စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

စည်ပင်သာယာရေး ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2024 12:44 pm တွင် တင်ခဲ့သည်
416 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် စည်ပင်သာယာ ရေးဥပဒေ- အခန်း-(၅)၊ ပုဒ်မ- ၂၄(က) အရ စည်ပင်သာယာရေးကော်မတီမှ အောက်ပါ လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါတယ်။

- မြို့ပြစီမံကိန်းအသစ်များ အကောင်အထည်ဖော် ရေးဆွဲခြင်း၊ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေ များအား စီမံကြီးကြပ်ကွပ်ကဲခြင်း၊ အရန်မြေများ၊ ကော်မတီစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ မြေကွက် လပ်များတွင် အဆောက်အအုံ ၊ တဲ၊ နေအိမ်များ ကျူးကျော် ဆောက်လုပ်ခြင်းမရှိစေရန် ကြပ်မတ်ခြင်း၊ ကျူးကျော်မှုရှိလျှင် ဖျက်သိမ်းစေခြင်း၊ ဖယ်ရှားစေခြင်း

- လမ်းမကြီးတစ်လျှောက် လမ်းလယ်ကျွန်းများနှင့် ဘေးဘက်နေရာများ စိမ်းလမ်းစိုပြည် လှပစေရန် ဆောင်ရွက်ပေးခြင်း၊ အများပြည်သူ ပန်းခြံ၊ ကစားကွင်းနေရာများတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နိုင်ရန် မြေနေရာ ထားရှိပြီး စီမံကြီးကြပ်ပေးခြင်း၊ အများသုံးသန့်စင်ခန်းများ တည်ဆောက်ပြုပြင်ပေးခြင်း

- အဆောက်အအုံ ဆောက်လုပ်ခြင်းများတွင်လဲ ခွင့်ပြုချက်အညီ ဆောက်လုပ်ခြင်းမဟုတ်ပါက အရေးယူခြင်း၊ နယ်မြေအလိုက် ဆောက်လုပ်ရမည့် အဆောက်အအုံဆောက်လုပ်မှုနှင့် ပတ်သတ်၍ အထပ်အရေအတွက်၊ ဧရိယာ၊ အဆောက်အအုံအမျိုးအစား၊ပုံစံတို့ သတ်မှတ်ကြေညာခြင်း၊ ဘေးအန္တရာယ်ရှိသော အဆောက်အအုံ၊ အစိတ်အပိုင်းများမှ ဖယ်ရှားစေခြင်း၊ ကော်မတီပိုင်အဆောက်အအုံများအား ထိန်းသိမ်းပြုပြင်ခြင်း၊ မြို့ပြ အမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်မှုပြုခြင်း

- သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် မီးသတ်ပစ္စည်းများ စီမံထားရှိခြင်း

- စနစ်တကျ ယာဉ်ရပ်နားစခန်း တည်ဆောက်ခြင်း၊ ယာဉ်များသွားလာရေးအတွက် စည်းကမ်းချက်များသတ်ခြင်း

- စည်ပင်သာယာရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကန်ထရိုက်စနစ်၊ လေလံစနစ်ဖြင့်၊ တင်ဒါစနစ်ဖြင့် တာဝန်ပေးအပ်ခြင်း

- လမ်း၊ တံတား ၊ မြေအောက် ပိုက်လိုင်းများ၊ ချောင်း၊ ရေမြောင်းများ၏ ရေစီးရေလာကောင်းမွန်စေရန် ကြီးကြပ်ဆောင်ရွက်ခြင်း

- လမ်းနယ်နိမိတ်များအား စီမံခန့်ခွဲခြင်း၊ လမ်းအဂများနှင့် ညီညွတ်စေရန် ကြီးကြပ်ကွက်ကဲခြင်း

- မြို့တော်နယ်နိမိတ်အတွင်း ရေပေးဝေမှု လုပ်ငန်းများ ဆောင်ရွက်စေခြင်း၊ ရေဆိုးရေညစ်များအား စနစ်တကျ စွန့်ထုတ်စေခြင်း

- အများပြည်သူ ကျန်းမားရေး၊ ပညာရေး စောင့်ရှောက်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဝန်ကြီးဌာများနှင့် ညီနှိုင်း၍ ဆောင်ရွက်ခြင်း

- ဈေးများနှင့် ဈေးဆိုင်ရှိ စားသောက်ကုန်များ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်း

