ကၽြမ္းက်င္တဲ့အိမ္ျခံေျမ ဝယ္ေရာင္းနဲ႕ ေတြ႕ရတာ ဂုဏ္ယူစရာ

ကၽြမ္းက်င္တဲ့အိမ္ျခံေျမ ဝယ္ေရာင္းနဲ႕ ေတြ႕ရတာ ဂုဏ္ယူစရာ - Property Knowledge in Myanmar from iMyanmarHouse.com
8 Aug 2019 1:18 pm တွင် တင်ခဲ့သည်
1561 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

### Zawgyi Version ###

“ လူဆိုတာ မိတ္ေကာင္းေဆြေကာင္းရွိဖို႕ လိုသလုိ အၾကားအျမင္ဗဟုသုတမ်ားေသာ မိတ္ေဆြေကာင္းနဲ႕လည္း ရင္းနွီးကၽြမ္းဝင္ဖို႕လည္း အထူးလိုအပ္ပါတယ္။ ထို႕အတူပါပဲ မိမိတတ္ေျမာက္တဲ့ ဘာသာရပ္အေပၚမွာ တစ္စိုက္မတ္မတ္ ေလ့လာထားလို႕ ကၽြမ္းက်င္သူမ်ားနဲ႕လည္း ရင္းနွီးကၽြမ္းဝင္ဖို႕ လိုအပ္လာျပန္ပါတယ္။ ဒါေၾကာင့္ ျမတ္ဗုဒၶက မဂၤလာသုတ္တရားေတာ္ မွာ ေဟာေျပာထားတဲ့ စာတစ္ေၾကာင္းကို ျပန္ေျပာင္းသတိရလာျပန္ပါတယ္ ။ ”

အဲဒါကေတာ့ “ မာဟု သစၥဥၨ သိပၸဥၶ ” တဲ့ အၾကားအျမင္ဗဟုသုတ မ်ားျခင္း သိပၸအတတ္ကို တတ္ကၽြမ္းျခင္းတို႕နဲ႕ ျပည့္စံုတဲ့ ပုဂိၢဳလ္မ်ားနဲ႕ရင္းနွီးကၽြမ္းဝင္ရျခင္းဟာလည္း မဂၤလာတစ္ပါး ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၀ နွစ္ေက်ာ္ကာလက ေမာင္ေကာင္းေဖလည္း ရပ္ကြက္တစ္ခုရဲ႕ အက်ိဳးသယ္ပိုးေဆာင္ရြက္ရန္အတြက္ ‘ ရယက ’ အဖြဲ႕အစည္းမွာပါဝင္ ေဆာင္ရြက္ခဲ့ဖူးပါတယ္။တစ္ဖက္မွာလည္း မိမိရဲ႕ အသက္ေမြးဝမ္းေက်ာင္းအလုပ္ျဖစ္တဲ့ အိမ္ျခံေျမစာခ်ဳပ္စာတမ္းအလုပ္ကိုလည္း တစ္စိုက္မတ္မတ္ လုပ္ခဲ့ပါတယ္။

ပရဟိတလုပ္ခဲ့တဲ့အက်ိဳး မိိတ္ေဆြတိုး၏

အဲဒီမွာ ပရဟိတ လုပ္ရင္းဌာနဆိုင္ရာ အဖြဲ႕အစည္းအသီးသီးက မိတ္ေဆြေတြနဲ႕လည္း ရင္းနွီးခြင့္ရခဲ့ပါတယ္။အဲဒီ ရင္းနွီးသူေတြထဲမွာ ေထြအုပ္ရုံးက ဝန္ထမ္းမ်ားနဲ႕ ပိုမိုရင္းနွီးခြင့္ရခဲ့ပါတယ္။ ကၽြႏု္ပ္လည္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးနဲ႕ ပတ္သက္လို႕ သိလိုတာမ်ားရွိရင္လည္း သူတုိ႕ကိုပဲ ေမးရပါတယ္။သူတို႕ကလည္း ကၽြန္ုပ္ကို ေရွ႕ေနမွန္းသိလို႕ ျဖစ္မွာပါ။ အိမ္ေထာင္ေရး လူမႈေရး ၊ စီးပြားေရးမ်ားနဲ႕ ဆက္ႏြယ္တဲ့ ဥပေဒကိစၥမ်ားရွိရင္ ေမးၾက ေဆြးေႏြးၾကေတာ့တာဘဲ။ အဲဒါေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴးခ်င္းအတူတူ ကၽြႏ္ုပ္ကို ပိုမို ခင္မင္ၾကတာလို႕ထင္ပါတယ္ ။

