ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အေမရိကန္ႏွင့္ ဆက္ဆံေရးပ်က္ျပားခဲ့ျပီးေနာက္ ခ်မ္းသာၾကြယ္ဝေသာ တရုတ္လူမ်ဳိးမ်ား ျဗိတိန္သို႔ ေျပာင္းေရႊ႕အေျခခ်ရန္ ေလွ်ာက္ထားမႈ အျမင့္မားဆံုးအေျခအေနသို႔ ေရာက္ရွိ

ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ အေမရိကန္ႏွင့္ ဆက္ဆံေရးပ်က္ျပားခဲ့ျပီးေနာက္ ခ်မ္းသာၾကြယ္ဝေသာ တရုတ္လူမ်ဳိးမ်ား ျဗိတိန္သို႔ ေျပာင္းေရႊ႕အေျခခ်ရန္ ေလွ်ာက္ထားမႈ အျမင့္မားဆံုးအေျခအေနသို႔ ေရာက္ရွိ - Property News in Myanmar from iMyanmarHouse.com
11 Sep 2019 11:02 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

တရုတ္ျပည္ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔အၾကားျဖစ္ပြားေနေသာ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ခ်မ္းသာၾကြယ္ဝေသာ တရုတ္လူမ်ဳိးတို႔သည္ အေမရိကသို႔ ေရႊ႕ေျပာင္းေနထိုင္မည့္ အစီအစဥ္မ်ားကို စြန္႔လႊတ္ကာ ဥေရာပႏိုင္ငံမ်ား၊ အထူးသျဖင့္ ျဗိတိန္တြင္ အေျခခ်ေနထိုင္ၾကရန္သာ ဦးတည္လာၾကေၾကာင္း ေနာက္ဆံုးရရွိထားသည့္ အခ်က္အလက္မ်ားတြင္ ေတြ႔ရွိရသည္ဟု စကၤာပူအေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

၂၀၁၈ ခုႏွစ္ ေနာက္ဆံုး သံုးလပတ္တြင္ ျဗိတိန္သို႔ ပထမတန္းစား ရင္းႏွီးျမွဳပ္ႏွံသူဗီဇာ (tier-1 investor visas ) ျဖင့္ ဝင္ေရာက္ရန္ တရုတ္လူမ်ဳိး ခ်မ္းသာၾကြယ္ဝသူတို႔၏ ေလွ်ာက္ထားမႈမွာ ၅၄ ဦးသာရွိခဲ့ရာမွ ၂၀၁၉ ခုႏွစ္၊ ပထမ ၃ လပတ္ကာလအတြင္း ၈၃ ဦးအထိ ျမင့္တက္လာခဲ့ေၾကာင္း Growthdeck ဝက္ဘ္ဆိုက္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အဆိုပါ ပမာဏမွာ ၂၀၁၄ ခုႏွစ္ ၊ စတုတၳသံုးလပတ္ေနာက္ပိုင္း အျမင့္မားဆံုးပမာဏျဖစ္ေၾကာင္း လန္ဒန္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာ ဝန္ေဆာင္မႈကုမၸဏီ Growthdeck က ေဖာ္ျပသည္။

ျဗိတိန္၏ ဥပေဒမ်ားအရ ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံသူ လုပ္ငန္းရွင္ႏွင့္ မိသားစုသည္ ျဗိတိန္ကုမၸဏီမ်ားတြင္ ေပါင္ ၂ သန္း ရင္းႏွီးျမွဳပ္ႏွံမည္ဆိုပါက ေရႊဗီဇာ ေလွ်ာက္ထားရယူခြင့္ ေပးအပ္ထားသည္။

အဆိုပါဗီဇာအရ ျဗိတိန္တြင္ ၃ ႏွစ္ႏွင့္ ၄ လ ေနထိုင္ခြင့္ရရွိမည္ျဖစ္ျပီး ၂ ႏွစ္ထပ္မံ သက္တမ္းတိုးခြင့္ရရွိမည္ျဖစ္ကာ ေနာက္ပိုင္းတြင္ ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားခြင့္ရွိသည္ဟု ဆိုသည္။

Growthdeck ၏ ျပည္မရင္းႏွီးျမွဳပ္ႏွံသူမ်ားဆိုင္ရာ အၾကီးအကဲ မစၥတာ ဆင္ျမဴရယ္ဟူက ေျပာၾကားရာတြင္ ျဗိတိန္သို႔ ေရႊ႕ေျပာင္း ေနထိုင္ရန္ ေလွ်ာက္ထားသူမ်ား ျမင့္တက္လာျခင္း၏ ေနာက္ကြယ္တြင္ အေမရိကန္ႏွင့္ တရုတ္အၾကား ကုန္သြယ္ေရးစစ္ပြဲ တင္းမာမႈ ျမင့္တက္ျခင္း၊ အားနည္းေနေသာ ျဗိတိန္ေငြေၾကး၊ ခ်မ္းသာၾကြယ္ဝေသာ တရုတ္လူမ်ဳိးမ်ားအၾကား ရင္းႏွီးျမွဳပ္ႏွံျခင္း ျဖန္႔က်က္လိုစိတ္ ၾကီးထြားလာေနျခင္းဟူေသာအခ်က္မ်ားရွိေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားသည္။

