ရန္ကုန္ဘူတာႀကီးစီမံကိန္း ၀င္ေရာက္လုပ္ကုိင္မည့္ ကုမၸဏီေျပာင္းလဲ

ရန္ကုန္ဘူတာႀကီးစီမံကိန္း ၀င္ေရာက္လုပ္ကုိင္မည့္ ကုမၸဏီေျပာင္းလဲ - Property News in Myanmar from iMyanmarHouse.com
19 Sep 2019 11:39 am တွင် တင်ခဲ့သည်
1126 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ရန္ကုန္ဘူတာႀကီးဘက္စံုအဆင့္ျမွင့္တင္ေရးစီမံကိန္းတြင္ မူလတင္ဒါေအာင္ျမင္ထားသည့္ တ႐ုတ္ Sino Great Wall ေနရာတြင္ ဂ်ပန္ကုမၸဏီ ဆူမီတိုမိုေကာ္ပိုေရးရွင္းကို အစားထိုးေရြးခ်ယ္ထားေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။

တ႐ုတ္ Sino Great Wall ကုမၸဏီေဒ၀ါလီခံသြားရျခင္းေၾကာင့္ ဆူမီတိုမိုေကာ္ပိုေရးရွင္းက အစားထိုးလုပ္ကုိင္ရန္ခြင့္ျပဳခဲ့ေၾကာင္း ျမန္မာ့မီးရထားလုပ္ငန္း ဦးေဆာင္ညႊန္ၾကားေရးမွဴး ဦးဘျမင့္က ေျပာသည္။

“အခုကိစၥက ေငြေရးေၾကးေရးအခက္အခဲျဖစ္သြားလို႔ပါ။ လက္ရွိမွာ အဆင့္လိုက္လုပ္ရမယ့္ ဇယားေတြ႐ွိေသးတယ္။ ဒီႏွစ္ကုန္ေလာက္ေတာ့ ၿပီးႏိုင္ေအာင္ ႀကိဳးစားေနတယ္။ ကုမၸဏီအေျပာင္းအလဲျဖစ္သြားေပမဲ့ထည့္၀င္မယ့္ ရင္းႏွီးျမွဳပ္ႏွံမႈပမာဏေတာ့ မေျပာင္းဘူး” ဟု ဦးဘျမင့္ကေျပာသည္။

အဆိုပါရန္ကုန္ဘူတာႀကီးစီမံကိန္းကို ၈ ႏွစ္အၿပီးတည္ေဆာက္သြားမည္ျဖစ္ၿပီး စုစုေပါင္းေျမဧက ၆၀ေက်ာ္မွ အေဆာက္အအုံမ်ား တည္ေဆာက္ျခင္းအတြက္ ဧက ၃၀ ေက်ာ္ကိုေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း Mottama Development မွသိရသည္။

အေမရိကန္ေဒၚလာ ၂ ဒသမ ၅ ဘီလီယံခန့္ ကုန္က်ခံမည့္ယင္းစီမံကိန္းအတြင္း မူလမီရထား႐ုံႏွင့္ေခတ္သစ္ အေဆာက္အဦးပုံစံ မ်ားကိုအခ်ိဳးက်ပူးေပါင္းေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း Mottama Development ကုမၸဏီမွသိရသည္။

ဘက္စုံစီမံကိန္း (mix-use development) တြင္ ၾကမ္းခင္း ဧရိယာ စတုရန္း မီတာ ၁ ဒသမ ၀၉ သန္း က်ယ္ဝန္းနွင့္ ဇုန္ ၆ ခုပါဝင္မည္ျဖစ္ျပီး ဇုန္မ်ားတြင္ အထင္ကရညီေနာင္တာဝါ႐ုံးခန္း အေဆာက္အဦမ်ား၊ အိမ္ယာမ်ား၊ ဟိုတယ္မ်ားႏွင့္ ဝန္ေဆာင္မႈပါတိုက္ခန္းမ်ား၊ ပန္းၿခံႏွင့္ ျပတိုက္တို႔ ပါဝင္မည္ျဖစ္ၿပီး တည္ေဆာက္မႈအတြက္ခန္႔မွန္းၾကာျမင့္ခ်ိန္ ၈ ႏွစ္ ၾကာျမင့္ျဖစ္ေၾကာင္း Mottama Development ကုမၸဏီထံမွသိရသည္။