ဥပေဒေရးရာနဲ႕ ပတ္သက္ျပီး သူတို႕ သိခ်င္တာသာမကဘူး။ သူတို႕ရဲ႕ မိသားစု ၊ ေဆြးမ်ိဳး ၊ မိတ္သဂၤဟေတြမွာ အမႈကိစၥေတြ ေပၚေပါက္လာရင္လည္း လူလႊတ္၍ျဖစ္ေစ ၊ ကိုယ္တိုင္လာ၍ ျဖစ္ေစ ၊ လာေရာက္ေမးျမန္းၾကပါတယ္။ အဲဒီ ေမးျမန္းၾကသူေတြအထဲမွာမွ ‘ မေဆြ ’ က ေတာ့ ကိစၥရွိရင္ အျမဲတန္းလိုလို တိုင္ပင္ေဆြးေႏြးေလ့ရွိတဲ့ မိန္းမပ်ိဳတစ္ေယာက္ေပါ့။

အခုတစ္ေယာက္ ဖုန္းမဆက္တာၾကာလို႕ သတိရေနတုန္း ‘ မေဆြ ’ ရဲ႕ဖုန္းေခၚသံကို ၾကားရပါျပီ ။ “ ဦးဦးေရ ကၽြန္မ အစ္ကိုၾကီးက ေျမာက္ဒဂံုမွာ အိမ္ဝယ္တယ္ေလး ။ စရန္ေပးစာခ်ဳပ္ကိုေတာ့ ပြဲစားက ခ်ဳပ္ေပးလိုက္တယ္၊ (၁၀)သိန္း စရန္ေပးခဲ့တယ္ေလ ၊ အဲဒါ မနက္ျဖန္ၾကရင္ သိန္း ၁၀၀ ေပးတဲ့ စရန္ေပးစာခ်ဳပ္ၾကီး ဆက္ခ်ဳပ္ခ်င္လို႕ ဦးဦးကို ေခၚတာပါ ”

“ ေဟ ဟုတ္လား သမီးတို႕ကလည္း ဆိုင္မဆင့္ဗံုမဆင့္ ျမန္လာတာေနာ္ ၊ ဂရန္နဲ႕စာခ်ဳပ္အဆက္အစပ္ေတြေကာ အေသအခ်ာစစ္ေဆးျပီးဝယ္တာဟုတ္ရဲ႕လားကြယ့္ ”

“ အဲဒါေတြ နားမလည္လို႕ ဦးဦးကို ေခၚတာေပါ့ ”

“ တိုက္က ပြဲစားေတြကေကာ ဘာေျပာလဲ”

“ ဒီေျမကြက္ေရာင္းသူေတြက ဂရန္အမည္ေပါက္တဲ့ ကိုယ္စားလွယ္ယူထားတယ္။ စာခ်ဳပ္အဆက္အစပ္မမ်ားဘူးလို႕ ေျပာပါတယ္။အဲဒါမနက္ျဖန္က်ရင္ အေသအခ်ာစစ္ေပးပါေနာ္ ”

“ ဟုတ္ပါျပီ ၊ ဦးဦးလာခဲ့မယ္ ”

ေျပာျပီးေနာက္မွ သတိရျပီး ေရာင္းသူထံက လက္ခံယူလာတဲ့ ဂရန္မိတၱဴနဲ႕ စတိစရန္ေပးစာခ်ဳပ္တို႕ကို ဓာတ္ပံုရုိက္ Viber က တစ္ဆင့္ ပို႕လိုက္ဖို႕ မွာလိုက္ရေသးတယ္ 

