ကန္းထရီးအဆိုေတာ္ ေတလာဆြစ္ဖ္က ခ်စ္သက္တမ္း ၃ ႏွစ္ရွိျပီျဖစ္ေသာ ျဗိတိန္ရုပ္ရွင္မင္းသား ဂ်ဳိးအယ္လ္ဝင္ႏွင့္ နီးကပ္စြာ ေနထိုင္ႏိုင္ရန္အတြက္ လန္ဒန္တြင္ ကန္ေဒၚလာ သန္း ၃၀ ဝန္းက်င္တန္ေၾကးရွိ စံအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြ

ကန္းထရီးအဆိုေတာ္ ေတလာဆြစ္ဖ္က ခ်စ္သက္တမ္း ၃ ႏွစ္ရွိျပီျဖစ္ေသာ ျဗိတိန္ရုပ္ရွင္မင္းသား ဂ်ဳိးအယ္လ္ဝင္ႏွင့္ နီးကပ္စြာ ေနထိုင္ႏိုင္ရန္အတြက္ လန္ဒန္တြင္ ကန္ေဒၚလာ သန္း ၃၀ ဝန္းက်င္တန္ေၾကးရွိ စံအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြ - Property News in Myanmar from iMyanmarHouse.com
23 Sep 2019 11:03 am တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ကန္းထရီးအဆိုေတာ္ ေတလာဆြစ္ဖ္သည္ ခ်စ္သက္တမ္း ၃ ႏွစ္ရွိျပီျဖစ္ေသာ ျဗိတိန္ရုပ္ရွင္မင္းသား ဂ်ဳိးအယ္လ္ဝင္ႏွင့္ နီးကပ္စြာ ေနထိုင္ႏိုင္ရန္အတြက္ လန္ဒန္တြင္ ကန္ေဒၚလာ သန္း ၃၀ ဝန္းက်င္တန္ေၾကးရွိ စံအိမ္ဝယ္ယူရန္ လိုက္လံရွာေဖြလ်က္ရွိသည္။

“ေတလာဟာ လန္ဒန္မွာ မီးဖိုေဆာင္ ၂ ခုပါတဲ့ စံအိမ္ၾကီးတစ္ခု ဝယ္ယူဖို႔ လိုက္လံရွာေဖြေနပါတယ္။ သူနဲ႔ ဂ်ဳိးတို႔ တစ္ကိုယ္ေရ လံုျခံဳမႈ ေကာင္းမြန္စြာ ေနထိုင္ႏိုင္မယ့္ ေနရာမ်ဳိး လိုက္ရွာေနတာျဖစ္ပါတယ္။ သူတို႔ဟာ (ဂ်ဳိး၏ဇာတိ) လန္ဒန္နဲ႔ (ေတလာ၏ ဇာတိ) နက္ရွ္ဗီးလ္တို႔မွာ တစ္လွည့္စီ ေနထိုင္ေနၾကတာ ျဖစ္ပါတယ္”ဟု ေတလာဆြစ္ဖ္ႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားသည္။

ယခု ဝယ္ယူရန္လိုက္လံရွာေဖြျခင္းမွာ ေတလာဆြစ္ဖ္အတြက္ ပထမဆံုးအိမ္ျခံေျမ ဝယ္ယူမႈကား မဟုတ္ေခ်။

သူ၏ အဆိုေတာ္ဘဝျဖတ္သန္းမႈ ႏွစ္ကာလမ်ားနည္းတူ ေနအိမ္မ်ားသည္လည္း မ်ားျပားလွသည္။

အသက္ ၂၉ ႏွစ္ရွိျပီျဖစ္ေသာ ေတလာဆြစ္ဖ္၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၃၆၀ ခန္႔ျဖစ္သည္ဟု ခန္႔မွန္းထားသည္။အဆိုပါၾကြယ္ဝမႈမ်ားအနက္ အမ်ားစုမွာအိမ္ျခံေျမမ်ား ျဖစ္သည္။

ေတလာဆြစ္ဖ္သည္ အေမရိကန္ျပည္ေထာင္စုတစ္ဝန္းတြင္ ကန္ေဒၚလာ ၈၁ သန္းေက်ာ္ တန္ေၾကးရွိ အိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားသည္။

အတိအက်ဆိုရမည္ဆိုလွ်င္ အေမရိကန္ျပည္ေထာင္စုရွိ ျပည္နယ္ ၄ ခုတြင္ စံအိမ္ ၇ လံုး ပိုင္ဆိုင္ထားျခင္း ျဖစ္သည္။

အသက္ ၂၉ ႏွစ္ရွိျပီျဖစ္ေသာ ေတလာဆြစ္ဖ္က ျပီးခဲ့ေသာ ေသာၾကာေန႔တြင္ “Lover” အမည္ရွိ သီခ်င္းသစ္တစ္ပုဒ္ ထုတ္လုပ္ခဲ့ျပီး အဆိုပါသီခ်င္းမွာ ခ်စ္သက္တမ္း ၃ ႏွစ္ရွိျပီျဖစ္ေသာ အသက္ ၂၈ ႏွစ္ရွိသည့္ ခ်စ္သူ အယ္လ္ဝင္အတြက္ ရည္ရြယ္ထားသည့္ ေမတၱာစာတစ္ခုလည္း ျဖစ္သည္ဟု ဆိုသည္။

