တရုတ္ျပည္၏ ႏိုင္ငံပိုင္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီၾကီး CITIC Group က ေပက်င္းျမိဳ႕တြင္ အျမင့္မားဆံုးျဖစ္ေသာ CITIC တာဝါ မိုးေမွ်ာ္တိုက္ၾကီးကို ၈ ႏွစ္ၾကာ ေဆာက္လုပ္ခဲ့ျပီးေနာက္ ဖြင့္လွစ္လိုက္ျပီ

တရုတ္ျပည္၏ ႏိုင္ငံပိုင္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီၾကီး CITIC Group က ေပက်င္းျမိဳ႕တြင္ အျမင့္မားဆံုးျဖစ္ေသာ CITIC တာဝါ မိုးေမွ်ာ္တိုက္ၾကီးကို ၈ ႏွစ္ၾကာ ေဆာက္လုပ္ခဲ့ျပီးေနာက္ ဖြင့္လွစ္လိုက္ျပီ - Property News in Myanmar from iMyanmarHouse.com
18 Oct 2019 11:32 am တွင် တင်ခဲ့သည်
1243 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

၁၉၇၉ ခုႏွစ္တြင္ တရုတ္ေခါင္းေဆာင္ၾကီး တိန္႔ေရွာင္ဖိန္၏ လမ္းညႊန္ခ်က္ျဖင့္ စတင္တည္ေထာင္ခဲ့ေသာ တရုတ္ျပည္၏ ႏိုင္ငံပိုင္ ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီၾကီး CITIC Group သည္ ေပက်င္းျမိဳ႕တြင္ အျမင့္မားဆံုးျဖစ္ေသာ CITIC တာဝါကို ၈ ႏွစ္ၾကာ ေဆာက္လုပ္ခဲ့ျပီးေနာက္ ဖြင့္လွစ္လိုက္ျပီျဖစ္ေၾကာင္း ရွန္ဟိုင္းအေျခစိုက္ အိမ္ျခံေျမသတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

China Zun ဟူေသာ အမည္ျဖင့္လည္း လူသိမ်ားေသာ အဆိုပါမိုးေမွ်ာ္တိုက္ၾကီးသည္ အျမင့္ ၅၂၈ မီတာ (၁၇၃၂ ေပ) ျမင့္မားျပီး ေပက်င္း၏ အျမင့္မားဆံုးျဖစ္လာကာ ဒုတိယေျမာက္ အျမင့္မားဆံုးျဖစ္ေသာ China World Trade Centre ၏ တာဝါ (၃) မွာ ၃၃၀ မီတာသာ ျမင့္မားရာ မီတာ ၂၀၀ နီးပါး ပိုမိုျမင့္မားေၾကာင္း အေဆာက္အအံုၾကီးကို ဒီဇိုင္းေရးဆြဲေပးခဲ့သည့္ အေမရိကန္ဗိသုကာအဖြဲ႔ Kohn Pedersen Fox (KPF) ၏ ထုတ္ျပန္ခ်က္တစ္ရပ္အရ သိရသည္။

အထပ္ေပါင္း ၁၀၈ ထပ္ျမင့္မားေသာ CITIC တာဝါၾကီးသည္ တရုတ္ျပည္တြင္ စတုတၳေျမာက္ အျမင့္မားဆံုးျဖစ္ျပီး တစ္ကမၻာလံုး အတိုင္းအတာအားျဖင့္ နံပါတ္ ၈ ေနရာတြင္ ရပ္တည္ေနသည္။

တာဝါၾကီး တရားဝင္ ဖြင့္လွစ္ေသာ အခမ္းအနားကို ေအာက္တိုဘာလ ၁ ရက္တြင္ အေဆာက္အအံုမ်က္ႏွာစာ၌ မီးေရာင္စံုမ်ား ထြန္းလင္းျခင္းအားျဖင့္ ဖြင့္လွစ္ခဲ့ျပီး ထိုေန႔သည္ တရုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္သည့္ ႏွစ္ေပါင္း ၇၀ ျပည့္ေျမာက္ေသာ အထိမ္းအမွတ္ေန႔လည္း ျဖစ္သည္။

