ထပ္ဆင့္ေအာ္စကာဆုရွင္ မိုက္ကယ္ေဒါက္ဂလပ္ႏွင့္ ဇနီးျဖစ္သူ ေဟာလိဝုဒ္သရုပ္ေဆာင္ ကက္သရင္းဇီတာ ဂ်ဳန္းစ္တို႔က နယူးေယာက္ ေနအိမ္ကို ၾသစေတးလ် ဘီလ်ံနာၾကီးထံ ေရာင္းခ်

ထပ္ဆင့္ေအာ္စကာဆုရွင္ မိုက္ကယ္ေဒါက္ဂလပ္ႏွင့္ ဇနီးျဖစ္သူ ေဟာလိဝုဒ္သရုပ္ေဆာင္ ကက္သရင္းဇီတာ ဂ်ဳန္းစ္တို႔က နယူးေယာက္ ေနအိမ္ကို ၾသစေတးလ် ဘီလ်ံနာၾကီးထံ ေရာင္းခ် - Property News in Myanmar from iMyanmarHouse.com
13 Aug 2019 11:30 am တွင် တင်ခဲ့သည်
1588 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ထပ္ဆင့္ေအာ္စကာဆုရွင္ မိုက္ကယ္ေဒါက္ဂလပ္ႏွင့္ ဇနီးျဖစ္သူ ေဟာလိဝုဒ္သရုပ္ေဆာင္ ကက္သရင္းဇီတာ ဂ်ဳန္းစ္တို႔သည္ အေမရိကန္ျပည္ေထာင္စု၊ နယူးေယာက္ရွိ ေနအိမ္ကို ၾသစေတးလ် ဘီလ်ံနာၾကီးထံ ေရာင္းခ်လိုက္ေၾကာင္း အဂၤလန္အေျခစိုက္ သတင္းဝက္ဘ္ဆိုက္တစ္ခုတြင္ ေဖာ္ျပသည္။

မိုက္ကယ္ေဒါက္ဂလပ္စ္တို႔ ဇနီးေမာင္ႏွံက အဆိုပါစံအိမ္ကို ၂၀၁၄ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၁ ဒသမ ၂၅ သန္းျဖင့္ ဝယ္ယူခဲ့ျပီး ၾသစေတးလ်ဘီလ်ံနာထံ ကန္ေဒၚလာ ၁၅ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ရုပ္ရွင္မင္းသမီး ကက္သရင္း ဇီတာဂ်ဳန္းမွာ အသက္ ၄၉ ႏွစ္ရွိျပီျဖစ္ျပီး ခင္ပြန္းျဖစ္သူမွာမူ ၇၄ ႏွစ္ရွိေနျပီျဖစ္ျပီး ၎တို႔ ေရာင္းခ်လိုက္သည့္ ၾသစေတးလ်ဘီလ်ံနာမွာ အန္သိုနီ ပရက္ထ္ျဖစ္သည္ဟု ဆိုသည္။

ေရာင္းခ်လိုက္သည့္ စံအိမ္တည္ေနရာမွာ နယူးေယာက္ျမိဳ႕ေျမာက္ဘက္ ဝက္ခ်က္စ္တာခရိုင္တြင္ တည္ရွိျပီး ၁၈၉၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ ျခံအက်ယ္အဝန္းမွာ ၁၃ ဒသမ ၂၈ ဧကအထိ က်ယ္ဝန္းသည္။

စံအိမ္ၾကီးကို ကက္သရင္းဇီတာဂ်ဳန္း ကိုယ္တိုင္ၾကီးၾကပ္ကာ ျပဳျပင္မြမ္းမံမႈမ်ား ၾကီးမားစြာ ျပဳလုပ္ခဲ့သည္။

ကက္သရင္းက ရလဒ္ေကာင္းမ်ားရရန္ ဖိဖိစီးစီး ၾကီးၾကပ္ခဲ့ျပီး အခန္းတိုင္း၏ မြမ္းမံထားမႈ အေျခအေနမ်ားကိုလည္း သူ၏ လူမႈကြန္ရက္ အေကာင့္တြင္ ေဖာ္ျပခဲ့ဖူးသည္။

