ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဘာမြူဒါကျွန်းရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဈေးကွက်တင်

ထပ်ဆင့်အော်စကာဆုရှင် မိုက်ကယ်ဒေါက်ဂလပ်နှင့် ဇနီးဖြစ်သူ ဟောလိဝုဒ်သရုပ်ဆောင် ကက်သရင်းဇီတာ ဂျုန်းစ်တို့က မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဘာမြူဒါကျွန်းရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
25 Jun 2019 11:32 am တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

တည်နေရာ- အမေရိကန်ပြည်၏ အရှေ့ဘက် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတည်ရှိသော ဘာမြူဒါကျွန်းမှ Warwick အရပ်

ဈေးနှုန်း- ကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း

အကျယ်အဝန်း- ၇၃၈၁ စတုရန်းပေ၊ အိပ်ခန်း ၄ ခန်း၊ ဧည့်ဂေဟာအိမ်၊ ဝန်ထမ်းနေအိမ်ခန်း

ကက်သရင်းဇီတာဂျုန်းစ်သည် အင်္ဂလန်ဘုရင်မကြီး၏ သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

အင်္ဂလန်နိုင်ငံ ဆွမ်ဆီးအရပ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကပင် သရုပ်ဆောင်လောက၌ စတင်ခြေချခဲ့သည်။

Annie နှင့် Bugsy Malone ဂီတဇာတ်မြူးကားများတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ုခဲ့သည်။

ယင်းနောက် လန်ဒန်ရှိ Arts Educational Schools တွင် တေးဂီတပညာကို သင်ယူခဲ့သည်။

ကက်သရင်းဇီတာဂျုန်းသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၂ ခုနှစ်က ထုတ်လုပ်ခဲ့သော Chicago ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။

သရုပ်ဆောင်ဘဝတစ်လျှောက် ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သည့်အနက် အော်စကာဆု ၁ ခု၊ ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆု ၁ ခုနှင့် တိုနီဆု ၁ ခုတို့ရရှိခဲ့ပြီး သူ၏သရုပ်ဆောင်လောကဖြတ်သန်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက် များကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်ဘုရင်မကြီးက သူရဲကောင်းဘွဲ့ (CBE) ချီးမြှင့်ခြင်းခံခဲ့ရသည်။

ကက်သရင်းဇီတာဂျုန်းစ်၏ ခင်ပွန်း မိုက်ကယ် ဒေါက်ဂလပ်မှာ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။

မိုက်ကယ်ဒေါက်ဂလပ်သည် အနုပညာသက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာ ရရှိထားရာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၅ ခု၊ Primetime Emmy ဆု ၁ ခု၊ Cecil B. DeMille ဆုနှင့် AFI Life Achievement ဆုတို့ ပါဝင်သည်။

မိုက်ကယ်ဒေါက်ဂလပ်နှင့် ကက်သရင်းဇီတာဂျုန်းစ်တို့သည် ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်ဟု သိရသည်။

မိုက်ကယ်ဒေါက်ဂလပ်၏ မိသားစုသည် ဘာမြူဒါကျွန်းပေါ်တွင် ကာလတာရှည် မျိုးဆက်များစွာ အခြေချနေထိုင်ခဲ့ကြသည့် ထင်ရှားသူများ ဖြစ်ကြသည်။

ယခုအခါ အဆိုပါ ကျွန်းပေါ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။

ခြံအကျယ် ၃ ဧကရှိပြီး ခြံဝန်းအတွင်း ကောင်းစွာမြေယာအလှပြုပြင်ထားသည်။

ပင်မနေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၃၀၀ ရှိပြီး အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း၊ အိပ်ခန်း ၂ ခန်းပါ ခြံစောင့်အိမ်တစ်လုံး၊ အိပ်ခန်းတစ်ခန်းပါ လူနေခန်းတစ်ခန်းတို့ ပါဝင်သည်။

အဆိုပါနေအိမ်သည် နှစ်ပေါင်းများစွာ ကာလအတွင်း အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့သည်။

ယခုအခါ Sotheby’s Intl. Realty မှ အကျိုးဆောင် လင်ဒီ သက်ချာက ဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

အပေါ်ထပ်တွင် ဧည့်သည်များအတွက် master bedroom တစ်ခန်း၊ ရုံးခန်းနှင့် မီဒီယာခန်းမတို့ တည်ရှိပြီး ပေ ၅၀ အလျားရှိ ဝရန်တာမှတဆင့် ဟမ်မိလ်တန် ဆိပ်ကမ်း၏အလှများကို ကြည့်ရှုနိုင်သည်။

မြေအောက်ခန်းတွင် ရေချိုးခန်းနှင့် sauna တို့ပါဝင်သော လေ့ကျင့်ခန်း ခန်းမတစ်ခု ပါဝင်သည်။

နေအိမ်ပြင်ပတွင်မူ ဘယဆေး ပန်းဥယျာဉ်နှင့် သစ်သီးဝလံပင်များ၊ ကျောက်ကပ်ပုံသဏ္ဍာန် ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ တည်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
နိုင်ငံအကျယ်အဝန်း အလွန်ကျယ်ပြောကာ သာယာလှပသော်လည်း တိုင်းပြည်ဧရိယာ၏ ၉၉ ရာခိုင်နှုန်း ကျော်တွင် နေထိုင်သူမရှိသော နိုင်ငံ
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
အင်္ဂလန်မှ အမျိုးသမီးတစ်ဦး ယူရို ၂ သန်း ထီပေါက်ပြီး အလှပြင်ဆိုင်ဖွင့်ခြင်း၊ ဒူဘိုင်းသို့ လည်ပတ်ခြင်း၊ တန်ဖိုးကြီးလက်ကိုင
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
နေပြည်တော် အိမ်ခြံမြေဈေးကွက် အရောင်း၊အဝယ်၊အငှါး မြင့်တက်နေဆဲ
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ကျောက်ဖယားမြစ်ကမ်းမှ မျိုးစေ့ဆိုင်လေးနှင့် အခြားသော.. (သို့မဟုတ်) အာရှတိုက်၏ အချမ်းသာဆုံး မိသားစုကြီး (၅) စု
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
ဒလ - ဆိပ်ကြီးခနောင်တိုတံတား 2025 မတ်လတွင် တည်ဆောက်ပြီးစီးမည်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
taunggyi-garden-city
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service