္မွာ လူေန၍ မရေအာင္ က်ဥ္းေျမာင္းလွရာ အေဆာက္အအံုမွာ တန္ဖုိးမဲ့ခဲ့ရ၏။

ညီျဖစ္သူက အေဆာက္အအံု၏ အမည္ကို အာရပ္ဘာသာအားျဖင့္ အယ္လ္ ဘာဆာဟု အမည္ေပးခဲ့ျပီး ရန္ျငိဳးဟု အဓိပၸာယ္ရသည္။

ယင္းညီအစ္ကို၏ အျဖစ္အပ်က္မ်ားကို ကမၻာ့ျပည္သူမ်ားသိရွိေအာင္ ထုတ္ေဖာ္တင္ျပလာသူမွာ ဗိသုကာပညာရွင္ ဆန္ဒရာ ရီရွာနီျဖစ္ျပီး စာအုပ္တစ္အုပ္တြင္ ထည့္သြင္းေဖာ္ျပရန္ ျဖစ္သည္။

ဆန္ဒရာက ေရွ႕မီေနာက္မီျဖစ္ေသာ သူမ၏ ဖခင္ကို ေမးျမန္းခဲ့ရာမွ အဆိုပါညီအစ္ကိုမ်ား၏ နာမည္ေက်ာ္အျဖစ္အပ်က္ကို သိ္ရွိလာျခင္းျဖစ္သည္ဟု ဆိုသည္။

ဆန္ဒရာက အာရပ္မဂၢဇင္းတစ္ခုျဖစ္ေသာ Jadaliyya တြင္ ယင္းညီအစ္ကို၏ အျဖစ္အပ်က္ကို ေရးသားခဲ့ရာ၌ “ကၽြန္မဟာ အျမင့္ ၁၄ မီတာေလာက္ရွိျပီး အနံက ၁ မီတာေတာင္မရွိတဲ့ အေဆာက္အအံုၾကီးကို ကိုယ္တိုင္သြားၾကည့္ခဲ့ပါတယ္။

အရင္ကလည္း ဒီေရွ႕ကေန အၾကိမ္ၾကိမ္ ျဖတ္သြားခဲ့ဖူးပါတယ္။

အဲဒီတုန္းကေတာ့ မ်က္ႏွာစာကိုပဲၾကည့္ျပီး ပင္လယ္ရႈခင္းေတြ ပိုင္ဆိုင္ထားေပမယ့္ လူမေနေတာ့တဲ့ စိတ္ဝင္စားစရာ အိမ္ၾကီးလို႔ပဲ ေတြးခဲ့မိတယ္။

မ်က္ႏွာစာရဲ႕ ဖမ္းစားမႈကို ခဏေလာက္ပဲၾကည့္ရင္ေတာ့ လူေနလို႔ရတဲ့ အေဆာက္အအံုလို႔ ထင္စရာပါ။ ကၽြန္မလည္း ဒီအိမ္ၾကီးအေၾကာင္း စံုစမ္းခ်င္တာနဲ႔ ေဘးအိမ္ကလူေတြဆီသြားခဲ့ပါတယ္။

သူက..ဟုတ္ပါတယ္။ ကၽြန္ေတာ္သိတာေပါ့။ ဒီအိမ္က နံရံတံတိုင္းတစ္ခုသာသာပါပဲ။ ဒါေပမယ့္ ဒီမွာလာလာေနတဲ့သူေတြ ရွိတတ္တယ္..လို႔ ေျပာပါတယ္” ဟု ေရးသားေဖာ္ျပခဲ့သည္။

ထို႔အျပင္ ေဘးအိမ္တြင္ ေနထိုင္သူက ဆက္လက္ေျပာၾကားရာတြင္ အဆိုပါအိမ္သည္ ကမၻာေပၚတြင္ အပါးလႊာဆံုးအေဆာက္အအံု ျဖစ္တန္ရာေခ်ရွိေၾကာင္း၊ ယခင္က ျပည့္တန္ဆာမ်ား က်က္စားရာေနရာျဖစ္ခဲ့ျပီး ေနာက္ပိုင္းတြင္ စစ္ေျပးဒုကၡသည္မ်ား ဝင္ေရာက္ေနထိုင္ၾကေၾကာင္းလည္း ေျပာၾကားသည္။

ဆန္ဒရာ၏ ေလ့လာခ်က္အရ ေနအိမ္၏ အက်ယ္ဆံုးေနရာတြင္ ၄ မီတာခန္႔ရွိျပီး အက်ဥ္းဆံုးေနရာတြင္ ၆၀ စင္တီမီတာသာ ရွိသည္ဟု ဆိုသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

သင်၏ မွေးချင်းတစ်ဦးထံမှ ငွေတစ်သိန်းမျှ ချေးကြည့်ပါ။ ထိုအခါ လွန်ခဲ့သော ၃ လအတွင်း သင်သူ့အပေါ် ပြုမူခဲ့သည့် မကောင်းကွက်များအားလုံးကို ပြန်ပြောင်းပြောပြပါတော့မည်။

ဤသည်ကား တအူတုံဆင်း မွေးချင်းများ ပင်တည်း။

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှ အမျိုးသားတစ်ဦးကမူ မိဘများထံမှ အမွေရသော မြေနေရာတွင် အဆောက်အအုံတစ်ခု ဆောက်လုပ်နေသော အစ်ကိုဖြစ်သူအပေါ် များစွာမျက်မုန်းကျိုး အမျက်ထွက်နေခဲ့သည်။

