လယ္ယာေျမကို အေရာင္းအ၀ယ္လုပ္ရာမွာ တရား၀င္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ

လယ္ယာေျမကို အေရာင္းအ၀ယ္လုပ္ရာမွာ တရား၀င္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2019 1:38 pm တွင် တင်ခဲ့သည်
1770 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

### Zawgyi Version ###

ကၽြန္ေတာ္တို႔ေဒသမွာ လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအ၀ယ္လုပ္ေနတာ ဓေလ့တစ္ခုလိုျဖစ္ေနပါတယ္ ။ ပံုစံ ၇ ရိွသည္ျဖစ္ေစ ၊ မရိွသည္ျဖစ္ေစ အေရာင္းအ၀ယ္လုပ္တာ တရား၀င္ပါသလား။ လယ္ယာေျမကို အေရာင္းအ၀ယ္လုပ္ရာမွာ တရား၀င္ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုရင္ လယ္ယာေျမကို အရပ္စာခ်ဳပ္နဲ႔ အေရာင္းအ၀ယ္လုပ္ေနတာ တရား၀င္သလား၊ ပံုစံ ၇ ရွိ ရွိ မရွိ ရွိ လယ္ယာေျမကို အေရာင္းအ၀ယ္လုပ္လို႔ရသလားလို႔ ေမးလာရင္ ျပန္ေျဖရမဲ့ အေျဖက တိုတိုေလးပါဘဲ။ အရပ္စာခ်ဳပ္ျဖင့္ ေရာင္း၀ယ္ျခင္းသည္ တရားမ၀င္ပါ။ ပံုစံ ၇ မရွိသည့္ လယ္ယာေျမကို ေရာင္း၀ယ္လႊဲေျပာင္းခြင့္ မရွိပါလို႔ဘဲ ေျဖရပါမယ္။

လယ္ယာေျမေတြ ေရာင္း၀ယ္လႊဲေျပာင္းေနတာ မွန္ပါတယ္။ လယ္ယာေျမဥပေဒက လယ္ ယာေျမကို ေရာင္း၀ယ္ခြင့္ေပးတာမဟုတ္ဘဲ လယ္ယာေျမလုပ္ပိုင္ခြင့္ Right to Use the Farmland ကိုသာ လႊဲေျပာင္းေရာင္း၀ယ္ခြင့္ ေပးထားတာပါ။

လယ္ယာေျမလုပ္ပိုင္ခြင့္ တစ္နည္းဆိုေသာ္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ (ပံုစံ ၇) ရွိသူ၊ လယ္ယာေျမကို တရား၀င္လုပ္ပိုင္ခြင့္ရသူကသာ ၄င္းရရွိထားသည့္ လုပ္ပိုင္ခြင့္ကို လႊဲေျပာင္းေရာင္းခ်ႏိုင္တဲ့ အခြင့္အေရးရွိပါတယ္။

လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) မွာ ဒီလိုဆိုထားပါတယ္။

ပုဒ္မ ၉။ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ ေအာက္ပါအခြင့္အေရးမ်ားကို ရရွိေစရမည္။

(ခ) လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ လယ္ယာေျမကိုအားလံုးျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းျဖစ္ေစ၊ လုပ္ပိုင္ခြင့္အား သတ္မွတ္ထားေသာစည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ ႏွင့္ ေပးကမ္း ခြင့္ ရရွိေစရမည္။ သို႔ေသာ္ လုပ္ပိုင္ခြင့္အား ေရာင္း၊ ေပါင္၊ ငွား၊ လဲလွယ့္ ႏွင့္ ေပးကမ္း ျခင္း ေဆာင္ရြက္ရာတြင္ ပုဒ္မ ၁၂၊ ပုဒ္မခြဲ (ဂ) စည္းကမ္းခ်က္ကို လိုက္နာရပါမယ္။