- အမှိုက်များ စနစ်တကျစွန့်ပစ်စေရန် စီမံခန့်ခွဲခြင်း

- ရေထု၊ လေထု၊ မြေထုကို ထိန်းသိမ်းရန်အတွက် စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်များကို ကြီးကြပ်ဆောင်ရွက်ခြင်း

- အနှေးယာဉ်များ လိုင်စင်ထုတ်ပေးခြင်း၊ သက်တမ်းတိုးစေခြင်း

- တည်းခိုခန်း လုပ်ငန်း၊ ပွဲရုံလုပ်ငန်း၊ အပေါင်ဆိုင်များအား ကြီးကြပ်ပြီး လုပ်ကိုင်ခွင့်ပြုခြင်း

- ပုဂ္ဂလိက၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း ၊ ပယ်ဖျက်ခြင်း၊ စည်းကမ်းချက်များ ထုတ်ပယ်ခြင်း

- ကော်မတီ၏ မူဝါဒများအား အများပြည်သူများသိရှိစေရန် အသိပေးခြင်းတို့အပြင် ဝန်ကြီးဌာနမှ အခါအား လျှော်စွာ ထုတ်ပြန်သည့် တာဝန်များအား ဆောင်ရွက်ပါတယ်။

လုပ်ငန်းစီမံကိန်းများအား (၅)နှစ်တကြိမ် မြေအသုံးချမှု မူဝါဒများ၊ မြေအသုံးချခြင်းဆိုင်ရာများ ရေးဆွဲကာ မြို့ပြ အဂရပ်ဖြင့် ညီညွတ်မှုရှိစေရန် စနစ်တကျ မြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာချထားတို့ စီမံဆောင်ရွက်ပါတယ်။

ထို့ပြင် ပုဒ်မ-၃၆ အရ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများထံမှ အကြံဉာဏ်များ ၊ ကျွမ်းကျင်မှုများ ရယူကာ စီမံဆောင်ရွက်ပြီး မြေယာမှတ်တမ်းများနှင့် မြေပုံများကိုလဲ ပြုစုထိန်းသိမ်းပြီး မြေခွန်မြေခများအားလဲ ကော်မတီမှ စည်းကြပ်ကောက်ခံပါသည်။

စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ပိုမိုအကျိုးရှိစေရန် ခေတ်မီတိုးတက်သည့် နည်းပညာ၊ နည်း စနစ်များဖြင့်လဲ အသုံးပြုဆောင်ရွက်ပါသည်။ မည်သူမဆို ကော်မတီ၏ ခွင့်ပြုချက် လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းများ လုပ်ဆောင်ခွင့်မရှိပါ။ ကော်မတီမှ လုပ်ငန်းဆောင်တာ ကိစ္စရပ်များအားလဲ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

[Zawgyi]

စည္ပင္သာယာေရး ဥပေဒအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

 

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး နယ္နိမိတ္အတြင္းတြင္ စည္ပင္သာယာ ေရးဥပေဒ- အခန္း-(၅)၊ ပုဒ္မ- ၂၄(က) အရ စည္ပင္သာယာေရးေကာ္မတီမွ ေအာက္ပါ လုပ္ငန္းစဥ္မ်ားအား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပး လ်က္႐ွိပါတယ္။

- ၿမိဳ႕ျပစီမံကိန္းအသစ္မ်ား အေကာင္အထည္ေဖာ္ ေရးဆြဲျခင္း၊ စည္ပင္သာယာေရး နယ္နိမိတ္အတြင္း႐ွိ ေျမ မ်ားအား စီမံႀကီးၾကပ္ကြပ္ကဲျခင္း၊ အရန္ေျမမ်ား၊ ေကာ္မတီစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာ ေျမမ်ား၊ ေျမကြက္ လပ္မ်ားတြင္ အေဆာက္အအုံ ၊ တဲ၊ ေနအိမ္မ်ား က်ဴးေက်ာ္ ေဆာက္လုပ္ျခင္းမ႐ွိေစရန္ ၾကပ္မတ္ျခင္း၊ က်ဴးေက်ာ္မႈ႐ွိလွ်င္ ဖ်က္သိမ္းေစျခင္း၊ ဖယ္႐ွားေစျခင္း