ေနအိမ္အတြင္း အိပ္ခန္း ၈ ခန္းအထိ ပါဝင္ရာ မိသားစုမ်ားႏွင့္ ဧည့္သည္မ်ားအတြက္ ေကာင္းစြာ အနားယူႏိုင္မည္ ျဖစ္သည္။

ေနအိမ္အတြင္း ေရခ်ဳိးရန္အတြက္လည္း ေစာင့္ဆိုင္းေနရန္မလိုေအာင္ ေရခ်ဳိးခန္း ၁၈ ခန္းအထိ ထည့္သြင္းေပးထားသည္။

မီးဖိုေဆာင္မွာ ေခတ္သစ္စားဖိုမွဴးအဆင့္ ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္ျဖစ္ျပီး စားေသာက္ဆိုင္ အဆင့္အတန္းရွိ အစားအေသာက္မ်ား ခ်က္ျပဳတ္ႏိုင္စြမ္း ရွိသည္။ အပန္းေျဖရန္အတြက္ ကိုယ္ပိုင္ spa အျပင္ အိမ္တြင္း ေရကူးကန္ ၂ ခုလည္း ပါဝင္သည္။

ထို႔အျပင္ သီးသန္႔ sauna ၊ အားကစားေလ့က်င့္ေရးခန္းမတို႔လည္း ပါဝင္သည္။

ကက္သရင္းဇီတာဂ်ဳန္းစ္တို႔ ဇနီးေမာင္ႏွံသည္ ဘာျမဴဒါကၽြန္းရွိ ၃ ဧက က်ယ္ဝန္းေသာ ျခံဝန္းႏွင့္ စံအိမ္ၾကီးကို ျပီးခဲ့ေသာ ဇြန္လအတြင္းက ကန္ေဒၚလာ ၁၀ ဒသမ ၆ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

(မွတ္ခ်က္ ။ အဆိုပါသတင္းကို iMyanmarHouse.com တြင္ ေရးသားတင္ျပခဲ့ျပီးျဖစ္ရာ ျပန္လည္ဖတ္ရႈလိုပါက https://www.imyanmarhouse.com/news/read/836561 အင္တာနက္လင့္ခ္တြင္ ဖတ္ရႈႏိုင္ပါသည္)

မိုက္ကယ္ ေဒါက္ဂလပ္၏ အမည္ရင္းမွာ မိုက္ကယ္ ကစ္ခ္ေဒါက္ဂလပ္စ္ျဖစ္ျပီး အေမရိကန္ ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူ တစ္ဦး ျဖစ္သည္။

မိုက္ကယ္ေဒါက္ဂလပ္ကို ၁၉၄၄ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္တြင္ အေမရိကန္ျပည္ေထာင္စု၊ နယူးဂ်ာစီျပည္နယ္၊ နယူး ဘန္းစ္ဝစ္ခ္ျမိဳ ႔တြင္ ေမြးဖြားျပီး အသက္ ၇၄ ႏွစ္ရွိျပီ ျဖစ္သည္။

ရုပ္ရွင္သရုပ္ေဆာင္၊ ထုတ္လုပ္သူ ဘဝတစ္ေလွ်ာက္ ဆံုတံဆိပ္မ်ားစြာ ခ်ီးျမွင့္ခံခဲ့ရရာ ေအာ္စကာဆု ၂ ခု၊ ေရႊကမၻာလံုးဆု ၅ ခု၊ primetime အင္မီဆု ၁ ခု၊ Cecil B. DeMile ဆု ၁ ခု၊ AFI Life Achievement ဆု ၁ ဆုတို႔လည္း ပါဝင္သည္။

အိုလီဗာ စတုန္း၏ Wall Street ဇာတ္ကားျဖင့္ အေကာင္းဆံုးသရုပ္ေဆာင္အျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

ယင္းေနာက္ ရုပ္ရွင္ထုတ္လုပ္သူဘဝ ၁၉၇၅ ခုႏွစ္တြင္ One Flew Over the Cuckoo's Nest ဇာတ္ကားမွာ အေကာင္းဆံုးရုပ္ရွင္ ဇာတ္ကားအျဖစ္ ေအာ္စကာဆု ရရွိခဲ့၏။

