ေပါင္ ၆၅ သန္း သံုးစြဲရံုျဖင့္ ဘဟားမားကၽြန္းႏိုင္ငံတြင္ ကၽြန္းတစ္ကၽြန္းပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး

ေပါင္ ၆၅ သန္း သံုးစြဲရံုျဖင့္ ဘဟားမားကၽြန္းႏိုင္ငံတြင္ ကၽြန္းတစ္ကၽြန္းပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး - Property News in Myanmar from iMyanmarHouse.com
9 Aug 2019 11:49 am တွင် တင်ခဲ့သည်
2502 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

ဘဟားမားသည္ ကၽြန္းေပါင္း ၇၀၀ ေက်ာ္ျဖင့္ ဖြဲ႔စည္းထားသည့္ ကၽြန္းႏိုင္ငံတစ္ခုျဖစ္ျပီး အေမရိကန္ျပည္ေထာင္စု၊ ဖေလာ္ရီဒါ ျပည္နယ္ ၏ အေရွ႕ေတာင္ဘက္ ၈၀ ကီလုိမီတာအကြာ၊ က်ဴးဘားႏိုင္ငံ၏ ေျမာက္ဘက္ အတၱလႏိၱတ္သမုဒၵရာအတြင္းတြင္ တည္ရွိသည္။

ယခုအခါ အဆိုပါကၽြန္းႏိုင္ငံအတြင္းမွ ကၽြန္းတစ္ကၽြန္းကို ေပါင္ ၆၅ သန္းျဖင့္ ေရာင္းခ်ရန္ အေရာင္းေစ်းကြက္ဝင္လာျခင္း ျဖစ္သည္။

ဘဟားမားကၽြန္းစုတည္ရွိရာေနရာသည္ ဆိုင္ကလုန္းမုန္တိုင္းမ်ားျဖင့္ ရာသီဥတုဆိုးရြားေလ့ရွိေသာေနရာ တစ္ခုျဖစ္သည္။

ေပါင္ ၆၅ သန္းဆိုေသာ္လည္း အတိအက်အားျဖင့္ဆိုလွ်င္ ေပါင္ ၆၅၁၁၈၅၀၀ ျဖင့္ ေစ်းကြက္တင္လာျခင္း ျဖစ္သည္။

ေရာင္းခ်မည့္ကၽြန္းအမည္မွာ Little Pipe Cay ဟုအမည္ရျပီး ၂၀၁၈ ခုႏွစ္အတြင္းကလည္း အေရာင္းေစ်းကြက္ဝင္ခဲ့ဖူးျပီး ယခုအခါ Knight Frank က ေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

စိမ္းလန္းေသာ သစ္ပင္မ်ား၊ ပင္လယ္၊ သဲေသာင္တို႔ရွိေသာ ကၽြန္းေပၚတြင္ အသင့္ေနထိုင္ရန္အတြက္ စံအိမ္တစ္လံုးလည္း ပါဝင္ျပီးျဖစ္သည္။

ပင္မေနအိမ္တြင္ အိပ္ခန္း ၉ ခန္းအထိ ပါဝင္ျပီး တိုင္ေလးတိုင္ႏွင့္အမိုးပါ အိပ္ရာကုတင္မ်ား၊ က်ယ္ျပန္႔ေသာ ဧည့္ခန္းေနရာ၊ လွပစြာ မြမ္းမံထားေသာ ေရခ်ဳိးခန္းမ်ား၊ ၾကီးမားေသာ ေရကူးကန္တစ္ကန္တို႔ ထည့္သြင္းေပးထားရာ ပင္လယ္တြင္ ေရကူးျခင္းကို ျငီးေငြ႔လာပါက ကိုယ္ပိုင္ေရကူးကန္အတြင္း ေရကူးႏိုင္သည္။

“တစ္သက္မွာ တစ္ၾကိမ္သာေတြ႔ရမယ့္ မယံုႏိုင္ေလာက္ေအာင္ ခမ္းနားလွပတဲ့ ကိုယ္ပိုင္ကၽြန္းတစ္ကၽြန္း ျဖစ္ပါတယ္။ Little Pipe Cay ကၽြန္းဟာ Exumas ကၽြန္းစုထဲမွာ အလွပဆံုးေနရာတစ္ခုျဖစ္ပါတယ္။ လက္ရွိပိုင္ရွင္ေတြက ၁၅ ႏွစ္ေလာက္ ပိုင္ဆိုင္ထားခဲ့တာပါ။ သဘာဝအလွကို အေျခတည္ျပီး ကမၻာေပၚက အလွဆံုးကၽြန္းစုေတြထဲက တစ္ခုကို လက္ရွိပိုင္ရွင္ေတြက ေစ့ေစ့စပ္စပ္ မြမ္းမံျပဳျပင္ ပံုေဖာ္ေပးထားပါတယ္။”ဟု ေစ်းကြက္တင္ အခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။

“Little Pipe Cay ဟာ Exumas ကၽြန္းစုရဲ႕ အဓိကရတနာတစ္ပါးျဖစ္ျပီး ဘဟားမားမွာရွိတဲ့ ထိပ္တန္းကိုယ္ပိုင္ကၽြန္းေတြထဲမွာ အပါအဝင္ျဖစ္ပါတယ္” ကၽြန္းေပၚတြင္ ပင္မေနအိမ္အျပင္ အျခားေသာ ေနအိမ္မ်ား၊ သစ္လံုးအိမ္မ်ားလည္း ရွိေနရာ အျခားေသာ လာေရာက္လည္ပတ္သူတို႔ တည္းခိုရန္အတြက္ အငွားခ်ထားျခင္းမ်ား ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။