ျဗိတိန္၏ ဗီဇာ (tier-1 investor visas ) ႏွင့္ အမ်ဳိးအစားတူညီေသာ အေမရိကန္ျပည္ေထာင္စုမွ ေပးအပ္သည့္ EB-5 ဗီဇာ အစီအစဥ္သို႔မူ ေလွ်ာက္ထားသူ အေရအတြက္က်ဆင္းလာလ်က္ရွိေနသည္။

အေမရိကန္ျပည္ထဲေရးဌာနက ထုတ္ျပန္သည့္အခ်က္အလက္မ်ားအရ EB-5 ဗီဇာအစီအစဥ္ကို တရုတ္ႏိုင္ငံသားမ်ား ေလွ်ာက္ထားမႈ သည္ ၂၀၁၄ ခုႏွစ္တြင္ ထိပ္ဆုံုးသို႔ျမင့္တက္ခဲ့ရာမွ ျပီးခဲ့ေသာ ၂၀၁၈ ခုႏွစ္အတြင္း ထက္ဝက္နီးပါး က်ဆင္းသြားသည္ဟု ဆိုသည္။

ကုန္သြယ္ေရးစစ္ပြဲအျပင္ အခ်ဳိ႕ေလွ်ာက္ထားသူမ်ားဆိုလွ်င္ EB-5 ဗီဇာရရန္ ၁၆ ႏွစ္ခန္႔အထိ ေစာင့္ဆိုင္းရျခင္းမ်ား ၾကံဳရျခင္းမ်ားမွာ အေမရိက၏ EB-5 ဗီဇာကို စိတ္ဝင္စားမႈ က်ဆင္းသြားျခင္း၏ အဓိကအေၾကာင္းရင္းမ်ားျဖစ္ေၾကာင္း သုေတသီတို႔က ဆိုသည္။

Lesperance & Associates မွ အၾကီးအကဲတစ္ဦးျဖစ္သူ မစၥတာ ေဒးဗစ္ လက္စ္ပါရန္႔စ္က ေျပာၾကားရာတြင္ “တရုတ္လူမ်ဳိးေတြ စိုးရြံ႕ေနတာက ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ သူတိုိ႔ကို ၾကိဳဆိုျခင္းမခံရမွာကို စိုးရြံ႕တဲ့အျပင္ EB-5 ဗီဇာရဲ႕ ပကတိအေျခအေနေတြကို အေသအခ်ာေလ့လာတာမ်ဳိး ျဖစ္လာေစတယ္။

ဒီလိုအခ်ိန္မွာ ျဗိတိန္ဟာ သူတို႔အတြက္ အႏွစ္သက္ဆံုး ေရြးခ်ယ္ရာ တစ္ခုျဖစ္လာ တယ္။ ျဗိတိန္ဟာ ပညာေရးအတြက္လည္း ၾကီးမားတဲ့အခြင့္အလမ္းေတြရွိတဲ့အျပင္ အေကာင္းဆံုးရင္းႏွီးျမွဳပ္ႏွံမႈ အခြင့္အလမ္းေတြ ၊ အေကာက္ခြန္ နည္းပါးတာေတြလည္း ရွိေနတယ္”ဟု ေျပာၾကားသည္။

အေမရိက၏ EB-5 ဗီဇာရယူလိုသူမ်ားသည္ အေမရိကန္ျပည္ေထာင္စုတြင္ ကန္ေဒၚလာ အနည္းဆံုး ၅၀၀၀၀၀ မွ ၉၀၀၀၀၀ ၾကား ရင္းႏွီးျမွဳပ္ႏွံႏိုင္သူမ်ား ျဖစ္ရမည္ ျဖစ္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

တရုတ်ပြည်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြားဖြစ်ပွားနေသော ကုန်သွယ်ရေးစစ်ပွဲကြောင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးတို့သည် အမေရိကသို့ ရွှေ့ပြောင်းနေထိုင်မည့် အစီအစဉ်များကို စွန့်လွှတ်ကာ ဥရောပနိုင်ငံများ၊ အထူးသဖြင့် ဗြိတိန်တွင် အခြေချနေထိုင်ကြရန်သာ ဦးတည်လာကြကြောင်း နောက်ဆုံးရရှိထားသည့် အချက်အလက်များတွင် တွေ့ရှိရသည်ဟု စင်္ကာပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ် နောက်ဆုံး သုံးလပတ်တွင် ဗြိတိန်သို့ ပထမတန်းစား ရင်းနှီးမြှုပ်နှံသူဗီဇာ (tier-1 investor visas ) ဖြင့် ဝင်ရောက်ရန် တရုတ်လူမျိုး ချမ်းသာကြွယ်ဝသူတို့၏ လျှောက်ထားမှုမှာ ၅၄ ဦးသာရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်ကာလအတွင်း ၈၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း Growthdeck ဝက်ဘ်ဆိုက်၏ အချက်အလက်များတွင် ဖော်ပြသည်။