ထို့ကြောင့် သူ့ဘက်ကလည်း သူလုပ်နိုင်သည့်အလုပ်တစ်ခုကို အကောင်အထည်ဖော်လိုက်၏။

အစ်ကို၏ နေအိမ်ရှေ့တွင် နေအိမ်တစ်လုံး ဆောက်လုပ်လိုက်ခြင်းဖြစ်သည်။

အစ်ကိုဖြစ်သူနှင့် အိမ်နီးချင်းအဖြစ် နေထိုင်နိုင်အောင် ဆောက်လုပ်ခြင်းကား မဟုတ်ချေ။

အဆိုပါနေအိမ်မှာ လူနေ၍ မရနိုင်လောက်အောင် ကျဉ်းမြောင်းလှသည်။

အကုန်အကျသက်သာရန်နှင့် အစ်ကိုဖြစ်သူအား ပင်လယ်ရှုမျှော်ခင်းမမြင်ရရန် ရည်ရွယ်ချက်ဖြစ်သည်။

အဆိုပါ ညီအစ်ကိုနှစ်ဦး၏ မသင့်မြတ်သော ဇာတ်လမ်းကို ဘေရွတ်မြို့၊ မာနာရာဒေသခံများ သိကြသည်။

ညီအစ်ကိုနှစ်ဦးက ယင်းနေအိမ်များကို ၁၉၅၀ ပြည့်လွန်ကာလများအတွင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ညီဖြစ်သူ၏ နေအိမ်မှာ လူနေ၍ မရအောင် ကျဉ်းမြောင်းလှရာ အဆောက်အအုံမှာ တန်ဖိုးမဲ့ခဲ့ရ၏။

ညီဖြစ်သူက အဆောက်အအုံ၏ အမည်ကို အာရပ်ဘာသာအားဖြင့် အယ်လ် ဘာဆာဟု အမည်ပေးခဲ့ပြီး ရန်ငြိုးဟု အဓိပ္ပာယ်ရသည်။

ယင်းညီအစ်ကို၏ အဖြစ်အပျက်များကို ကမ္ဘာ့ပြည်သူများသိရှိအောင် ထုတ်ဖော်တင်ပြလာသူမှာ ဗိသုကာပညာရှင် ဆန်ဒရာ ရီရှာနီဖြစ်ပြီး စာအုပ်တစ်အုပ်တွင် ထည့်သွင်းဖော်ပြရန် ဖြစ်သည်။

ဆန်ဒရာက ရှေ့မီနောက်မီဖြစ်သော သူမ၏ ဖခင်ကို မေးမြန်းခဲ့ရာမှ အဆိုပါညီအစ်ကိုများ၏ နာမည်ကျော်အဖြစ်အပျက်ကို သိရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။

ဆန်ဒရာက အာရပ်မဂ္ဂဇင်းတစ်ခုဖြစ်သော Jadaliyya တွင် ယင်းညီအစ်ကို၏ အဖြစ်အပျက်ကို ရေးသားခဲ့ရာ၌ “ကျွန်မဟာ အမြင့် ၁၄ မီတာလောက်ရှိပြီး အနံက ၁ မီတာတောင်မရှိတဲ့ အဆောက်အအုံကြီးကို ကိုယ်တိုင်သွားကြည့်ခဲ့ပါတယ်။

အရင်ကလည်း ဒီရှေ့ကနေ အကြိမ်ကြိမ် ဖြတ်သွားခဲ့ဖူးပါတယ်။

အဲဒီတုန်းကတော့ မျက်နှာစာကိုပဲကြည့်ပြီး ပင်လယ်ရှုခင်းတွေ ပိုင်ဆိုင်ထားပေမယ့် လူမနေတော့တဲ့ စိတ်ဝင်စားစရာ အိမ်ကြီးလို့ပဲ တွေးခဲ့မိတယ်။

မျက်နှာစာရဲ့ ဖမ်းစားမှုကို ခဏလောက်ပဲကြည့်ရင်တော့ လူနေလို့ရတဲ့ အဆောက်အအုံလို့ ထင်စရာပါ။ ကျွန်မလည်း ဒီအိမ်ကြီးအကြောင်း စုံစမ်းချင်တာနဲ့ ဘေးအိမ်ကလူတွေဆီသွားခဲ့ပါတယ်။

သူက..ဟုတ်ပါတယ်။ ကျွန်တော်သိတာပေါ့။ ဒီအိမ်က နံရံတံတိုင်းတစ်ခုသာသာပါပဲ။ ဒါပေမယ့် ဒီမှာလာလာနေတဲ့သူတွေ ရှိတတ်တယ်..လို့ ပြောပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် ဘေးအိမ်တွင် နေထိုင်သူက ဆက်လက်ပြောကြားရာတွင် အဆိုပါအိမ်သည် ကမ္ဘာပေါ်တွင် အပါးလွှာဆုံးအဆောက်အအုံ ဖြစ်တန်ရာချေရှိကြောင်း၊ ယခင်က ပြည့်တန်ဆာများ ကျက်စားရာနေရာဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်ပြေးဒုက္ခသည်များ ဝင်ရောက်နေထိုင်ကြကြောင်းလည်း ပြောကြားသည်။

ဆန်ဒရာ၏ လေ့လာချက်အရ နေအိမ်၏ အကျယ်ဆုံးနေရာတွင် ၄ မီတာခန့်ရှိပြီး အကျဉ်းဆုံးနေရာတွင် ၆၀ စင်တီမီတာသာ ရှိသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service