ညစ္ညမ္းဝတၳဳစာေရးဆရာ ပိုင္ဆိုင္ခဲ့ဖူးေသာ နယူးေယာက္ duplex ခန္း ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

ညစ္ညမ္းဝတၳဳစာေရးဆရာ ပိုင္ဆိုင္ခဲ့ဖူးေသာ နယူးေယာက္ duplex ခန္း ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
5 Nov 2019 10:39 am တွင် တင်ခဲ့သည်
2399 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ညစ္ညမ္းဝတၳဳစာေရးဆရာမ ကက္သလင္းဝင္ဆာ ပိုင္ဆိုင္ခဲ့ဖူးေသာ နယူးေယာက္ duplex ခန္း ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာေၾကာင္း နယူးေယာက္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

ကက္သလင္းဝင္ဆာသည္ ကမၻာ့အေရာင္းရဆံုး စာအုပ္တစ္အုပ္ျဖစ္ခဲ့ေသာ Forever Amber ကို ေရးသားခဲ့သူျဖစ္သည္။ Forever Amber ဝတၳဳကို 20th Century Fox ရုပ္ရွင္ကုမၸဏီက ဝယ္ယူခဲ့ကာ ကမၻာေက်ာ္ျဗိတိန္ရုပ္ရွင္မင္းသား Richard Greene ႏွင့္ ရိုက္ကူးခဲ့ကာ အေကာင္းဆံုးေတးဂီဆုအတြက္ ေအာ္စကာဆုဇကာတင္စာရင္းပင္ ဝင္ခဲ့သည္။

20th Century Fox ရုပ္ရွင္ကုမၸဏီက ရုပ္ရွင္ရိုက္ကူးရာတြင္လည္း ဝတၳဳအတိုင္းပင္ အမည္ေပးခဲ့ျပီး ၁၉၄၇ ခုႏွစ္တြင္ ထုတ္လုပ္ခဲ့သည္။

သို႔ရာတြင္ ကမၻာ့ႏိုင္ငံအမ်ားအျပားႏွင့္ ေဝဖန္ေရးဆရာအမ်ားစုကမူ ကက္သလင္းဝင္ဆာ၏ ဝတၳဳကို ညစ္ညမ္းစာေပအျဖစ္ သတ္မွတ္ထားျပီး အေမရိကန္ျပည္ေထာင္စုရွိ ျပည္နယ္ ၁၄ ခုတြင္ Forever Amber ဝတၳဳကို မေရာင္းခ်ရန္ ပိတ္ပင္ျခင္းခံရသည္။

Forever Amber ဝတၳဳသည္ ၁၇ ရာစု အဂၤလန္မိန္းမပ်ဳိတစ္ဦး၏ လိင္မႈဘဝအေတြ႔အၾကံဳမ်ားကို ပံုေဖာ္ေရးသားထားျခင္းျဖစ္သည္။

ေရာင္းခ်မည့္အခန္းတည္ေနရာမွာ နယူးေယာက္ျမိဳ႕၊ အေရွ႕ ၆၈ လမ္း၊ အမွတ္ ၁၁၆ ရွိ duplex ခန္း ျဖစ္သည္။ မူလက ကန္ေဒၚလာ ၅ ဒသမ ၉ သန္းသာ ေစ်းေခၚခဲ့ရာမွ ယခုေစ်းကြက္တင္ရာတြင္ ကန္ေဒၚလာ ၆ ဒသမ ၂၅ သန္းသို႔ ေစ်းႏႈန္းျမွင့္တင္ လိုက္သည္ကို ေတြ႔ရသည္။

အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၃ ခန္းခြဲပါေသာ အခန္းကို မူလက ပိုင္ဆိုင္ခဲ့သူမွာ ဗိသုကာပညာရွင္၊ ဖက္ရွင္သမား ဆရီနာ ရိုင္းလန္ဒါ စတီးဝါ့ထ္ျဖစ္သည္။

ဆရီနာက အဆိုပါအခန္းကို စာေရးဆရာမ ကက္သလင္း ဝင္ဆာထံမွ ၂၀၀၄ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ဆရီနာ ရိုင္းလန္ဒါ စတီးဝါ့ထ္က ယင္း duplex ခန္းကို ၂၀၁၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၃ ဒသမ ၈ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ျပီး တစ္လလွ်င္ ထိန္းသိမ္းစရိတ္ ကန္ေဒၚလာ ၈၃၄၈ ခန္႔ ကုန္က်သည္ဟု ဆိုသည္။