ေတလာဆြစ္ဖ္က အယ္လ္ဝင္လာေရာက္ႏိုင္ရန္အတြက္ ၎၏ကိုယ္ပိုင္ဂ်က္ေလယာဥ္ပင္ ေစလႊတ္ေပးေလ့ရွိသည္ဟု သိရသည္။

ေတလာဆြစ္ဖ္တြင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ ၃ စင္းႏွင့္ ေလယာဥ္သိုေလွာင္ရံုတို႔ ပိုင္ဆိုင္ထားေၾကာင္း ေတလာဆြစ္ဖ္ႏွင့္ နီးစပ္သည့္သတင္းရင္းျမစ္က ေျပာၾကားသည္။

ဂ်ဳိး အယ္လ္ဝင္သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ေျမာက္ပိုင္း ခရို႕ခ်္အန္း အရပ္တြင္ ေနထိုင္သည့္ လူလတ္တန္းစား မိသားစုတစ္ခုမွ ၾကီးျပင္းလာသူျဖစ္ျပီး ၂၀၁၈ ခုႏွစ္အတြင္းက ထုတ္လုပ္ခဲ့ေသာ “The Favourite” အမည္ရွိ ရုပ္ရွင္တြင္ ပါဝင္သရုပ္ေဆာင္ထားသည္။

အယ္လ္ဝင္ႏွင့္ ေတလာဆြစ္ဖ္သည္ အဂၤလန္တြင္ ပိုမိုေနထိုင္ၾကေလ့ရွိျပီး မၾကာေသးမီကပင္ လန္ဒန္ရွိထင္ရွားသည့္ေနရာတစ္ခုျဖစ္ေသာ Hampstead Heath အရပ္ရွိ Spaniards Inn မွ အရက္ဘားတြင္ အတူရွိေနခဲ့သည္။

ေတလာဆြစ္ဖ္သည္ boyfriend တစ္ဦးႏွင့္ နီးနီးစပ္စပ္ေနထိုင္ရန္အတြက္ ေနအိမ္ဝယ္ယူသည္မွာ ယခုအၾကိမ္သည္ ပထမဆံုးအၾကိမ္ မဟုတ္ေသး။

၂၀၁၂ ခုႏွစ္၊ ၾသဂုတ္လအတြင္းကလည္း သူ၏ ခ်စ္သူ ေကာ္နာ ကေနဒီတို႔ မိသားစုႏွင့္ နီးကပ္စြာေနထိုင္ႏိုင္ရန္အတြက္ အေမရိကန္ျပည္ေထာင္စု၊ မက္ဆာခ်ဴးဆက္ျပည္နယ္၊ Cape Cod အရပ္ရွိ ကေနဒီ မိသားစု ျခံဝန္းႏွင့္ နီးစပ္ေသာ အိပ္ခန္း ၇ ခန္းပါဝင္သည့္ ပင္လယ္ကမ္းေျခစံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၄ ဒသမ ၉ သန္းျဖင့္ ဝယ္ယူခဲ့ဖူးသည္။

ေကာ္နာ ကေနဒီႏွင့္ ေတလာဆြစ္ဖ္တို႔သည္ ၂ လခန္႔သာ ခ်စ္သူသက္တမ္းၾကာျမင့္ခဲ့ျပီး ထိုႏွစ္ ေအာက္တိုဘာတြင္ လမ္းခြဲခဲ့ၾကသည္။

ယင္းေနာက္ပိုင္း ေတလာဆြစ္ဖ္က အဆိုပါစံအိမ္ကုိ ကန္ေဒၚလာ ၅ ဒသမ ၇ သန္းျဖင့္ ျပန္လည္ ေရာင္းထုတ္ႏိုင္ခဲ့ရာ မ်ားစြာျမတ္စြန္းခဲ့ေသးသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ကန်းထရီးအဆိုတော် တေလာဆွစ်ဖ်သည် ချစ်သက်တမ်း ၃ နှစ်ရှိပြီဖြစ်သော ဗြိတိန်ရုပ်ရှင်မင်းသား ဂျိုးအယ်လ်ဝင်နှင့် နီးကပ်စွာ နေထိုင်နိုင်ရန်အတွက် လန်ဒန်တွင် ကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်တန်ကြေးရှိ စံအိမ်ဝယ်ယူရန် လိုက်လံရှာဖွေလျက်ရှိသည်။