ဒီခတ္လူငယ္ေတြက ဖုန္းအသံုးျပဳရတာ ကၽြမ္းက်င္တာမို႕ ခဏေလးဘဲေစာင့္ရတယ္။

Viber မွာ ဂရန္မိတၱဴနဲ႕ စာခ်ဳပ္မိတၱဴပံုေတြေရာက္လာပါတယ္။ စာခ်ဳပ္ေတြ ဖတ္ၾကည့္လိုက္ေတာ့ ဝယ္ထားသူက တစ္ဦး ၊ ဂရန္အမည္ေပါက္က တစ္ဦးျဖစ္ေနတယ္။ အို ဒါဆိုရင္ အခု ေရာင္းသူက ဂရန္အမည္ေပါက္ထဲက ကို္ယ္စားလွယ္လႊဲစာယူထားျပီး ျပန္ေရာင္းတာ ျဖစ္မယ္လို႕ ခန္႕မွန္းၾကည့္လို႕ရပါတယ္။

ေက်းဇူးတင္ပါတယ္ Viber ရယ္

ဒီလို Viber က တစ္ဆင့္ပို႕လိုက္ေတာ့ စရန္ေပးစာခ်ဳပ္ကို မနက္မွာအခ်ိန္မွီ ျပင္ဆင္ျပီး KBZ Bank အနီး မဟာရန္ကုန္ လက္ဖက္ရည္ဆိုင္မွာ မေဆြတို႕နဲ႕ ေတြ႕ျဖစ္ၾကပါတယ္. မေဆြတို႕ရဲ႕ မေရွ႕မေနွာင္းမွာဘဲ ေရာင္းသူဇနီးေမာင္နွံလည္း ေရာက္လာပါတယ္။ ဒီအထဲမွာ အက်ိဳးေဆာင္ပြဲစားကလည္း အဆင္သင့္ ေစာင့္ေနတယ္ေလ။

ကၽြႏ္ုပ္ထင္သလိုပါပဲ ေရာင္းသူဘက္က ေျမငွါးဂရန္စာခ်ဳပ္ရယ္ ၊ အရပ္ကတိရယ္ ၊ သူတို႕ဝယ္ထားတဲ့ စာခ်ဳပ္ရယ္ ၊ ျပီးေတာ့ မၾကာေသးခင္က ျမိဳ႕ေတာ္စည္ပင္ေျမယာဌာနက ထုတ္ယူထားတဲ့ အေရာင္းေျမပံု ၊ ေျမရာဇဝင္မူရင္းျပပါတယ္။ ဒါ့အျပင္ ဂရန္အမည္ေပါက္ထဲက လြန္ခဲ့တဲ့လက လႊဲယူထားတဲ့ မွတ္ပံုတင္အေထြေထြ ကိုယ္စားလွယ္လႊဲစာ ပူပူေႏြးေႏြးကိုလည္း ထုတ္ျပပါတယ္။

အိုး….ဟိုး….. ဒါဆိုရင္ ေရာင္းသူက အိမ္ျခံေျမဝယ္ေရာင္းလုပ္ေနတဲ့ လုပ္ငန္းရွင္ေတြျဖစ္ရမယ္လို႕ထင္တာနဲ႕ ညီေလးတို႕က ေျမကြက္အေရာင္းအဝယ္လုပ္ငန္းလုပ္ကိုင္ေနတဲ့ အက်ိဳးေဆာင္ေတြလားလို႕ ေမးၾကည့္မိပါတယ္။