ကက္သရင္းဇီတာဂ်ဳန္းစ္သည္ အဂၤလန္ဘုရင္မၾကီး၏ သူရဲေကာင္းဘြဲ႔ခ်ီးျမွင့္ခံရသူ ေဟာလိဝုဒ္သရုပ္ေဆာင္တစ္ဦး ျဖစ္သည္။

အဂၤလန္ႏိုင္ငံ ဆြမ္ဆီးအရပ္တြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီး ငယ္စဥ္ကတည္းကပင္ သရုပ္ေဆာင္ေလာက၌ စတင္ေျခခ်ခဲ့သည္။

Annie ႏွင့္ Bugsy Malone ဂီတဇာတ္ျမဴးကားမ်ားတြင္ ကေလးသရုပ္ေဆာင္အျဖစ္ ပါဝင္ုခဲ့သည္။

ယင္းေနာက္ လန္ဒန္ရွိ Arts Educational Schools တြင္ ေတးဂီတပညာကို သင္ယူခဲ့သည္။

ကက္သရင္းဇီတာဂ်ဳန္းသည္ ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ ၂၀၀၂ ခုႏွစ္က ထုတ္လုပ္ခဲ့ေသာ Chicago ဇာတ္ကားျဖင့္ အေကာင္းဆံုးဇာတ္ပို႔ မင္းသမီးအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

သရုပ္ေဆာင္ဘဝတစ္ေလွ်ာက္ ဆုတံဆိပ္ေပါင္းမ်ားစြာ ရရွိခဲ့သည့္အနက္ ေအာ္စကာဆု ၁ ခု၊ ျဗိတိသွ်ရုပ္ရွင္အကယ္ဒမီဆု ၁ ခုႏွင့္ တိုနီဆု ၁ ခုတို႔ရရွိခဲ့ျပီး သူ၏သရုပ္ေဆာင္ေလာကျဖတ္သန္းမႈမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ လုပ္ေဆာင္ခ်က္ မ်ားေၾကာင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ ျဗိတိန္ဘုရင္မၾကီးက သူရဲေကာင္းဘြဲ႔ (CBE) ခ်ီးျမွင့္ျခင္းခံခဲ့ရသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ရှိ နေအိမ်ကို သြစတေးလျ ဘီလျံနာကြီးထံ ရောင်းချလိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မိုက်ကယ်ဒေါက်ဂလပ်စ်တို့ ဇနီးမောင်နှံက အဆိုပါစံအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး သြစတေးလျဘီလျံနာထံ ကန်ဒေါ်လာ ၁၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်မင်းသမီး ကက်သရင်း ဇီတာဂျုန်းမှာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူမှာမူ ၇၄ နှစ်ရှိနေပြီဖြစ်ပြီး ၎င်းတို့ ရောင်းချလိုက်သည့် သြစတေးလျဘီလျံနာမှာ အန်သိုနီ ပရက်ထ်ဖြစ်သည်ဟု ဆိုသည်။

ရောင်းချလိုက်သည့် စံအိမ်တည်နေရာမှာ နယူးယောက်မြို့မြောက်ဘက် ဝက်ချက်စ်တာခရိုင်တွင် တည်ရှိပြီး ၁၈၉၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ခြံအကျယ်အဝန်းမှာ ၁၃ ဒသမ ၂၈ ဧကအထိ ကျယ်ဝန်းသည်။

စံအိမ်ကြီးကို ကက်သရင်းဇီတာဂျုန်း ကိုယ်တိုင်ကြီးကြပ်ကာ ပြုပြင်မွမ်းမံမှုများ ကြီးမားစွာ ပြုလုပ်ခဲ့သည်။

ကက်သရင်းက ရလဒ်ကောင်းများရရန် ဖိဖိစီးစီး ကြီးကြပ်ခဲ့ပြီး အခန်းတိုင်း၏ မွမ်းမံထားမှု အခြေအနေများကိုလည်း သူ၏ လူမှုကွန်ရက် အကောင့်တွင် ဖော်ပြခဲ့ဖူးသည်။

နေအိမ်အတွင်း အိပ်ခန်း ၈ ခန်းအထိ ပါဝင်ရာ မိသားစုများနှင့် ဧည့်သည်များအတွက် ကောင်းစွာ အနားယူနိုင်မည် ဖြစ်သည်။