- လမ္းမႀကီးတစ္ေလွ်ာက္ လမ္းလယ္ကြၽန္းမ်ားႏွင့္ ေဘးဘက္ေနရာမ်ား စိမ္းလမ္းစိုျပည္ လွပေစရန္ ေဆာင္ ႐ြက္ေပးျခင္း၊ အမ်ားျပည္သူ ပန္းျခံ၊ ကစားကြင္းေနရာမ်ားတြင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ား ျပဳလုပ္ႏိုင္ရန္ ေျမေနရာ ထား႐ွိၿပီး စီမံႀကီးၾကပ္ေပးျခင္း၊ အမ်ားသုံးသန္႔စင္ခန္းမ်ား တည္ေဆာက္ျပဳျပင္ေပးျခင္း

- အေဆာက္အအုံ ေဆာက္လုပ္ျခင္းမ်ားတြင္လဲ ခြင့္ျပဳခ်က္အညီ ေဆာက္လုပ္ျခင္းမဟုတ္ပါက အေရးယူျခင္း၊ နယ္ေျမအလိုက္ ေဆာက္လုပ္ရမည့္ အေဆာက္အအုံေဆာက္လုပ္မႈႏွင့္ ပတ္သတ္၍ အထပ္အေရအတြက္၊ ဧရိယာ၊ အေဆာက္အအုံအမ်ိဳးအစား၊ပုံစံတို႔ သတ္မွတ္ေၾကညာျခင္း၊ ေဘးအႏၲရာယ္႐ွိေသာ အေဆာက္အအုံ၊ အစိတ္အပိုင္းမ်ားမွ ဖယ္႐ွားေစျခင္း၊ ေကာ္မတီပိုင္အေဆာက္အအုံမ်ားအား ထိန္းသိမ္းျပဳျပင္ျခင္း၊ ၿမိဳ႕ျပ အေမြအႏွစ္ အေဆာက္အအုံမ်ား ထိန္းသိမ္းေစာင့္ေ႐ွာက္မႈျပဳျခင္း

- သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးႏွင့္ မီးသတ္ပစၥည္းမ်ား စီမံထား႐ွိျခင္း

- စနစ္တက် ယာဥ္ရပ္နားစခန္း တည္ေဆာက္ျခင္း၊ ယာဥ္မ်ားသြားလာေရးအတြက္ စည္းကမ္းခ်က္မ်ားသတ္ျခင္း

- စည္ပင္သာယာေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ ကန္ထ႐ိုက္စနစ္၊ ေလလံစနစ္ျဖင့္၊ တင္ဒါစနစ္ျဖင့္ တာဝန္ေပးအပ္ျခင္း

- လမ္း၊ တံတား ၊ ေျမေအာက္ ပိုက္လိုင္းမ်ား၊ ေခ်ာင္း၊ ေရေျမာင္းမ်ား၏ ေရစီးေရလာေကာင္းမြန္ေစရန္ ႀကီးၾကပ္ေဆာင္႐ြက္ျခင္း

- လမ္းနယ္နိမိတ္မ်ားအား စီမံခန္႔ခြဲျခင္း၊ လမ္းအဂမ်ားႏွင့္ ညီၫြတ္ေစရန္ ႀကီးၾကပ္ကြက္ကဲျခင္း

- ၿမိဳ႕ေတာ္နယ္နိမိတ္အတြင္း ေရေပးေဝမႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေစျခင္း၊ ေရဆိုးေရညစ္မ်ားအား စနစ္တက် စြန္႔ထုတ္ေစျခင္း

- အမ်ားျပည္သူ က်န္းမားေရး၊ ပညာေရး ေစာင့္ေ႐ွာက္ေရးလုပ္ငန္းမ်ားအား သက္ဆိုင္ရာ ဝန္ႀကီးဌာမ်ားႏွင့္ ညီႏိႈင္း၍ ေဆာင္႐ြက္ျခင္း

- ေဈးမ်ားႏွင့္ ေဈးဆိုင္႐ွိ စားေသာက္ကုန္မ်ား က်န္းမာေရးႏွင့္ ညီၫြတ္မႈ႐ွိမ႐ွိ စစ္ေဆးျခင္း

- အမိႈက္မ်ား စနစ္တက်စြန္႔ပစ္ေစရန္ စီမံခန္႔ခြဲျခင္း

- ေရထု၊ ေလထု၊ ေျမထုကို ထိန္းသိမ္းရန္အတြက္ စက္႐ုံ၊ အလုပ္႐ုံ၊ ယာဥ္မ်ားကို ႀကီးၾကပ္ေဆာင္႐ြက္ျခင္း