အခန္းမွ ၾကည့္လွ်င္ သမိုင္းဝင္အေဆာက္အအံုၾကီးတစ္ခုျဖစ္ေသာ ပန္းျခံရိပ္သာလက္နက္တိုက္ (Park Avenue Armory) ၏ အမိုးမ်ားကို စီးမိုးေတြ႔ျမင္ေနရသည္။

အခန္းေနရာမွ အဝင္ခန္းမ၊ ဧည့္သည္မ်ားအတြက္ ေရအိမ္ႏွင့္ အဝတ္အစားထားသို ခန္းမ်ားရွိရာသို႔ ေလွကားၾကီးတစ္ခုမွတဆင့္ေရာက္ရွိႏိုင္သည္။

အဝင္ခန္းမႏွင့္ ကပ္လ်က္တြင္ သမားရိုးက် စာအုပ္စင္မ်ား ပါဝင္ေသာ စာၾကည့္တိုက္၊ အရက္ဘားတို႔ရွိရာသို႔ ေရာက္ရွိႏိုင္ျပီး ေအာက္ဘက္တြင္မူ ထင္းသံုးမီးလင္းဖိုၾကီးတစ္ခု ပါဝင္သည့္ ၾကီးမားေသာ ဧည့္ခန္းၾကီးသို႔ ေရာက္ရွိႏိုင္သည္။

ေနာက္ဘက္ကြက္လပ္ကို စီးမိုးေတြ႔ျမင္ရသည့္ formal ညစာစားခန္းတစ္ခု၊ ပတၱာသံုး ျပတင္းေပါက္မ်ား၊ စားေသာက္ရန္ ေနရာႏွင့္ တြဲဖက္ထားသည့္ မီးဖိုေဆာင္တို႔လည္း ပါဝင္သည္။

Millan House အေဆာက္အအံုၾကီးကို ဂၽြန္ဒီ- ေရာ့ခ္ဖဲလား ဂ်ဴနီယာက ၁၉၃၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အေရွ႕ ၆၇ လမ္း၊ အမွတ္ ၁၁၅ ႏွင့္ အေရွ႕ ၆၈ လမ္း၊ အမွတ္ ၁၁၆ ဟူ၍ အေဆာက္အအံု ၂ ခု ပါဝင္ျပီး ပူးတြဲပိုင္ဆိုင္သည့္ ပန္းဥယ်ာဥ္တစ္ခု ပါဝင္သည္။

ေစ်းကြက္တင္ေပးသည့္ အက်ဳိးေဆာင္မ်ားမွာ Brown Harris Stevens ကုမၸဏီမွ ဖရစ္ဇီ ကာေလာ့ပ္၊ အာမန္ဒါ ဘရိုင္းနာ့ဒ္ႏွင့္ ဂ်ရတ္ ရိုင္ယန္တို႔ျဖစ္ၾကသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ညစ်ညမ်းဝတ္ထုစာရေးဆရာမ ကက်သလင်း ဝင်ဆာ ပိုင်ဆိုင်ခဲ့ဖူးသော နယူးယောက် duplex ခန်း ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကက်သလင်းဝင်ဆာသည် ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ခဲ့သော Forever Amber ကို ရေးသားခဲ့သူဖြစ်သည်။ Forever Amber ဝတ္ထုကို 20th Century Fox ရုပ်ရှင်ကုမ္ပဏီက ဝယ်ယူခဲ့ကာ ကမ္ဘာကျော်ဗြိတိန်ရုပ်ရှင်မင်းသား Richard Greene နှင့် ရိုက်ကူးခဲ့ကာ အကောင်းဆုံးတေးဂီဆုအတွက် အော်စကာဆု ဇကာတင်စာရင်းပင် ဝင်ခဲ့သည်။

20th Century Fox ရုပ်ရှင်ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူးရာတွင်လည်း ဝတ္ထုအတိုင်းပင် အမည်ပေးခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။

သို့ရာတွင် ကမ္ဘာ့နိုင်ငံအများအပြားနှင့် ဝေဖန်ရေးဆရာအများစုကမူ ကက်သလင်းဝင်ဆာ၏ ဝတ္ထုကို ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၁၄ ခုတွင် Forever Amber ဝတ္ထုကို မရောင်းချရန် ပိတ်ပင်ခြင်းခံရသည်။