ေရာင္းသူအမ်ိဳးသားက “ ေရွ႕ေနၾကီး လူကဲခတ္ေတာ္ေတာ္ေကာင္းတာပဲေနာ္။ ဟုတ္ပါတယ္ ။ေျမာက္ဒဂံုမွာ ကိုျဖိဳး တို႕ ဇနီးေမာင္နွံလို႕ ေမးလိုက္ရင္ မသိသူရွားပါတယ္။ဝယ္လိုက္ေရာင္းလိုက္ေပါ့ဆရာရယ္ ။ အခုဆရာတို႕ဆီက သိန္း ၁၀၀ စရန္ရျပီးတာနဲ႕ေနာက္ခ်ိတ္ထားတဲ့ပြဲစားနဲ႕ ေျမကြက္သြာၾကည့္မယ္ေလ ”

“ အိုေက အခုညီေလးတို႕ ျပတဲ့ ဂရန္နဲ႕ေျမပံုအပါအဝင္ အရပ္စာခ်ဳပ္နဲက ဂရန္အမည္ေပါက္ထံက လႊဲယူထားတဲ့ အေထြေထြ ကိုယ္စားလွယ္လႊဲစာရွိေနျပီဆိုေတာ့ အားလံုးျပည့္စံုပါတယ္။ဝယ္သူေတြ ဘက္ကလဲ သတင္းစား ေၾကာ္ျငာမယ္ ကန္႕ကြက္သူမရွိရင္ အျပီးအပိုင္ စာခ်ဳပ္ခ်ဳပ္ျပီး က်န္ေငြေပးေခ်ရုံပဲ ရွိေတာ့တာေပါ့မဟုတ္ဘူးလား ”

“ ဟုတ္ကဲ့”

ဆရာတို႕လို တကယ့္ အိမ္ျခံေျမ ေရွ႕ေန တစ္ဦးနဲ႕ ေတြ႕ရတာ ကၽြန္ေတာ္တို႕လည္း ဂုဏ္ယူပါတယ္။ အေထြအထူးရွင္ျပေနစရာမလိုေတာ့ဘူးေပါ့။ ဒီေနာက္မွာေတာ့ ေရာင္းသူေတြ ထံက ဂရန္နဲ႕ စာခ်ဳပ္မိတၱဴဂ်ီပီမိတၱဴေတြယူျပီး စရန္ေပးစာခ်ဳပ္ခ်ဳပ္ၾကတယ္။ ျပီးေတာ့ KBZ ဘဏ္မွ ေငြထုတ္ျပီး ေပးလိုက္ပါတယ္။ အားလံုးပဲ က်န္ေငြေပးေခ်ရမယ့္ေန႕ကို အသိေပးျပီး ႏႈတ္ဆက္ကာ ေပ်ာ္ရႊင္စြာျပန္ခဲ့ၾကပါေတာ့တယ္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

သုခိအတၱာနံ ပရိဟရႏၱဳ ဒုကၡမုစၥႏၱကမၼႆကာ

Credit: လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ

### Unicode Version ###

“ လူဆိုတာ မိတ်ကောင်းဆွေကောင်းရှိဖို့ လိုသလို အကြားအမြင်ဗဟုသုတများသော မိတ်ဆွေကောင်းနဲ့လည်း ရင်းနှီးကျွမ်းဝင်ဖို့လည်း အထူးလိုအပ်ပါတယ်။ ထို့အတူပါပဲ မိမိတတ်မြောက်တဲ့ ဘာသာရပ်အပေါ်မှာ တစ်စိုက်မတ်မတ် လေ့လာထားလို့ ကျွမ်းကျင်သူများနဲ့လည်း ရင်းနှီးကျွမ်းဝင်ဖို့ လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် မြတ်ဗုဒ္ဓက မင်္ဂလာသုတ်တရားတော် မှာ ဟောပြောထားတဲ့ စာတစ်ကြောင်းကို ပြန်ပြောင်းသတိရလာပြန်ပါတယ် ။ ”