က်ယ္ဝန္းေသာ အေဆာက္အအံုေအာက္ေျခႏွင့္ က်ဥ္းေျမာင္းသြားေသာ ေဘးနံရံတို႔ျဖင့္ ပန္းအိုးအသြင္ပံုေဖာ္ထားေသာ တာဝါဒီဇိုင္းမွာ တရုတ္ရိုးရာဝတ္ျပဳရာတြင္ အသံုးျပဳေသာ “ဇြန္” ဟုေခၚသည့္ ေရွးေဟာင္း ပန္းအိုးတစ္မ်ဳိးမွ စိတ္ကူးစိတ္သန္းရခဲ့ျခင္းျဖစ္ေၾကာင္း Kohn Pedersen Fox (KPF) ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

“CITIC တာဝါအတြက္ KPF ရဲ႕ ေမွ်ာ္မွန္းခ်က္ပန္းတိုင္ကေတာ့ သမိုင္းဝင္ျမိဳ႕ေတာ္ၾကီးနဲ႔ သဟဇာတျဖစ္မယ့္ ဗဟိုစီးပြားေရးအခ်က္အျခာ ေနရာသစ္တစ္ခု ဖန္တီးေပးဖို႔အျပင္ ေခတ္ျပိဳင္ဗိသုကာကိုလည္း ေဖာ္ထုတ္ေပးဖို႔ျဖစ္ပါတယ္”ဟု KPF မွ ဒီဇိုင္းဒါရိုက္တာ လီလိုင္းက ေျပာၾကားသည္။

ပန္းအိုးပံုသ႑ာန္ ပံုေဖာ္ထားျခင္းေၾကာင့္ အလွေဗဒအရအျပင္ အသံုးဝင္မႈပိုင္းတြင္လည္း အားေကာင္းေစမည္သာမက ေအာက္ေျခကို က်ယ္ျပန္႔စြာ ေဆာက္လုပ္ထားျခင္းေၾကာင့္ ငလ်င္ဇုန္အတြင္း တည္ရွိေနေသာမိုးေမွ်ာ္တိုက္ၾကီးကို တည္ျငိမ္ၾကံ႕ခိုင္မႈလည္း ေပးစြမ္းမည္ျဖစ္ေၾကာင္း အဆိုပါဗိသုကာပညာရွင္က ရွင္းျပသည္။

ထိပ္ဆံုး ၃ ထပ္တြင္ ရႈခင္းၾကည့္ရန္ေနရာႏွင့္ အစည္းအေဝးခန္းမမ်ား ထားရွိေပးထားျပီး ေျမေအာက္ထပ္ ၇ ထပ္အထိပါဝင္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

၁၉၇၉ ခုနှစ်တွင် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ လမ်းညွှန်ချက်ဖြင့် စတင်တည်ထောင်ခဲ့သော တရုတ်ပြည်၏ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး CITIC Group သည် ပေကျင်းမြို့တွင် အမြင့်မားဆုံးဖြစ်သော CITIC တာဝါကို ၈ နှစ်ကြာ ဆောက်လုပ်ခဲ့ပြီးနောက် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

China Zun ဟူသော အမည်ဖြင့်လည်း လူသိများသော အဆိုပါမိုးမျှော်တိုက်ကြီးသည် အမြင့် ၅၂၈ မီတာ (၁၇၃၂ ပေ) မြင့်မားပြီး ပေကျင်း၏ အမြင့်မားဆုံးဖြစ်လာကာ ဒုတိယမြောက် အမြင့်မားဆုံးဖြစ်သော China World Trade Centre ၏ တာဝါ (၃) မှာ ၃၃၀ မီတာသာ မြင့်မားရာ မီတာ ၂၀၀ နီးပါး ပိုမိုမြင့်မားကြောင်း အဆောက်အအုံကြီးကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် အမေရိကန်ဗိသုကာအဖွဲ့ Kohn Pedersen Fox (KPF) ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