ပုဒ္မ ၁၂။ လယ္ယာေျမလုပ္ပိုင္ခြင့္ ရရွိသူသည္ -

(ဂ) လယ္ယာေျမလုပ္ပိုင္ခြင့္ကို ေရာင္းခ်ျခင္း၊ ေပါင္ႏံွျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္း ႏွင့္ ေပးကမ္းျခင္းတို႔ကို ေဆာင္ရြက္သည့္အခါ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပံုတင္ခတို႔ကို ေပးေဆာင္၍ သက္ဆိုင္ရာ ၿမိဳ႕နယ္ ဦးစီးဌာနရံုးတြင္ မွတ္ပံုတင္ရမည္။

ပုဒ္မ ၉ ႏွင့္ ပုဒ္မ ၁၂ တို႔၏ အခ်ီးစကားရပ္က လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူသည္..လို႔ အစ ခ်ီထားသည့္အတြက္ အထက္ပါ ေရာင္း ေပါင္၊ ငွား၊ လဲ၊ ေပး ကိစၥရပ္ေတြကို ပံုစံ ၇ ရသူသာ လုပ္ပိုင္ခြင့္ရွိၿပီး ယင္းပုဂၢိဳလ္သည္ ပုဒ္မ ၁၂ (ဂ) အရ တံဆိပ္ခြန္ထမ္းေဆာင္သည့္ စာခ်ဳပ္ျဖင့္ စာခ်ဳပ္ဆို၍ ဦးစီးဌာနတြင္ မွတ္ပံုတင္ရမွာ ျဖစ္ပါတယ္။

ပုဒ္မ ၉ ပါ အခြင့္အေရး ခံစားခြင့္ ရွိသူသည္ ပံုစံ ၇ ရရွိသူသာ ျဖစ္ပါတယ္။ ထိုေၾကာင့္ လယ္ယာေျမ လုပ္ပိုင္ခြင့္ကို အေရာင္းအ၀ယ္လုပ္ျခင္းအတြက္ ေရာင္းသူအေနျဖင့္ ပံုစံ ၇ ရရွိ သူကသာ ေရာင္းခ်ႏိုင္ခြင့္ ရွိၿပီး ၀ယ္သူအေနႏွင့္လည္း ပံုစံ ၇ ရရွိသူ သို႔မဟုတ္ အေမြဆက္ ခံသူ သို႔မဟုတ္ ကိုယ္စားလွယ္လႊဲအပ္သူထံကသာ ၀ယ္ယူခြင့္ ရွိပါမယ္။

လယ္ယာေျမ လုပ္ပိုင္ခြင့္ကို ေရာင္းခ်၊ ေပါင္ႏွံ၊ ငွားရမ္း၊ လဲလွယ္၊ ေပးကမ္းျခင္းမ်ားကို အရပ္ စာခ်ဳပ္နဲ႔ ေဆာင္ရြက္ခြင့္ မရွိပါဘူး။ ပုဒ္မ ၁၂၊ ပုဒ္မခြဲ(ဂ)ပါ စည္းကမ္းခ်က္အတိုင္း သတ္မွတ္ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ထားသည့္ စာခ်ဳပ္ျဖင့္ ခ်ဳပ္ဆိုရမည္ျဖစ္ၿပီး ယင္း စာခ်ဳပ္ကို သတ္မွတ္ထားသည့္ စာခ်ဳပ္စာတမ္းမွတ္ပံုတင္ခ ေပးေဆာင္၍ ၿမိဳ႕နယ္လယ္ယာေျမစီမံခန္႔ခြဲ ေရး နွင့္ စာရင္းအင္းဦးစီးဌာနမွာ မွတ္ပံုတင္ရပါမယ္။

လယ္ယာေျမဥပေဒ ပုဒ္မ ၉၊ ပုဒ္မခြဲ (ခ) ပါ အခြင့္အေရးျဖစ္သည့္ “လယ္ယာေျမလုပ္ပိုင္ခြင့္ ကို ေရာင္းခ်ျခင္း၊ ေပါင္ႏွံျခင္း၊ ငွားရမ္းျခင္း၊ လဲလွယ္ျခင္းႏွင့္ေပးကမ္းျခင္း” မ်ား ေဆာင္ရြက္ ရန္ သတ္မွတ္ထားသည့္ ျပဌာန္းခ်က္မ်ားကို နည္းဥပေဒမွာ ေဖၚျပထားပါတယ္။

