
ရန်ကုန်မြို့သစ် စီမံကိန်း၏ မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ် - Property News in Myanmar from iMyanmarHouse.com
10 Oct 2019 10:58 am တွင် တင်ခဲ့သည်
1514 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###




ဆက်လက်ပြီးဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းမှာ ၇ ဘီလီယံနီးနီး လျော်ပေးခဲ့ပြီး၊ယခု ဘီလီယံ ၃၀ ကျော် ထပ်လျော်ဖို့ပြင်ဆင်နေပြီး လာမည့် ဧပြီလမှာ ၂၀၀ ဘီလီယံလောက် လျော်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ် ကြောင်း၊မြေလျော်ကြေးပေးဖို့ ဘာကြောင့် လုပ်ရလဲဆိုလျှင် မြို့ပြဖြစ်သွားသည့် နေရာများမှာ မြေသည်မြို့မြေ ဖြစ်သွားခြင်းကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားသည့် နေရာများမှာ လယ်ပြန်စိုက်ရန် ပုံစံ(၇) ထုတ်ပေးမှုကို မလုပ်နိုင်သည့် နေရာများမှာ မြေလျော်ကြေးပေးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။




### Unicode Version ###

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်မြို့သစ်စီမံကိန်း၏ မူလမြေပိုင်ရှင်များသို့ မြေ ၂၀ ရာခိုင် နှုန်း ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘလုတ် ညွှန့်ကျေးရွာ၊ ခါတော်မီဘုန်းကြီးကျောင်းတိုက်ရှိ ရန်ကုန်မြို့သစ်စီမံကိန်း မြေနေရာပြန်လည်ချထားရေးလုပ်ငန်း အဖွဲ့ရုံး၌ ကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတတ်ရောက်ပြီး “ ဒီနေ့ဟာ ရန်ကုန်တိုင်းကြီးအတွက် အ လွန် မင်္ဂလာရှိတဲ့ နေ့တစ်နေ့လို့ ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အစီအစဉ်ထဲမှာ အရေး ကြီးသည့် စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ များစွာကို ကျော်ဖြတ်ဆောင်ရွက်နေရတဲ့ အရေးကြီးတဲ့ စီမံကိန်းကြီး တစ်ခုဖြစ်ပါတယ်’’ပြောသည်။

ယခုဆောင်ရွက်နေသည့် မြေသိမ်းအမိန့်အားလုံးသည် ပြည်ထောင်စုကနေထုတ်ပြန်ထားသည့် လုပ်ထုံး လုပ်နည်းနှင့်အညီ မိမိတို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအခြေအနေပေါ်ကနေ မူတည်ပြီး ဒီမြို့သစ်ကို ဆက်ပြီး အကောင်အထည် ဖော်နိုင်ဖို့ အတွက် ပြည်သူများနှင့် ထိတွေ့မှုများ ဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့ပေး မည့် မြေလျော်ကြေးက မြို့မြေဖြစ်ပြီး၊မြို့မြေနှင့် လယ်မြေဈေးနှုန်း ကွာခြားမှုသည် များစွားကြီးမားကြောင်း၊ လယ်မြေများ ပြန်မပေးနိုင်တော့သည့် အခြေအနေမှာ မြေလျော်ကြေးပေးနေခြင်းသည် မြို့ဖြစ်သွားသည့်အတွက် အခြေခံ အဆောက်အအုံ လမ်းများ၊ မီးများ၊ ရေများ လိုအပ်ကြောင်း၊ ဥပမာ ဒဂုံလေးမြို့နယ်ကို မြေသိမ်းခဲ့ကြောင်း၊ လျော်ကြေးပေးမှု တချို့နေရာများမှာ မရှိခဲ့သည့်အတွက် မိမိတို့ အခုလျော်ကြေးပေးနိုင်ဖို့ ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်ကပြောသည်။

ဆက်လက်ပြီးဝန်ကြီးချုပ်က ပြီးခဲ့သည့်ရက်ပိုင်းမှာ ရ ဘီလီယံနီးနီး လျော်ပေးခဲ့ပြီး၊ယခု ဘီလီယံ ၃၀ ကျော် ထပ်လျော်ဖို့ပြင်ဆင်နေပြီး လာမည့် ဧပြီလမှာ ၂၀၀ ဘီလီယံလောက် လျော်ပေးဖို့ ပြင်ဆင်ရမှာ ဖြစ် ကြောင်း၊မြေလျော်ကြေးပေးဖို့ ဘာကြောင့် လုပ်ရလဲဆိုလျှင် မြို့ပြဖြစ်သွားသည့် နေရာများမှာ မြေသည်မြို့မြေ ဖြစ်သွားခြင်းကြောင့် လယ်ပြန်စိုက်လို့မရတော့ကြောင်း၊ လယ်သိမ်းထားသည့် နေရာများမှာ လယ်ပြန်စိုက်ရန် ပုံစံ(၇) ထုတ်ပေးမှုကို မလုပ်နိုင်သည့် နေရာများမှာ မြေလျော်ကြေးပေးဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဝန်ကြီးဦးဟံထွန်း၊ ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန် ဦးစိုးလွင်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများက မူလမြေပိုင်ရှင်များအား မြေကွက် အမျိုး အစားအလိုက် ၂၀ ရာခိုင်နှုန်းဖြင့် တောင်သူ ၁၈၇ ဦး၏ ဧရိယာ ၁၅၁၄ ဧက အတွက် ယာယီမြေပေး မိန့်များ ပေးအပ်ခဲ့ကြသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service