အထပ်ပေါင်း ၁၀၈ ထပ်မြင့်မားသော CITIC တာဝါကြီးသည် တရုတ်ပြည်တွင် စတုတ္ထမြောက် အမြင့်မားဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် နံပါတ် ၈ နေရာတွင် ရပ်တည်နေသည်။

တာဝါကြီး တရားဝင် ဖွင့်လှစ်သော အခမ်းအနားကို အောက်တိုဘာလ ၁ ရက်တွင် အဆောက်အအုံ မျက်နှာစာ၌ မီးရောင်စုံများ ထွန်းလင်းခြင်းအားဖြင့် ဖွင့်လှစ်ခဲ့ပြီး ထိုနေ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် နှစ်ပေါင်း ၇၀ ပြည့်မြောက်သော အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။

ကျယ်ဝန်းသော အဆောက်အအုံအောက်ခြေနှင့် ကျဉ်းမြောင်းသွားသော ဘေးနံရံတို့ဖြင့် ပန်းအိုးအသွင်ပုံဖော်ထားသော တာဝါဒီဇိုင်းမှာ တရုတ်ရိုးရာ ဝတ်ပြုရာတွင် အသုံးပြုသော “ဇွန်” ဟုခေါ်သည့် ရှေးဟောင်း ပန်းအိုးတစ်မျိုးမှ စိတ်ကူးစိတ်သန်းရခဲ့ခြင်းဖြစ်ကြောင်း Kohn Pedersen Fox (KPF) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“CITIC တာဝါအတွက် KPF ရဲ့ မျှော်မှန်းချက်ပန်းတိုင်ကတော့ သမိုင်းဝင်မြို့တော်ကြီးနဲ့ သဟဇာတဖြစ်မယ့် ဗဟိုစီးပွားရေးအချက်အခြာ နေရာသစ်တစ်ခု ဖန်တီးပေးဖို့အပြင် ခေတ်ပြိုင်ဗိသုကာကိုလည်း ဖော်ထုတ်ပေးဖို့ဖြစ်ပါတယ်”ဟု KPF မှ ဒီဇိုင်းဒါရိုက်တာ လီလိုင်းက ပြောကြားသည်။

ပန်းအိုးပုံသဏ္ဍာန် ပုံဖော်ထားခြင်းကြောင့် အလှဗေဒအရအပြင် အသုံးဝင်မှုပိုင်းတွင်လည်း အားကောင်းစေမည်သာမက အောက်ခြေကို ကျယ်ပြန့်စွာ ဆောက်လုပ်ထားခြင်းကြောင့် ငလျင်ဇုန်အတွင်း တည်ရှိနေသော မိုးမျှော်တိုက်ကြီးကို တည်ငြိမ်ကြံ့ခိုင်မှုလည်း ပေးစွမ်းမည်ဖြစ်ကြောင်း အဆိုပါဗိသုကာပညာရှင်က ရှင်းပြသည်။

ထိပ်ဆုံး ၃ ထပ်တွင် ရှုခင်းကြည့်ရန်နေရာနှင့် အစည်းအဝေးခန်းမများ ထားရှိပေးထားပြီး မြေအောက်ထပ် ၇ ထပ်အထိ ပါဝင်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...

ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...

ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...

အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းမျှဖြင့် ရောင်းမည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
ဘီလျံနာသူဌေးကြီးများက ၎င်းတို့၏ သားသမီး မြေးများအား ပေးခဲ့သည့် တန်ဖိုးကြီးလက်ဆောင်များ
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
mya-villa
pan-swal-taw

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service