နည္းဥပေဒ ၂၄ (က) အရ အထက္ပါ ကိစၥမ်ားအတြက္ လႊဲေျပာင္းေပးသူႏွင့္ လႊဲေျပာင္း လက္ခံသူတို႔သည္ ႏွစ္ဦးသေဘာတူစာခ်ဳပ္ကို သက္ဆိုင္ရာ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာ အုပ္စု လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ ေရွ႔ေမွာက္မွာ တံဆိပ္ေခါင္းခြန္ ထမ္းေဆာင္၍ စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ပါတယ္။

(ရပ္ေက်းလယ္စီေရွ႕ေမွာက္တြင္ စာခ်ဳပ္မခ်ဳပ္ဆိုမီ လႊဲေျပာင္းေရာင္း၀ယ္ေသာ လယ္ယာ ေျမအား ေဒသႏၱရတန္ဘိုး ျဖတ္ေပးရန္ ေလွ်ာက္ထားျခင္း၊ ၿမိဳ႕နယ္လယ္စိမွ ေျမတန္ဘိုး သတ္မွတ္ျခင္း၊ ယင္းတန္ဘိုးအရ တန္ဘိုး၏ ၂ ရာခိုင္ႏႈန္းကို တံဆိပ္ခြန္ထမ္းေဆာင္ျခင္း၊ ယင္း တံဆိပ္ေခါင္းေပၚတြင္ စာခ်ဳပ္ေရးသားခ်ဳပ္ဆိုျခင္းတို႔ ေဆာင္ရြက္ရမည္ ျဖစ္ပါတယ္။)

ပုဒ္မ ၁၂ (ဂ) နွင့္ နည္း ၂၄ (ခ) အရ စာခ်ဳပ္ခ်ဳပ္ဆိုသည့္ ေန႔မွစ၍ ရက္ေပါင္း (၁၂၀) အတြင္း သက္ဆိုင္ရာ ၿမိဳ႕နယ္ဦးစီးဌာနရံုးတြင္ မွတ္ပံုတင္ရပါမည္။ ေရာင္း၀ယ္ေသာလယ္ယာေျမ တန္ဘိုး၏ (၀.၅)% ကို မွတ္ပံုတင္ခအျဖစ္ ေပးသြင္းရပါမည္။

ယင္းသို႔ ေဆာင္ရြက္ၿပီးေသာအခါ နည္းဥပေဒ ၂၅၊ နည္းဥပေဒခြဲ (က) နွင့္ (ခ) အရ မွတ္ပံု တင္ အေရာင္းအ၀ယ္စာခ်ဳပ္နွင့္ ပံုစံ ၇ မူရင္း ပူးတြဲ၍ ပံုစံ ၉ ျဖင့္ ၿမိဳ႕နယ္ဦးစီးဌာနရံုးသို႔ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူ အမည္ေျပာင္းေလွ်ာက္ထား ေဆာင္ရြက္ရပါမည္။

အဆိုပါ လုပ္ငန္းစဥ္မ်ားအတြက္ ဗဟိုလယ္စီမွ ညႊန္ၾကားခ်က္ အမွတ္ (၂/၂၀၁၉)၊ ညႊန္ၾကား ခ်က္ အမွတ္ (၃/၂၀၁၉) ႏွင့္ ညႊန္ၾကားခ်က္ အမွတ္ (၄/၂၀၁၉) တို႔ျဖင့္ု ထုတ္ျပန္ ညႊန္ၾကား ထားၿပီး ျဖစ္ပါတယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit : DVB Law

 

### Unicode Version ###

ကျွန်တော်တို့ဒေသမှာ လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်နေတာ ဓလေ့တစ်ခုလိုဖြစ်နေ ပါတယ် ။ ပုံစံ ၇ ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ အရောင်းအဝယ် လုပ်တာ တရားဝင်ပါသလား။ လယ်ယာမြေကို အရောင်းအဝယ်လုပ်ရာမှာ တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိလိုပါတယ် ။