ရန္ကုန္ဘူတာႀကီးဘက္စုံဖြံၿဖိဳးတိုးတက္ေရးစီမံကိန္းတြင္ ျမန္မာႏိုင္ငံမွ မင္းဓမၼမွ ၄၀ ရာခိုင္ႏႈန္း ရွယ္ယာ ပိုင္ဆိုင္မည္ျဖစ္ၿပီး က်န္ရွယ္ယာ ၆၀ ရာခိုင္ႏႈန္းကို စင္ကာပူ အေျခစိုက္ Oxley Holdings ဏီႏွင့္ Sino Great Wall ကုမၸဏီတု႔ိက ၃၀ ရာခိုင္ႏႈန္းဆီ ပိုင္ဆိုင္ထားေသာ္လည္း အဆိုပါကုမၸဏီေနရာတြင္ ဆူမီတိုမိုေကာ္ပိုေရးရွင္းက ကအစားထိုး၀င္ေရာက္သြားမည္ဟု Central Transport Development Consortium (CTDC) ထံမွသိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

ရန်ကုန်ဘူတာကြီးဘက်စုံအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် မူလတင်ဒါအောင်မြင်ထားသည့် တရုတ် Sino Great Wall နေရာတွင် ဂျပန်ကုမ္ပဏီ ဆူမီတိုမိုကော်ပိုရေးရှင်းကို အစားထိုးရွေးချယ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။

တရုတ် Sino Great Wall ကုမ္ပဏီဒေဝါလီခံသွားရခြင်းကြောင့် ဆူမီတိုမိုကော်ပိုရေးရှင်းက အစားထိုးလုပ်ကိုင်ရန်ခွင့်ပြုခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

“အခုကိစ္စက ငွေရေးကြေးရေးအခက်အခဲဖြစ်သွားလို့ပါ။ လက်ရှိမှာ အဆင့်လိုက်လုပ်ရမယ့် ဇယားတွေရှိသေးတယ်။ ဒီနှစ်ကုန်လောက်တော့ ပြီးနိုင်အောင် ကြိုးစားနေတယ်။ ကုမ္ပဏီအပြောင်းအလဲဖြစ်သွားပေမဲ့ထည့်ဝင်မယ့် ရင်းနှီးမြှုပ်နှံမှုပမာဏတော့ မပြောင်းဘူး” ဟု ဦးဘမြင့်ကပြောသည်။

အဆိုပါရန်ကုန်ဘူတာကြီးစီမံကိန်းကို ၈ နှစ်အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး စုစုပေါင်းမြေဧက ၆၀ကျော်မှ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ဧက ၃၀ ကျော်ကိုဆောက်လုပ်သွားမည်ဖြစ်ကြောင်း Mottama Development မှသိရသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကုန်ကျခံမည့်ယင်းစီမံကိန်းအတွင်း မူလမီရထားရုံနှင့်ခေတ်သစ် အဆောက်အဦးပုံစံ များကိုအချိုးကျပူးပေါင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီမှသိရသည်။

ဘက်စုံစီမံကိန်း (mix-use development) တွင် ကြမ်းခင်း ဧရိယာ စတုရန်း မီတာ ၁ ဒသမ ၀၉ သန်း ကျယ်ဝန်းနှင့် ဇုန် ၆ ခုပါဝင်မည်ဖြစ်ပြီး ဇုန်များတွင် အထင်ကရညီနောင်တာဝါရုံးခန်း အဆောက်အဦများ၊ အိမ်ယာများ၊ ဟိုတယ်များနှင့် ဝန်ဆောင်မှုပါတိုက်ခန်းများ၊ ပန်းခြံနှင့် ပြတိုက်တို့ ပါဝင်မည်ဖြစ်ပြီး တည်ဆောက်မှုအတွက်ခန့်မှန်းကြာမြင့်ချိန် ၈ နှစ် ကြာမြင့်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီထံမှသိရသည်။

ရန်ကုန်ဘူတာကြီးဘက်စုံဖွံဖြိုးတိုးတက်ရေးစီမံကိန်းတွင် မြန်မာနိုင်ငံမှ မင်းဓမ္မမှ ၄၀ ရာခိုင်နှုန်း ရှယ်ယာ ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို စင်ကာပူ အခြေစိုက် Oxley Holdings ဏီနှင့် Sino Great Wall ကုမ္ပဏီတု့ိက ၃၀ ရာခိုင်နှုန်းဆီ ပိုင်ဆိုင်ထားသော်လည်း အဆိုပါကုမ္ပဏီနေရာတွင် ဆူမီတိုမိုကော်ပိုရေးရှင်းက ကအစားထိုးဝင်ရောက်သွားမည်ဟု Central Transport Development Consortium (CTDC) ထံမှသိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service