အဲဒါကတော့ “ မာဟု သစ္စဉ္ဇ သိပ္ပဉ္ဓ ” တဲ့ အကြားအမြင်ဗဟုသုတ များခြင်း သိပ္ပအတတ်ကို တတ်ကျွမ်းခြင်းတို့နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များနဲ့ ရင်းနှီးကျွမ်းဝင်ရခြင်းဟာလည်း မင်္ဂလာတစ်ပါး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလက မောင်ကောင်းဖေလည်း ရပ်ကွက်တစ်ခုရဲ့ အကျိုးသယ်ပိုးဆောင်ရွက်ရန်အတွက် ‘ ရယက ’ အဖွဲ့အစည်းမှာပါဝင် ဆောင်ရွက်ခဲ့ဖူးပါတယ်။တစ်ဖက်မှာလည်း မိမိရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေစာချုပ်စာတမ်းအလုပ်ကိုလည်း တစ်စိုက်မတ်မတ် လုပ်ခဲ့ပါတယ်။

ပရဟိတလုပ်ခဲ့တဲ့အကျိုး မိတ်ဆွေတိုး၏

အဲဒီမှာ ပရဟိတ လုပ်ရင်းဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးက မိတ်ဆွေတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့ပါတယ်။အဲဒီ ရင်းနှီးသူတွေထဲမှာ ထွေအုပ်ရုံးက ဝန်ထမ်းများနဲ့ ပိုမိုရင်းနှီးခွင့်ရခဲ့ပါတယ်။ ကျွနု်ပ်လည်း ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ သိလိုတာများရှိရင်လည်း သူတို့ကိုပဲ မေးရပါတယ်။သူတို့ကလည်း ကျွန်ုပ်ကို ရှေ့နေမှန်းသိလို့ ဖြစ်မှာပါ။ အိမ်ထောင်ရေး လူမှုရေး ၊ စီးပွားရေးများနဲ့ ဆက်နွယ်တဲ့ ဥပဒေကိစ္စများရှိရင် မေးကြ ဆွေးနွေးကြတော့တာဘဲ။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးချင်းအတူတူ ကျွန်ုပ်ကို ပိုမို ခင်မင်ကြတာလို့ထင်ပါတယ် ။

ဥပဒေရေးရာနဲ့ ပတ်သက်ပြီး သူတို့ သိချင်တာသာမကဘူး။ သူတို့ရဲ့ မိသားစု ၊ ဆွေးမျိုး ၊ မိတ်သင်္ဂဟတွေမှာ အမှုကိစ္စတွေ ပေါ်ပေါက်လာရင်လည်း လူလွှတ်၍ဖြစ်စေ ၊ ကိုယ်တိုင်လာ၍ ဖြစ်စေ ၊ လာရောက်မေးမြန်းကြပါတယ်။ အဲဒီ မေးမြန်းကြသူတွေအထဲမှာမှ ‘ မဆွေ ’ က တော့ ကိစ္စရှိရင် အမြဲတန်းလိုလို တိုင်ပင်ဆွေးနွေးလေ့ရှိတဲ့ မိန်းမပျိုတစ်ယောက်ပေါ့။

အခုတစ်ယောက် ဖုန်းမဆက်တာကြာလို့ သတိရနေတုန်း ‘ မဆွေ ’ ရဲ့ဖုန်းခေါ်သံကို ကြားရပါပြီ ။ “ ဦးဦးရေ ကျွန်မ အစ်ကိုကြီးက မြောက်ဒဂုံမှာ အိမ်ဝယ်တယ်လေး ။ စရန်ပေးစာချုပ်ကိုတော့ ပွဲစားက ချုပ်ပေးလိုက်တယ်၊ (၁၀)သိန်း စရန်ပေးခဲ့တယ်လေ ၊ အဲဒါ မနက်ဖြန်ကြရင် သိန်း ၁၀၀ ပေးတဲ့ စရန်ပေးစာချုပ်ကြီး ဆက်ချုပ်ချင်လို့ ဦးဦးကို ခေါ်တာပါ ”

“ ဟေ ဟုတ်လား သမီးတို့ကလည်း ဆိုင်မဆင့်ဗုံမဆင့် မြန်လာတာနော် ၊ ဂရန်နဲ့ စာချုပ်အဆက်အစပ်တွေကော အသေအချာစစ်ဆေးပြီးဝယ်တာဟုတ်ရဲ့လားကွယ့် ”