လယ်ယာမြေကို အရပ်စာချုပ်နဲ့ အရောင်းအဝယ် လုပ်နေတာ တရားဝင်သလား၊ ပုံစံ ၇ ရှိ ရှိ မရှိ ရှိ လယ်ယာမြေကို အရောင်းအဝယ် လုပ်လို့ ရသလား လို့ မေးလာရင် ပြန်ဖြေရမဲ့ အဖြေက တိုတိုလေးပါဘဲ။ အရပ်စာချုပ်ဖြင့် ရောင်းဝယ်ခြင်းသည် တရားမဝင်ပါ။ ပုံစံ ၇ မရှိသည့် လယ်ယာမြေကို ရောင်းဝယ် လွှဲပြောင်းခွင့် မရှိပါလို့ဘဲ ဖြေရပါမယ်။

လယ်ယာမြေတွေ ရောင်းဝယ်လွှဲပြောင်းနေတာ မှန်ပါတယ်။ လယ်ယာမြေဥပဒေက လယ် ယာမြေကို ရောင်းဝယ်ခွင့် ပေးတာ မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့် Right to Use the Farmland ကိုသာ လွှဲပြောင်းရောင်းဝယ်ခွင့် ပေးထားတာပါ။

လယ်ယာမြေလုပ်ပိုင်ခွင့် တစ်နည်းဆိုသော် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ ၇) ရှိသူ၊ လယ်ယာမြေကို တရားဝင်လုပ်ပိုင်ခွင့် ရသူကသာ ၎င်းရရှိထားသည့် လုပ်ပိုင်ခွင့်ကို လွှဲပြောင်းရောင်းချနိုင်တဲ့ အခွင့်အရေးရှိပါတယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) မှာ ဒီလိုဆိုထားပါတယ်။

ပုဒ်မ ၉။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါအခွင့်အရေးများကို ရရှိစေရမည်။

(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းဖြစ်စေ၊ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့် နှင့် ပေးကမ်း ခွင့် ရရှိစေရမည်။ သို့သော် လုပ်ပိုင်ခွင့်အား ရောင်း၊ ပေါင်၊ ငှား၊ လဲလှယ့် နှင့် ပေးကမ်း ခြင်း ဆောင်ရွက်ရာတွင် ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဂ) စည်းကမ်းချက်ကို လိုက်နာရပါမယ်။

ပုဒ်မ ၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် -

(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နံှခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း နှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ် ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာ မြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

ပုဒ်မ ၉ နှင့် ပုဒ်မ ၁၂ တို့၏ အချီးစကားရပ်က လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည်..လို့ အစ ချီထားသည့်အတွက် အထက်ပါ ရောင်း ပေါင်၊ ငှား၊ လဲ၊ ပေး ကိစ္စရပ်တွေကို ပုံစံ ၇ ရသူသာ လုပ်ပိုင်ခွင့်ရှိပြီး ယင်းပုဂ္ဂိုလ်သည် ပုဒ်မ ၁၂ (ဂ) အရ တံဆိပ်ခွန်ထမ်းဆောင်သည့် စာချုပ်ဖြင့် စာချုပ်ဆို၍ ဦးစီးဌာနတွင် မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၉ ပါ အခွင့်အရေး ခံစားခွင့် ရှိသူသည် ပုံစံ ၇ ရရှိသူသာ ဖြစ်ပါတယ်။ ထိုကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အရောင်းအဝယ်လုပ်ခြင်းအတွက် ရောင်းသူအနေဖြင့် ပုံစံ ၇ ရရှိ သူကသာ ရောင်းချနိုင်ခွင့် ရှိပြီး ဝယ်သူအနေနှင့်လည်း ပုံစံ ၇ ရရှိသူ သို့မဟုတ် အမွေဆက် ခံသူ သို့မဟုတ် ကိုယ်စားလှယ်လွှဲအပ်သူ ထံကသာ ဝယ်ယူခွင့် ရှိပါမယ်။

လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို အရပ် စာချုပ်နဲ့ ဆောင်ရွက်ခွင့် မရှိပါဘူး။ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဂ)ပါ စည်းကမ်းချက်အတိုင်း သတ်မှတ် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားသည့် စာချုပ်ဖြင့် ချုပ်ဆိုရမည်ဖြစ်ပြီး ယင်း စာချုပ်ကို သတ်မှတ်ထားသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခ ပေးဆောင်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေး နှင့် စာရင်းအင်းဦးစီးဌာနမှာ မှတ်ပုံတင်ရပါမယ်။

လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ) ပါ အခွင့်အရေးဖြစ်သည့် “လယ်ယာမြေလုပ်ပိုင်ခွင့် ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့်ပေးကမ်းခြင်း” များ ဆောင်ရွက် ရန် သတ်မှတ်ထားသည့် ပြဌာန်းချက်များကို နည်းဥပဒေမှာ ဖေါ်ပြထားပါတယ်။

နည်းဥပဒေ ၂၄ (က) အရ အထက်ပါ ကိစ္စများအတွက် လွှဲပြောင်းပေးသူနှင့် လွှဲပြောင်း လက်ခံသူတို့သည် နှစ်ဦးသဘောတူစာချုပ်ကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ စာချုပ် ချုပ်ဆို ရမည်ဖြစ်ပါတယ်။

(ရပ်ကျေးလယ်စီရှေ့မှောက်တွင် စာချုပ် မချုပ်ဆိုမီ လွှဲပြောင်းရောင်းဝယ်သော လယ်ယာ မြေအား ဒေသန္တရတန်ဘိုး ဖြတ်ပေးရန် လျှောက်ထားခြင်း၊ မြို့နယ်လယ်စိမှ မြေတန်ဘိုး သတ်မှတ်ခြင်း၊ ယင်းတန်ဘိုးအရ တန်ဘိုး၏ ၂ ရာခိုင်နှုန်းကို တံဆိပ်ခွန်ထမ်းဆောင်ခြင်း၊ ယင်း တံဆိပ်ခေါင်းပေါ်တွင် စာချုပ်ရေးသား ချုပ်ဆိုခြင်းတို့ ဆောင်ရွက်ရမည် ဖြစ်ပါတယ်။)

ပုဒ်မ ၁၂ (ဂ) နှင့် နည်း ၂၄ (ခ) အရ စာချုပ် ချုပ်ဆိုသည့် နေ့မှစ၍ ရက်ပေါင်း (၁၂၀) အတွင်း သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရပါမည်။ ရောင်းဝယ်သော လယ်ယာမြေ တန်ဘိုး၏ (ဝ.၅)% ကို မှတ်ပုံတင်ခအဖြစ် ပေးသွင်းရပါမည်။

ယင်းသို့ ဆောင်ရွက်ပြီးသောအခါ နည်းဥပဒေ ၂၅၊ နည်းဥပဒေခွဲ (က) နှင့် (ခ) အရ မှတ်ပုံ တင် အရောင်းအဝယ်စာချုပ်နှင့် ပုံစံ ၇ မူရင်း ပူးတွဲ၍ ပုံစံ ၉ ဖြင့် မြို့နယ်ဦးစီးဌာနရုံးသို့ လယ် ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလျှောက်ထား ဆောင်ရွက်ရပါမည်။

အဆိုပါ လုပ်ငန်းစဉ်များအတွက် ဗဟိုလယ်စီမှ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)၊ ညွှန်ကြား ချက် အမှတ် (၃/၂၀၁၉) နှင့် ညွှန်ကြားချက် အမှတ် (၄/၂၀၁၉) တို့ဖြင့်ု ထုတ်ပြန် ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit : DVB Law

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
ဂရန်ပေးစီမံချက်မြေအား ဂရန်လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်
အပူချိန်မြင့်တဲ့နွေရက်များကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ဖို့ နည်းလမ်း (၅) သွယ်

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
cherry-condo
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service