အဆိုပါ ပမာဏမှာ ၂၀၁၄ ခုနှစ် ၊ စတုတ္ထသုံးလပတ်နောက်ပိုင်း အမြင့်မားဆုံးပမာဏဖြစ်ကြောင်း လန်ဒန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီ Growthdeck က ဖော်ပြသည်။

ဗြိတိန်၏ ဥပဒေများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်နှင့် မိသားစုသည် ဗြိတိန်ကုမ္ပဏီများတွင် ပေါင် ၂ သန်း ရင်းနှီးမြှုပ်နှံမည်ဆိုပါက ရွှေဗီဇာ လျှောက်ထားရယူခွင့် ပေးအပ်ထားသည်။

အဆိုပါဗီဇာအရ ဗြိတိန်တွင် ၃ နှစ်နှင့် ၄ လ နေထိုင်ခွင့်ရရှိမည်ဖြစ်ပြီး ၂ နှစ်ထပ်မံ သက်တမ်းတိုးခွင့်ရရှိမည်ဖြစ်ကာ နောက်ပိုင်းတွင် နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိသည်ဟု ဆိုသည်။

Growthdeck ၏ ပြည်မရင်းနှီးမြှုပ်နှံသူများဆိုင်ရာ အကြီးအကဲ မစ္စတာ ဆင်မြူရယ်ဟူက ပြောကြားရာတွင် ဗြိတိန်သို့ ရွှေ့ပြောင်း နေထိုင်ရန် လျှောက်ထားသူများ မြင့်တက်လာခြင်း၏ နောက်ကွယ်တွင် အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှု မြင့်တက်ခြင်း၊ အားနည်းနေသော ဗြိတိန်ငွေကြေး၊ ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများအကြား ရင်းနှီးမြှုပ်နှံခြင်း ဖြန့်ကျက်လိုစိတ် ကြီးထွားလာနေခြင်းဟူသောအချက်များရှိနေကြောင်း ထုတ်ဖော်ပြောကြားသည်။

ဗြိတိန်၏ ဗီဇာ (tier-1 investor visas ) နှင့် အမျိုးအစားတူညီသော အမေရိကန်ပြည်ထောင်စုမှ ပေးအပ်သည့် EB-5 ဗီဇာ အစီအစဉ်သို့မူ လျှောက်ထားသူ အရေအတွက် ကျဆင်းလာလျက်ရှိနေသည်။

အမေရိကန်ပြည်ထဲရေးဌာနက ထုတ်ပြန်သည့်အချက်အလက်များအရ EB-5 ဗီဇာအစီအစဉ်ကို တရုတ်နိုင်ငံသားများ လျှောက်ထားမှု သည် ၂၀၁၄ ခုနှစ်တွင် ထိပ်ဆုံးသို့မြင့်တက်ခဲ့ရာမှ ပြီးခဲ့သော ၂၀၁၈ ခုနှစ်အတွင်း ထက်ဝက်နီးပါး ကျဆင်းသွားသည်ဟု ဆိုသည်။

ကုန်သွယ်ရေးစစ်ပွဲအပြင် အချို့လျှောက်ထားသူများဆိုလျှင် EB-5 ဗီဇာရရန် ၁၆ နှစ်ခန့်အထိ စောင့်ဆိုင်းရခြင်းများ ကြုံရခြင်းများမှာ အမေရိက၏ EB-5 ဗီဇာကို စိတ်ဝင်စားမှု ကျဆင်းသွားခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း သုတေသီတို့က ဆိုသည်။

Lesperance & Associates မှ အကြီးအကဲတစ်ဦးဖြစ်သူ မစ္စတာ ဒေးဗစ် လက်စ်ပါရန့်စ်က ပြောကြားရာတွင် “တရုတ်လူမျိုးတွေ စိုးရွံ့နေတာက ကုန်သွယ်ရေးစစ်ပွဲကြောင့် သူတို့ကို ကြိုဆိုခြင်းမခံရမှာကို စိုးရွံ့တဲ့အပြင် EB-5 ဗီဇာရဲ့ ပကတိအခြေအနေတွေကို အသေအချာလေ့လာတာမျိုး ဖြစ်လာစေတယ်။

ဒီလိုအချိန်မှာ ဗြိတိန်ဟာ သူတို့အတွက် အနှစ်သက်ဆုံး ရွေးချယ်ရာ တစ်ခုဖြစ်လာ တယ်။ ဗြိတိန်ဟာ ပညာရေးအတွက်လည်း ကြီးမားတဲ့အခွင့်အလမ်းတွေရှိတဲ့အပြင် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေ ၊ အကောက်ခွန် နည်းပါးတာတွေလည်း ရှိနေတယ်”ဟု ပြောကြားသည်။

အမေရိက၏ EB-5 ဗီဇာရယူလိုသူများသည် အမေရိကန်ပြည်ထောင်စုတွင် ကန်ဒေါ်လာ အနည်းဆုံး ၅၀၀၀၀၀ မှ ၉၀၀၀၀၀ ကြား ရင်းနှီးမြှုပ်နှံနိုင်သူများ ဖြစ်ရမည် ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service