“ အဲဒါတွေ နားမလည်လို့ဦးဦးကို ခေါ်တာပေါ့ ”

“ တိုက်က ပွဲစားတွေကကော ဘာပြောလဲ”

“ ဒီမြေကွက်ရောင်းသူတွေက ဂရန်အမည်ပေါက်တဲ့ ကိုယ်စားလှယ်ယူထားတယ်။ စာချုပ်အဆက်အစပ်မများဘူးလို့ ပြောပါတယ်။အဲဒါမနက်ဖြန်ကျရင် အသေအချာစစ်ပေးပါနော် ”

“ ဟုတ်ပါပြီ ၊ ဦးဦးလာခဲ့မယ် ”

ပြောပြီးနောက်မှ သတိရပြီး ရောင်းသူထံက လက်ခံယူလာတဲ့ ဂရန်မိတ္တူနဲ့ စတိစရန်ပေးစာချုပ်တို့ကို ဓာတ်ပုံရိုက် Viber က တစ်ဆင့် ပို့လိုက်ဖို့ မှာလိုက်ရသေးတယ် “

ဒီခတ်လူငယ်တွေက ဖုန်းအသုံးပြုရတာ ကျွမ်းကျင်တာမို့ ခဏလေးဘဲစောင့်ရတယ်။

Viber မှာ ဂရန်မိတ္တူနဲ့ စာချုပ်မိတ္တူပုံတွေရောက်လာပါတယ်။ စာချုပ်တွေ ဖတ်ကြည့်လိုက်တော့ ဝယ်ထားသူက တစ်ဦး ၊ ဂရန်အမည်ပေါက်က တစ်ဦးဖြစ်နေတယ်။ အို ဒါဆိုရင် အခု ရောင်းသူက ဂရန်အမည်ပေါက်ထဲက ကိုယ်စားလှယ်လွှဲစာယူထားပြီး ပြန်ရောင်းတာ ဖြစ်မယ်လို့ ခန့်မှန်းကြည့်လို့ရပါတယ်။

ကျေးဇူးတင်ပါတယ် Viber ရယ်

ဒီလို Viber က တစ်ဆင့်ပို့လိုက်တော့ စရန်ပေးစာချုပ်ကို မနက်မှာအချိန်မှီ ပြင်ဆင်ပြီး KBZ Bank အနီး မဟာရန်ကုန် လက်ဖက်ရည်ဆိုင်မှာ မဆွေတို့နဲ့ တွေ့ဖြစ်ကြပါတယ်. မဆွေတို့ရဲ့ မရှေ့မနှောင်းမှာဘဲ ရောင်းသူဇနီးမောင်နှံလည်း ရောက်လာပါတယ်။ ဒီအထဲမှာ အကျိုးဆောင်ပွဲစားကလည်း အဆင်သင့် စောင့်နေတယ်လေ။

ကျွန်ုပ်ထင်သလိုပါပဲ ရောင်းသူဘက်က မြေငှါးဂရန်စာချုပ်ရယ် ၊ အရပ်ကတိရယ် ၊ သူတို့ဝယ်ထားတဲ့ စာချုပ်ရယ် ၊ ပြီးတော့ မကြာသေးခင်က မြို့တော်စည်ပင်မြေယာဌာနက ထုတ်ယူထားတဲ့ အရောင်းမြေပုံ ၊ မြေရာဇဝင်မူရင်းပြပါတယ်။ ဒါ့အပြင် ဂရန်အမည်ပေါက်ထဲက လွန်ခဲ့တဲ့လက လွှဲယူထားတဲ့ မှတ်ပုံတင်အထွေထွေ ကိုယ်စားလှယ်လွှဲစာ ပူပူနွေးနွေးကိုလည်း ထုတ်ပြပါတယ်။

အိုး….ဟိုး….. ဒါဆိုရင် ရောင်းသူက အိမ်ခြံမြေဝယ်ရောင်းလုပ်နေတဲ့ လုပ်ငန်းရှင်တွေဖြစ်ရမယ်လို့ထင်တာနဲ့ ညီလေးတို့က မြေကွက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အကျိုးဆောင်တွေလားလို့ မေးကြည့်မိပါတယ်။