ေနအိမ္ေတြအားလံုးဟာ မယံုႏိုင္ေလာက္ေအာင္ သာယာလွပတဲ့ ပင္လယ္ရႈေမွ်ာ္ခင္းေတြပိုင္ဆိုင္ထားျပီး တခ်ဳိ႕အိမ္ေတြဟာ ကမ္းေျခေတြကို စီးမိုးေတြ႔ျမင္ေနရတဲ့ေနရာေတြမွာ တည္ရွိပါတယ္။

ေလွမ်ား၊ သေဘၤာမ်ားဆိုက္ကပ္ရန္ သင့္ေလ်ာ္ေသာ ေပရာေပါင္းမ်ားစြာ ရွိသည့္ ကမ္းရိုးတန္းေနရာေကာင္းမ်ားစြာလည္း ပိုင္ဆိုင္ထားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဘဟားမားသည် ကျွန်းပေါင်း ၇၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ် ၏ အရှေ့တောင်ဘက် ၈၀ ကီလိုမီတာအကွာ၊ ကျူးဘားနိုင်ငံ၏ မြောက်ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတွင် တည်ရှိသည်။

ယခုအခါ အဆိုပါကျွန်းနိုင်ငံအတွင်းမှ ကျွန်းတစ်ကျွန်းကို ပေါင် ၆၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာခြင်း ဖြစ်သည်။

ဘဟားမားကျွန်းစုတည်ရှိရာနေရာသည် ဆိုင်ကလုန်းမုန်တိုင်းများဖြင့် ရာသီဥတုဆိုးရွားလေ့ရှိသောနေရာ တစ်ခုဖြစ်သည်။

ပေါင် ၆၅ သန်းဆိုသော်လည်း အတိအကျအားဖြင့်ဆိုလျှင် ပေါင် ၆၅၁၁၈၅၀၀ ဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။

ရောင်းချမည့်ကျွန်းအမည်မှာ Little Pipe Cay ဟုအမည်ရပြီး ၂၀၁၈ ခုနှစ်အတွင်းကလည်း အရောင်းဈေးကွက်ဝင်ခဲ့ဖူးပြီး ယခုအခါ Knight Frank က ဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

စိမ်းလန်းသော သစ်ပင်များ၊ ပင်လယ်၊ သဲသောင်တို့ရှိသော ကျွန်းပေါ်တွင် အသင့်နေထိုင်ရန်အတွက် စံအိမ်တစ်လုံးလည်း ပါဝင်ပြီးဖြစ်သည်။

ပင်မနေအိမ်တွင် အိပ်ခန်း ၉ ခန်းအထိ ပါဝင်ပြီး တိုင်လေးတိုင်နှင့်အမိုးပါ အိပ်ရာကုတင်များ၊ ကျယ်ပြန့်သော ဧည့်ခန်းနေရာ၊ လှပစွာ မွမ်းမံထားသော ရေချိုးခန်းများ၊ ကြီးမားသော ရေကူးကန်တစ်ကန်တို့ ထည့်သွင်းပေးထားရာ ပင်လယ်တွင် ရေကူးခြင်းကို ငြီးငွေ့လာပါက ကိုယ်ပိုင်ရေကူးကန်အတွင်း ရေကူးနိုင်သည်။

“တစ်သက်မှာ တစ်ကြိမ်သာတွေ့ရမယ့် မယုံနိုင်လောက်အောင် ခမ်းနားလှပတဲ့ ကိုယ်ပိုင်ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။ Little Pipe Cay ကျွန်းဟာ Exumas ကျွန်းစုထဲမှာ အလှပဆုံးနေရာတစ်ခုဖြစ်ပါတယ်။ လက်ရှိပိုင်ရှင်တွေက ၁၅ နှစ်လောက် ပိုင်ဆိုင်ထားခဲ့တာပါ။ သဘာဝအလှကို အခြေတည်ပြီး ကမ္ဘာပေါ်က အလှဆုံးကျွန်းစုတွေထဲက တစ်ခုကို လက်ရှိပိုင်ရှင်တွေက စေ့စေ့စပ်စပ် မွမ်းမံပြုပြင် ပုံဖော်ပေးထားပါတယ်။”ဟု ဈေးကွက်တင် အချက်အလက်များတွင် ဖော်ပြထားသည်။

“Little Pipe Cay ဟာ Exumas ကျွန်းစုရဲ့ အဓိကရတနာတစ်ပါးဖြစ်ပြီး ဘဟားမားမှာရှိတဲ့ ထိပ်တန်းကိုယ်ပိုင်ကျွန်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်” ကျွန်းပေါ်တွင် ပင်မနေအိမ်အပြင် အခြားသော နေအိမ်များ၊ သစ်လုံးအိမ်များလည်း ရှိနေရာ အခြားသော လာရောက်လည်ပတ်သူတို့ တည်းခိုရန်အတွက် အငှားချထားခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

နေအိမ်တွေအားလုံးဟာ မယုံနိုင်လောက်အောင် သာယာလှပတဲ့ ပင်လယ်ရှုမျှော်ခင်းတွေပိုင်ဆိုင်ထားပြီး တချို့အိမ်တွေဟာ ကမ်းခြေတွေကို စီးမိုးတွေ့မြင်နေရတဲ့နေရာတွေမှာ တည်ရှိပါတယ်။

လှေများ၊ သင်္ဘောများဆိုက်ကပ်ရန် သင့်လျော်သော ပေရာပေါင်းများစွာ ရှိသည့် ကမ်းရိုးတန်းနေရာကောင်းများစွာလည်း ပိုင်ဆိုင်ထားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service