ထိုင္းရင္းႏွီးျမႇဳပ္ႏွံသူမ်ား အပန္းေျဖအိမ္ၿခံေျမဘက္သို႔ ေျခဦးလွည့္

ထိုင္းရင္းႏွီးျမႇဳပ္ႏွံသူမ်ား အပန္းေျဖအိမ္ၿခံေျမဘက္သို႔ ေျခဦးလွည့္ - Property News in Myanmar from iMyanmarHouse.com
7 Oct 2019 10:01 am တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထိုင္းအိမ္ၿခံေျမေဈးကြက္ေအးေနစဥ္ ထိုင္းအပန္းေျဖေနရာမ်ားက အျမတ္အစြန္းေပၚမည့္ အိမ္ၿခံေျမရွာေဖြေနသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ မ်က္စိက်စရာျဖစ္လာေၾကာင္း CBRE ၏ အစီရင္ခံစာသစ္တစ္ေစာင္အရ သိရသည္။

လံုေလာက္ေသာေျမကြက္ရွားပါးမႈႏွင့္ ေျမေဈးျမင့္တက္မႈ၏ အက်ဳိးဆက္ျဖစ္ေသာ ဇိမ္ခံအိမ္မ်ားနည္းပါးမႈေၾကာင့္ Phuket ၊ Krabi ၊ Phang Nga ၊ Hua Hin ကဲ့သို႔ ေနရာမ်ားရွိ အိမ္ၿခံေျမမ်ား၏ ေရာင္းအားသည္ ၿပီးခဲ့သည့္ႏွစ္ႏွစ္ေက်ာ္သံုးႏွစ္အတြင္း တိုးတက္ေကာင္းမြန္လာသည္။

“ အခုေနာက္ပိုင္းမွာ ဝယ္လက္ေတြက အပန္းေျဖအိမ္ၿခံေျမေတြကို အပန္းေျဖဖို႔ရည္ရြယ္ခ်က္သက္သက္အတြက္ပဲ မဟုတ္ေတာ့ဘဲ ျပန္လည္အငွားခ်ၿပီး ဝင္ေငြရွာဖို႔အတြက္ပါ ၾကည့္ၿပီးဝယ္လာၾကပါတယ္။ ဒါေၾကာင့္ အငွားစီမံခန္႔ခြဲမႈပါတဲ့ စီမံကိန္းေတြကို လူေတြေျပာင္းလဲအာ႐ံုစိုက္လာၾကပါေတာ့တယ္။” ဟု CBRE Thailand ၏ မန္ေနဂ်င္းဒါ႐ိုက္တာ Aliwassa Pathnadabutr က ေျပာၾကားခဲ့သည္။

အဆင့္ျမင့္မွ ဇိမ္ခံအထိစီမံကိန္းမ်ား၏ေရာင္းအားသည္ ဆက္လက္ေကာင္းမြန္ေနေၾကာင္း သူမက ျဖည့္စြက္ေျပာၾကားခဲ့သည္။ အထူးသျဖင့္ ကမ္းနားပိုင္းအိမ္ၿခံေျမမ်ားႏွင့္ ocean-view အိမ္ၿခံေျမမ်ား ျဖစ္သည္။

Phuket ၊ Krabi ႏွင့္ Phang Nga ကဲ့သို႔ေသာ ထိုင္းအေနာက္ဘက္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ေနရာမ်ားတြင္ အေတာ္ေလးအဝယ္လိုက္ေၾကာင္း၊ အဘယ္ေၾကာင့္ဆုိေသာ္ ထိုေနရာမ်ားတစ္ေလွ်ာက္ကမ္းေျခမ်ားသည္ ပိုမိုျမင္ကြင္းလွပေၾကာင္း CBRE ဆန္းစစ္ေလ့လာသူမ်ားက မွတ္ခ်က္ျပဳခဲ့သည္။ ၎ေနရာမ်ားတြင္ အဆင့္ျမင့္စီမံကိန္းမ်ား၊ ထိပ္တန္းဟိုတယ္မ်ား၊ ထင္ရွားေသာ ခရီးသြားဆြဲေဆာင္ရာေနရာမ်ားႏွင့္ အရည္ေသြးျမင့္ခ်မ္းေျမ့သာယာဖြယ္အေဆာက္အအံုမ်ား ရွိေပသည္။

လြန္ခဲ့သည့္ဆယ္စုႏွစ္အနည္းငယ္အတြင္း Hua Hin တြင္ ေပၚေပါက္ခဲ့သည့္အိမ္ၿခံေျမအမ်ားစုသည္ ကမ္းနားပိုင္းအိမ္ၿခံေျမမ်ား မဟုတ္ေပ။ ထိုသို႔ ေရာင္းလိုအားနည္းသျဖင့္ ကမ္းနားပိုင္းအိမ္ၿခံေျမႏွင့္စီမံကိန္းသစ္မ်ားကို ေမးျမန္းစံုစမ္းမႈမ်ားႏွင့္ ေရာင္းအားတို႔အလြန္ေကာင္းလာေၾကာင္းလည္း CBRE ဆန္းစစ္ေလ့လာသူမ်ားက မွတ္ခ်က္ျပဳခဲ့သည္။

ဘန္ေကာက္ႏွင့္ အလွမ္းမေဝးလွေသာ Hua Hin သည္ ထိုင္းအိမ္ၿခံေျမရွာေဖြသူမ်ားအထူးသျဖင့္ အပန္းေျဖအိမ္ရွာေဖြသူမ်ားအၾကား လူႀကိဳက္မ်ားေသာေနရာတစ္ေနရာျဖစ္ေၾကာင္းလည္း သိရသည္။