“တေလာဟာ လန်ဒန်မှာ မီးဖိုဆောင် ၂ ခုပါတဲ့ စံအိမ်ကြီးတစ်ခု ဝယ်ယူဖို့ လိုက်လံရှာဖွေနေပါတယ်။ သူနဲ့ ဂျိုးတို့ တစ်ကိုယ်ရေ လုံခြုံမှု ကောင်းမွန်စွာ နေထိုင်နိုင်မယ့် နေရာမျိုး လိုက်ရှာနေတာဖြစ်ပါတယ်။ သူတို့ဟာ (ဂျိုး၏ဇာတိ) လန်ဒန်နဲ့ (တေလာ၏ ဇာတိ) နက်ရှ်ဗီးလ်တို့မှာ တစ်လှည့်စီ နေထိုင်နေကြတာ ဖြစ်ပါတယ်”ဟု တေလာဆွစ်ဖ်နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ခုက ပြောကြားသည်။

ယခု ဝယ်ယူရန် လိုက်လံရှာဖွေခြင်းမှာ တေလာဆွစ်ဖ်အတွက် ပထမဆုံးအိမ်ခြံမြေ ဝယ်ယူမှုကား မဟုတ်ချေ။

သူ၏ အဆိုတော်ဘဝဖြတ်သန်းမှု နှစ်ကာလများနည်းတူ နေအိမ်များသည်လည်း များပြားလှသည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော တေလာဆွစ်ဖ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၆၀ ခန့်ဖြစ်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါကြွယ်ဝမှုများအနက် အများစုမှာ အိမ်ခြံမြေများ ဖြစ်သည်။

တေလာဆွစ်ဖ်သည် အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ကန်ဒေါ်လာ ၈၁ သန်းကျော် တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။ အတိအကျဆိုရမည်ဆိုလျှင် အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၄ ခုတွင် စံအိမ် ၇ လုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော တေလာဆွစ်ဖ်က ပြီးခဲ့သော သောကြာနေ့တွင် “Lover” အမည်ရှိ သီချင်းသစ်တစ်ပုဒ် ထုတ်လုပ်ခဲ့ပြီး အဆိုပါသီချင်းမှာ ချစ်သက်တမ်း ၃ နှစ်ရှိပြီဖြစ်သော အသက် ၂၈ နှစ်ရှိသည့် ချစ်သူ အယ်လ်ဝင်အတွက် ရည်ရွယ်ထားသည့် မေတ္တာစာတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

တေလာဆွစ်ဖ်က အယ်လ်ဝင်လာရောက်နိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင်ဂျက်လေယာဉ်ပင် စေလွှတ်ပေးလေ့ရှိသည်ဟု သိရသည်။

တေလာဆွစ်ဖ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ် ၃ စင်းနှင့် လေယာဉ်သိုလှောင်ရုံတို့ ပိုင်ဆိုင်ထားကြောင်း တေလာဆွစ်ဖ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောကြားသည်။

ဂျိုး အယ်လ်ဝင်သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြောက်ပိုင်း ခရို့ချ်အန်း အရပ်တွင် နေထိုင်သည့် လူလတ်တန်းစား မိသားစုတစ်ခုမှ ကြီးပြင်းလာသူဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက ထုတ်လုပ်ခဲ့သော “The Favourite” အမည်ရှိ ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားသည်။

အယ်လ်ဝင်နှင့် တေလာဆွစ်ဖ်သည် အင်္ဂလန်တွင် ပိုမိုနေထိုင်ကြလေ့ရှိပြီး မကြာသေးမီကပင် လန်ဒန်ရှိ ထင်ရှားသည့်နေရာတစ်ခုဖြစ်သော Hampstead Heath အရပ်ရှိ Spaniards Inn မှ အရက်ဘားတွင် အတူရှိနေခဲ့သည်။

တေလာဆွစ်ဖ်သည် boyfriend တစ်ဦးနှင့် နီးနီးစပ်စပ်နေထိုင်ရန်အတွက် နေအိမ်ဝယ်ယူသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သေး။

၂၀၁၂ ခုနှစ်၊ သြဂုတ်လအတွင်းကလည်း သူ၏ ချစ်သူ ကော်နာ ကနေဒီတို့ မိသားစုနှင့် နီးကပ်စွာနေထိုင်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ Cape Cod အရပ်ရှိ ကနေဒီ မိသားစု ခြံဝန်းနှင့် နီးစပ်သော အိပ်ခန်း ၇ ခန်းပါဝင်သည့် ပင်လယ်ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။

ကော်နာ ကနေဒီနှင့် တေလာဆွစ်ဖ်တို့သည် ၂ လခန့်သာ ချစ်သူသက်တမ်းကြာမြင့်ခဲ့ပြီး ထိုနှစ် အောက်တိုဘာတွင် လမ်းခွဲခဲ့ကြသည်။ ယင်းနောက်ပိုင်း တေလာဆွစ်ဖ်က အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၇ သန်းဖြင့် ပြန်လည် ရောင်းထုတ်နိုင်ခဲ့ရာ များစွာမြတ်စွန်းခဲ့သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service