ရောင်းသူအမျိုးသားက “ ရှေ့နေကြီး လူကဲခတ်တော်တော်ကောင်းတာပဲနော်။ ဟုတ်ပါတယ် ။မြောက်ဒဂုံမှာ ကိုဖြိုး တို့ ဇနီးမောင်နှံလို့ မေးလိုက်ရင် မသိသူရှားပါတယ်။ဝယ်လိုက်ရောင်းလိုက်ပေါ့ဆရာရယ် ။ အခုဆရာတို့ဆီက သိန်း ၁၀၀ စရန်ရပြီးတာနဲ့နောက်ချိတ်ထားတဲ့ပွဲစားနဲ့ မြေကွက်သွာကြည့်မယ်လေ ”

“ အိုကေ အခုညီလေးတို့ ပြတဲ့ ဂရန်နဲ့မြေပုံအပါအဝင် အရပ်စာချုပ်နဲက ဂရန်အမည်ပေါက်ထံက လွှဲယူထားတဲ့ အထွေထွေ ကိုယ်စားလှယ်လွှဲစာရှိနေပြီဆိုတော့ အားလုံးပြည့်စုံပါတယ်။ဝယ်သူတွေ ဘက်ကလဲ သတင်းစား ကြော်ငြာမယ် ကန့်ကွက်သူမရှိရင် အပြီးအပိုင် စာချုပ်ချုပ်ပြီး ကျန်ငွေပေးချေရုံပဲ ရှိတော့တာပေါ့မဟုတ်ဘူးလား ”

“ ဟုတ်ကဲ့”

ဆရာတို့လို တကယ့် အိမ်ခြံမြေ ရှေ့နေ တစ်ဦးနဲ့ တွေ့ရတာ ကျွန်တော်တို့လည်း ဂုဏ်ယူပါတယ်။ အထွေအထူးရှင်ပြနေစရာမလိုတော့ဘူးပေါ့။ ဒီနောက်မှာတော့ ရောင်းသူတွေ ထံက ဂရန်နဲ့ စာချုပ်မိတ္တူဂျီပီမိတ္တူတွေယူပြီး စရန်ပေးစာချုပ်ချုပ်ကြတယ်။ ပြီးတော့ KBZ ဘဏ်မှ ငွေထုတ်ပြီး ပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်ငွေပေးချေရမယ့်နေ့ကို အသိပေးပြီး နှုတ်ဆက်ကာ ပျော်ရွှင်စွာပြန်ခဲ့ကြပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

သုခိအတ္တာနံ ပရိဟရန္တု ဒုက္ခမုစ္စန္တကမ္မဿကာ

 

Credit: လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
လူတိုင်းမှာ ကိုယ့်အကြောင်းနဲ့ကိုယ်ရှိတယ်…. နှင့် အလင်းအမှောင် ညီအစ်ကို နှစ်ဦး
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
ကျွန်းလေးတစ်ကျွန်း၊ လှေကလေးတစ်စင်းနှင့် ချစ်ခြင်းမေတ္တာအကြောင်း
(၉) အလီက ပေးသော သင်ခန်းစာ
(၉) အလီက ပေးသော သင်ခန်းစာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်ဒေါ်လာ ၂၄ သန်း) အပြင် လက်ကိုင်ဖုန်းများ၊ လေအေးပေးစက်များ၊ ပန်ကာများ၊ အဝတ်အစားများနှင့် ငွေစက္ကူများ အားလုံးကို တစ်ခုမကျန် မြို့သ...
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
မြေပုံ / မြေရာဇဝင် ထုတ်ယူရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...
တရားမမှုစွဲဆိုရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါတယ်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ လျှောက်လွှာများကို ဧပြီလကုန်အထိဝယ်ယူနိုင်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
bkk-projects
thukha-garden-residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service