ထိုင္းေျမယာႏွင့္အေဆာက္အအံုအခြန္သစ္က ေျမလြတ္ေျမ႐ိုင္းမ်ားအား အခြန္ ၀ ဒသမ ၃ ရာခုိင္ႏႈန္းမွ ၀ ဒသမ ၇ ရာခုိင္ႏႈန္းသို႔ တိုးျမႇင့္ေစဖြယ္ရွိေၾကာင္း ေဈးကြက္ေလ့လာသူမ်ားက ခန္႔မွန္းေနၾကစဥ္ ယခုကဲ့သို႔ အပန္းေျဖေနရာမ်ား၏ အေျခအေနတိုးတက္ေကာင္းမြန္မႈသတင္းထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ထိုင်းအိမ်ခြံမြေဈေးကွက်အေးနေစဉ် ထိုင်းအပန်းဖြေနေရာများက အမြတ်အစွန်းပေါ်မည့် အိမ်ခြံမြေရှာဖွေနေသည့် ရင်းနှီးမြှုပ်နှံသူများအတွက် မျက်စိကျစရာဖြစ်လာကြောင်း CBRE ၏ အစီရင်ခံစာသစ်တစ်စောင်အရ သိရသည်။

လုံလောက်သောမြေကွက်ရှားပါးမှုနှင့် မြေဈေးမြင့်တက်မှု၏ အကျိုးဆက်ဖြစ်သော ဇိမ်ခံအိမ်များနည်းပါးမှုကြောင့် Phuket ၊ Krabi ၊ Phang Nga ၊ Hua Hin ကဲ့သို့ နေရာများရှိ အိမ်ခြံမြေများ၏ ရောင်းအားသည် ပြီးခဲ့သည့်နှစ်နှစ်ကျော်သုံးနှစ်အတွင်း တိုးတက်ကောင်းမွန်လာသည်။

“ အခုနောက်ပိုင်းမှာ ဝယ်လက်တွေက အပန်းဖြေအိမ်ခြံမြေတွေကို အပန်းဖြေဖို့ရည်ရွယ်ချက်သက်သက်အတွက်ပဲ မဟုတ်တော့ဘဲ ပြန်လည်အငှားချပြီး ဝင်ငွေရှာဖို့အတွက်ပါ ကြည့်ပြီးဝယ်လာကြပါတယ်။ ဒါကြောင့် အငှားစီမံခန့်ခွဲမှုပါတဲ့ စီမံကိန်းတွေကို လူတွေပြောင်းလဲအာရုံစိုက်လာကြပါတော့တယ်။” ဟု CBRE Thailand ၏ မန်နေဂျင်းဒါရိုက်တာ Aliwassa Pathnadabutr က ပြောကြားခဲ့သည်။

အဆင့်မြင့်မှ ဇိမ်ခံအထိစီမံကိန်းများ၏ရောင်းအားသည် ဆက်လက်ကောင်းမွန်နေကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။ အထူးသဖြင့် ကမ်းနားပိုင်းအိမ်ခြံမြေများနှင့် ocean-view အိမ်ခြံမြေများ ဖြစ်သည်။

Phuket ၊ Krabi နှင့် Phang Nga ကဲ့သို့သော ထိုင်းအနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက်နေရာများတွင် အတော်လေးအဝယ်လိုက်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုနေရာများတစ်လျှောက်ကမ်းခြေများသည် ပိုမိုမြင်ကွင်းလှပကြောင်း CBRE ဆန်းစစ်လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။ ၎င်းနေရာများတွင် အဆင့်မြင့်စီမံကိန်းများ၊ ထိပ်တန်းဟိုတယ်များ၊ ထင်ရှားသော ခရီးသွားဆွဲဆောင်ရာနေရာများနှင့် အရည်သွေးမြင့်ချမ်းမြေ့သာယာဖွယ်အဆောက်အအုံများ ရှိပေသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း Hua Hin တွင် ပေါ်ပေါက်ခဲ့သည့်အိမ်ခြံမြေအများစုသည် ကမ်းနားပိုင်းအိမ်ခြံမြေများ မဟုတ်ပေ။ ထိုသို့ ရောင်းလိုအားနည်းသဖြင့် ကမ်းနားပိုင်းအိမ်ခြံမြေနှင့်စီမံကိန်းသစ်များကို မေးမြန်းစုံစမ်းမှုများနှင့် ရောင်းအားတို့အလွန်ကောင်းလာကြောင်းလည်း CBRE ဆန်းစစ်လေ့လာသူများက မှတ်ချက်ပြုခဲ့သည်။

ဘန်ကောက်နှင့် အလှမ်းမဝေးလှသော Hua Hin သည် ထိုင်းအိမ်ခြံမြေရှာဖွေသူများအထူးသဖြင့် အပန်းဖြေအိမ်ရှာဖွေသူများအကြား လူကြိုက်များသောနေရာတစ်နေရာဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းမြေယာနှင့်အဆောက်အအုံအခွန်သစ်က မြေလွတ်မြေရိုင်းများအား အခွန် ၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးမြှင့်စေဖွယ်ရှိကြောင်း ဈေးကွက်လေ့လာသူများက ခန့်မှန်းနေကြစဉ် ယခုကဲ့သို့ အပန်းဖြေနေရာများ၏ အခြေအနေတိုးတက်ကောင်းမွန်မှုသတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service