နိုဝင်ဘာ ၁၁ တွင် ကျရောက်မည့် ချစ်သူ၊ အိမ်ထောင်ဖက်မရှိသူများနေ့တွင် JD.Com က အိမ်ခြံမြေ developer ၂၀၀ ခန့်နှင့် ပူးပေါင်းကာ လူနေအိမ်များကို ဈေးကွက်တန်ကြေးအောက် ထက်ဝက်ချကာ ရောင်းချပေးမည်
နိုဝင်ဘာ ၁၁ တွင် ကျရောက်မည့် ချစ်သူ၊ အိမ်ထောင်ဖက်မရှိသူများနေ့တွင် JD.Com က အိမ်ခြံမြေ developer ၂၀၀ ခန့်နှင့် ပူးပေါင်းကာ လူနေအိမ်များကို ဈေးကွက်တန်ကြေးအောက် ထက်ဝက်ချကာ ရောင်းချပေးမည် - Property News in Myanmar from iMyanmarHouse.com
17 Oct 2019 11:52 am တွင် တင်ခဲ့သည်
974 ကြိမ် ကြည့်ရှု့ပြီး
### Zawgyi Version ###
### Unicode Version ###
နိုဝင်ဘာ ၁၁ တွင် ကျရောက်မည့် ချစ်သူ၊ အိမ်ထောင်ဖက်မရှိသူများနေ့ (Singles Day) အထိမ်းအမှတ်အဖြစ် တရုတ် အွန်လိုင်းဈေးရောင်းထိပ်သီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် JD.Com က တရုတ်အိမ်ခြံမြေ developer ၂၀၀ ခန့်နှင့် ပူးပေါင်းကာ လူနေအိမ်များကို ဈေးကွက်တန်ကြေးအောက် ထက်ဝက်ချကာ ရောင်းချပေးသွားရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ပြီးခဲ့သော သီတင်းပတ်က ရှန်ဟိုင်းတွင် ကျင်းပခဲ့သော JD.com ၏ ပထမဆုံး နည်းပညာနှင့်အိမ်ခြံမြေထိပ်သီးအစည်းအဝေးတွင် ယခုအစီအစဉ်ကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်တွင် Single များနေ့ဟု နာမည်ကျော်သော ၁ လေးလုံးပါသည့် ၁၁ လပိုင်း ၁၁ ရက်နေ့တွင် အထူးလျှော့ဈေးအနေဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ပြည်မကြီးရှိ မြို့ပေါင်း ၇၀ မှ နေအိမ်များကို ရောင်းချပေးသွားမည် ဖြစ်သည်။
စုစုပေါင်း ယွမ်ငွေ သန်း ၃၀၀ (ကန်ဒေါ်လာ ၄၂ ဒသမ ၃၇ သန်း) ကျော်တန်ဖိုးရှိ လူနေအိမ်ပေါင်း ၆၀၀၀ ကို ပေါက်ဈေးအောက် ထက်ဝက်အထိ (၅၀ ရာခိုင်နှုန်း) ဈေးလျှော့ ရောင်းချပေးမည်ဟု JD.com က ထုတ်ပြန်ထားသည်။
ရစ်ချတ် လျူချန်းဒေါင် တည်ထောင်ထားသော JD.com သည် ၎င်း၏ ဝက်ဘ်ဆိုက်တွင် အိမ်ခြံမြေကြော်ငြာများ တင်ကြသည့် developer တို့ကို ပိုမိုအကူအညီပေးနိုင်ရန် ရည်ရွယ်ကာ offline အရောင်းဌာနများလည်း ဖွင့်လှစ်သွားရန် စီစဉ်နေသည်။
JD က တရုတ်ပြည်၏ Single များနေ့တွင် မည်သည့်နေအိမ်များကို ရောင်းချပေးမည်နှင့် စပ်လျဉ်းပြီး အသေးစိတ် အချက်အလက်များ ထုတ်ပြန်ကြေညာထားခြင်းကား မရှိသေးချေ။
တရုတ်ပြည်၏ Single များနေ့ ဈေးရောင်းပွဲတော်ကို စတင်လုပ်ဆောင်ခဲ့သည်မှာ JD ၏ အကြီးမားဆုံး ပြည်တွင်းပြိုင်ဖက် Alibaba မှ ဖြစ်သည်။
လက်ရှိအားဖြင့် အမေရိကန်ပြည်တွင် ကျင်းပကြသော Black Friday နေ့ (နိုဝင်ဘာလ၏ နောက်ဆုံးကြာသပတေးနေ့) သည် ကမ္ဘာ့အကြီးမားဆုံး ဈေးဝယ်ပွဲတော်နေ့အဖြစ် ရပ်တည်နေသည်။
တရုတ်ပြည်၏ Single များနေ့ကို မူလက လူပျိုများနေ့ (Bachelors' Day) ဟု ကျင်းပခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ကျား၊ မ ၂ ရပ်လုံးအတွက် ကျယ်ပြန့်စွာ အသုံးပြုလာကြသည်။
တရုတ်ပြည်၏ Single များနေ့ စတင်ပေါ်ပေါက်ခဲ့သည်မှာ ၁၉၉၃ ခုနှစ်တွင် ဖြစ်ပြီး နန်ကျင်းတက္ကသိုလ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် နန်ကျင်းရှိ အခြားတက္ကသိုလ်များစွာသို့ ပျံ့နှံ့သွားသည်။
Single များနေ့ ကျင်းပသော နိုဝင်ဘာ ၁၁ ရက်သည် ၁၁ လပိုင်း၊ ၁၁ ရက်နေ့ ဖြစ်ခြင်းကြောင့် ၁ ဂဏန်း ၄ လုံးပါဝင်ကား Single ၄ ဦးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
ယနေ့ကာလတွင် Single များနေ့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး offline နှင့် online ဈေးရောင်းပွဲတော်နေ့ ဖြစ်လာသည်။
၂၀၁၇ ခုနှစ် Single များနေ့အတွင်း Alibaba တွင် ဈေးဝယ်သူများသည် ယွမ်ငွေ ၁၆၈ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၂၅ ဒသမ ၄ ဘီလီယံ) သုံးစွဲခဲ့ကြသည်။
JD.com ကလည်း ၁၁ ရက်ကြာ ဈေးရောင်းပွဲတော် ကျင်းပခဲ့ပြီး ကန်ဒေါ်လာ ၁၉ ဒသမ ၁ ဘီလီယံဖိုးအထိ ရောင်းချခဲ့ရရာ ၂၀၁၇ ခုနှစ် Single များနေ့အတွင်း တရုတ်ပြည်တွင် ကန်ဒေါ်လာ ၄၄ ဒသမ ၅ ဘီလီယံဖိုးအထိ ဈေးဝယ်ခဲ့ကြခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service