Forever Amber ဝတ္ထုသည် ၁၇ ရာစု အင်္ဂလန်မိန်းမပျိုတစ်ဦး၏ လိင်မှုဘဝအတွေ့အကြုံများကို ပုံဖော်ရေးသားထားခြင်းဖြစ်သည်။

ရောင်းချမည့်အခန်းတည်နေရာမှာ နယူးယောက်မြို့၊ အရှေ့ ၆၈ လမ်း၊ အမှတ် ၁၁၆ ရှိ duplex ခန်း ဖြစ်သည်။ မူလက ကန်ဒေါ်လာ ၅ ဒသမ ၉ သန်းသာ ဈေးခေါ်ခဲ့ရာမှ ယခုဈေးကွက်တင်ရာတွင် ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းသို့ ဈေးနှုန်းမြှင့်တင် လိုက်သည်ကို တွေ့ရသည်။

အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းခွဲပါသော အခန်းကို မူလက ပိုင်ဆိုင်ခဲ့သူမှာ ဗိသုကာပညာရှင်၊ ဖက်ရှင်သမား ဆရီနာ ရိုင်းလန်ဒါ စတီးဝါ့ထ်ဖြစ်သည်။

ဆရီနာက အဆိုပါအခန်းကို စာရေးဆရာမ ကက်သလင်း ဝင်ဆာထံမှ ၂၀၀၄ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆရီနာ ရိုင်းလန်ဒါ စတီးဝါ့ထ်က ယင်း duplex ခန်းကို ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ပြီး တစ်လလျှင် ထိန်းသိမ်းစရိတ် ကန်ဒေါ်လာ ၈၃၄၈ ခန့် ကုန်ကျသည်ဟု ဆိုသည်။

အခန်းမှ ကြည့်လျှင် သမိုင်းဝင်အဆောက်အအုံကြီးတစ်ခုဖြစ်သော ပန်းခြံရိပ်သာလက်နက်တိုက် (Park Avenue Armory) ၏ အမိုးများကို စီးမိုးတွေ့မြင်နေရသည်။

အခန်းနေရာမှ အဝင်ခန်းမ၊ ဧည့်သည်များအတွက် ရေအိမ်နှင့် အဝတ်အစားထားသို ခန်းများရှိရာသို့ လှေကားကြီးတစ်ခုမှတဆင့်ရောက်ရှိနိုင်သည်။

အဝင်ခန်းမနှင့် ကပ်လျက်တွင် သမားရိုးကျ စာအုပ်စင်များ ပါဝင်သော စာကြည့်တိုက်၊ အရက်ဘားတို့ရှိရာသို့ ရောက်ရှိနိုင်ပြီး အောက်ဘက်တွင်မူ ထင်းသုံးမီးလင်းဖိုကြီးတစ်ခု ပါဝင်သည့် ကြီးမားသော ဧည့်ခန်းကြီးသို့ ရောက်ရှိနိုင်သည်။

နောက်ဘက်ကွက်လပ်ကို စီးမိုးတွေ့မြင်ရသည့် formal ညစာစားခန်းတစ်ခု၊ ပတ္တာသုံး ပြတင်းပေါက်များ၊ စားသောက်ရန် နေရာနှင့် တွဲဖက်ထားသည့် မီးဖိုဆောင်တို့လည်း ပါဝင်သည်။

Millan House အဆောက်အအုံကြီးကို ဂျွန်ဒီ- ရော့ခ်ဖဲလား ဂျူနီယာက ၁၉၃၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အရှေ့ ၆၇ လမ်း၊ အမှတ် ၁၁၅ နှင့် အရှေ့ ၆၈ လမ်း၊ အမှတ် ၁၁၆ ဟူ၍ အဆောက်အအုံ ၂ ခု ပါဝင်ပြီး ပူးတွဲပိုင်ဆိုင်သည့် ပန်းဥယျာဉ်တစ်ခု ပါဝင်သည်။

ဈေးကွက်တင်ပေးသည့် အကျိုးဆောင်များမှာ Brown Harris Stevens ကုမ္ပဏီမှ ဖရစ်ဇီ ကာလော့ပ်၊ အာမန်ဒါ ဘရိုင်းနာ့ဒ်နှင့် ဂျရတ် ရိုင်ယန်တို့ဖြစ်ကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service