နေအိမ်အတွင်း ရေချိုးရန်အတွက်လည်း စောင့်ဆိုင်းနေရန်မလိုအောင် ရေချိုးခန်း ၁၈ ခန်းအထိ ထည့်သွင်းပေးထားသည်။

မီးဖိုဆောင်မှာ ခေတ်သစ်စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သော မီးဖိုဆောင်ဖြစ်ပြီး စားသောက်ဆိုင် အဆင့်အတန်းရှိ အစားအသောက်များ ချက်ပြုတ်နိုင်စွမ်း ရှိသည်။ အပန်းဖြေရန်အတွက် ကိုယ်ပိုင် spa အပြင် အိမ်တွင်း ရေကူးကန် ၂ ခုလည်း ပါဝင်သည်။

ထို့အပြင် သီးသန့် sauna ၊ အားကစားလေ့ကျင့်ရေးခန်းမတို့လည်း ပါဝင်သည်။

ကက်သရင်းဇီတာဂျုန်းစ်တို့ ဇနီးမောင်နှံသည် ဘာမြူဒါကျွန်းရှိ ၃ ဧက ကျယ်ဝန်းသော ခြံဝန်းနှင့် စံအိမ်ကြီးကို ပြီးခဲ့သော ဇွန်လအတွင်းက ကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

(မှတ်ချက် ။ အဆိုပါသတင်းကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/836561 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

မိုက်ကယ် ဒေါက်ဂလပ်၏ အမည်ရင်းမှာ မိုက်ကယ် ကစ်ခ်ဒေါက်ဂလပ်စ်ဖြစ်ပြီး အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦး ဖြစ်သည်။

မိုက်ကယ်ဒေါက်ဂလပ်ကို ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်၊ နယူး ဘန်းစ်ဝစ်ခ်မြို့တွင် မွေးဖွားပြီး အသက် ၇၄ နှစ်ရှိပြီ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူ ဘဝတစ်လျှောက် ဆုံတံဆိပ်များစွာ ချီးမြှင့်ခံခဲ့ရရာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၅ ခု၊ primetime အင်မီဆု ၁ ခု၊ Cecil B. DeMile ဆု ၁ ခု၊ AFI Life Achievement ဆု ၁ ဆုတို့လည်း ပါဝင်သည်။

အိုလီဗာ စတုန်း၏ Wall Street ဇာတ်ကားဖြင့် အကောင်းဆုံးသရုပ်ဆောင်အဖြစ် အော်စကာဆု ရရှိခဲ့သည်။

ယင်းနောက် ရုပ်ရှင်ထုတ်လုပ်သူဘဝ ၁၉၇၅ ခုနှစ်တွင် One Flew Over the Cuckoo's Nest ဇာတ်ကားမှာ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားအဖြစ် အော်စကာဆု ရရှိခဲ့၏။

ကက်သရင်းဇီတာဂျုန်းစ်သည် အင်္ဂလန်ဘုရင်မကြီး၏ သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

အင်္ဂလန်နိုင်ငံ ဆွမ်ဆီးအရပ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကပင် သရုပ်ဆောင်လောက၌ စတင်ခြေချခဲ့သည်။

Annie နှင့် Bugsy Malone ဂီတဇာတ်မြူးကားများတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ုခဲ့သည်။

ယင်းနောက် လန်ဒန်ရှိ Arts Educational Schools တွင် တေးဂီတပညာကို သင်ယူခဲ့သည်။

ကက်သရင်းဇီတာဂျုန်းသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၂ ခုနှစ်က ထုတ်လုပ်ခဲ့သော Chicago ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

သရုပ်ဆောင်ဘဝတစ်လျှောက် ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သည့်အနက် အော်စကာဆု ၁ ခု၊ ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆု ၁ ခုနှင့် တိုနီဆု ၁ ခုတို့ရရှိခဲ့ပြီး သူ၏သရုပ်ဆောင်လောကဖြတ်သန်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက် များကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်ဘုရင်မကြီးက သူရဲကောင်းဘွဲ့ (CBE) ချီးမြှင့်ခြင်းခံခဲ့ရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service