- အေႏွးယာဥ္မ်ား လိုင္စင္ထုတ္ေပးျခင္း၊ သက္တမ္းတိုးေစျခင္း

- တည္းခိုခန္း လုပ္ငန္း၊ ပြဲ႐ုံလုပ္ငန္း၊ အေပါင္ဆိုင္မ်ားအား ႀကီးၾကပ္ၿပီး လုပ္ကိုင္ခြင့္ျပဳျခင္း

- ပုဂၢလိက၊ အဖြဲ႕အစည္းမ်ား၏ လုပ္ငန္းမ်ားအား ခြင့္ျပဳျခင္း၊ ျငင္းပယ္ျခင္း၊ ႐ုပ္သိမ္းျခင္း၊ ပိတ္သိမ္းျခင္း ၊ ပယ္ဖ်က္ျခင္း၊ စည္းကမ္းခ်က္မ်ား ထုတ္ပယ္ျခင္း

- ေကာ္မတီ၏ မူဝါဒမ်ားအား အမ်ားျပည္သူမ်ားသိ႐ွိေစရန္ အသိေပးျခင္းတို႔အျပင္ ဝန္ႀကီးဌာနမွ အခါအား ေလွ်ာ္စြာ ထုတ္ျပန္သည့္ တာဝန္မ်ားအား ေဆာင္႐ြက္ပါတယ္။

လုပ္ငန္းစီမံကိန္းမ်ားအား (၅)ႏွစ္တႀကိမ္ ေျမအသုံးခ်မႈ မူဝါဒမ်ား၊ ေျမအသုံးခ်ျခင္းဆိုင္ရာမ်ား ေရးဆြဲကာ ၿမိဳ႕ျပ အဂရပ္ျဖင့္ ညီၫြတ္မႈ႐ွိေစရန္ စနစ္တက် ၿမိဳ႕ကြက္႐ိုက္ျခင္း၊ ျပန္လည္ေနရာခ်ထားတို႔ စီမံေဆာင္႐ြက္ပါတယ္။

ထို႔ျပင္ ပုဒ္မ-၃၆ အရ ျပည္တြင္း၊ ျပည္ပ ပညာ႐ွင္မ်ား၊ အဖြဲ႕အစည္းမ်ားထံမွ အၾကံဉာဏ္မ်ား ၊ ကြၽမ္းက်င္မႈမ်ား ရယူကာ စီမံေဆာင္႐ြက္ၿပီး ေျမယာမွတ္တမ္းမ်ားႏွင့္ ေျမပုံမ်ားကိုလဲ ျပဳစုထိန္းသိမ္းၿပီး ေျမခြန္ေျမခမ်ားအားလဲ ေကာ္မတီမွ စည္းၾကပ္ေကာက္ခံပါသည္။

စည္ပင္သာယာေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားအား ပိုမိုအက်ိဳး႐ွိေစရန္ ေခတ္မီတိုးတက္သည့္ နည္းပညာ၊ နည္း စနစ္မ်ားျဖင့္လဲ အသုံးျပဳေဆာင္႐ြက္ပါသည္။ မည္သူမဆို ေကာ္မတီ၏ ခြင့္ျပဳခ်က္ လုပ္ငန္းလိုင္စင္မ႐ွိဘဲ လုပ္ငန္းမ်ား လုပ္ေဆာင္ခြင့္မ႐ွိပါ။ ေကာ္မတီမွ လုပ္ငန္းေဆာင္တာ ကိစၥရပ္မ်ားအားလဲ သက္ဆိုင္ရာဌာန အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္း ညႇိႏိႈင္းေဆာင္႐ြက္ျခင္း ျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိုက်သည့်ပစ္စည်း စက္ကန့် ၄၀ အတွင်း ယူနိုင်သမျှ ယူစေကာ ဆုချီးမြှင့်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်တွင် ကန်ဒေါ်လာ သန်း ၁၃၀၀ ထီပေါက်...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ...
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
နှစ်ရှည်အိမ်ငှားလိုတဲ့ နိုင်ငံခြားသားများအတွက် အဖြေ
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
ရေသူမသုံးယောက်နှင့် ပင်လယ်ရှုခင်းကို ခံစားပျော်ပါးနိုင်မည့် ထိုင်းနိုင်ငံရှိ 3Mermaids စားသောက်ဆိုင်...
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
Social Media ပေါ်မှာ စိတ်ဝင်စားမှုအများဆုံး ဗီယက်နမ်နိုင်ငံရဲ့ ဘတ်စကက်ဘောလှေ ( သို့မဟုတ် ) အုန်းသီးလှေ...
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ponnami
shwe-hninsi

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service