အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Apr 2024 3:21 pm တွင် တင်ခဲ့သည်
896 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မိမိအမည်ပေါက်ဖြင့် ပိုင်ဆိုင်မှုခိုင်မာသည့် မြေကွက်ပေါ်တွင် အဆောက်အအုံဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိကာ ဘဏ်ချေးငွေလျှောက်ထားရယူလိုပါက တစ်ဦးချင်း အိမ်ရာချေးငွေ အမျိုးအစားဖြင့်သည့် Home Construction Loan ဆောက်လုပ်ရေး အိမ်ရာချေးငွေအား လျှောက်ထားခြင်းပြုနိုင်ပါသည်။

ဘဏ်မှ ချေးငွေထုတ်ပေးပြီးပါက ပြန်လည်ပေးဆပ်နိုင်သော သူဟုတ်မဟုတ် စီစစ်မည်ဖြစ်ကာ အထောက် အထားအနေဖြင့် အောက်ပါစာရွက်စာတမ်းများ တင်ပြစေပါသည်။

- ချေးငွေလျှောက်ထားသူနှင့် သက်ဆိုင်သော မှတ်ပုံတင်မူရင်း (မိတ္တူ)၊

- အိမ်ထောင်စုစာရင်း မူရင်း(မိတ္တူ)၊

- နေထိုင်မှုအတွက် ရက်ကွက်ထောက်ခံစာ၊

- အလုပ်အကိုင်နှင့် သက်ဆိုင်သည့် အထောက်အထားများ၊

- စီးပွားရေးလုပ်ငန်းဆိုင်ရာ အထောက်အထား၊

- အစိုးရ/ကုမ္ပဏီ ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံချက်

- ငွေစာရင်းများနှင့် လုပ်ငန်း၏ မှတ်တမ်းများ၊

- အခွန်ဆောင်ထားသော ပြေစာများ

- လုပ်ငန်းလိုင်စင်နှင့်ဖြစ်ပါက သက်တမ်းရှိသော လိုင်စင်

- ဝင်ငွေရလမ်းအတွက် ဖော်ပြရမည့်အထောက်အထားများအား ဘဏ်သို့ တင်ပြနိုင်ရမည်ဖြစ်ပါသည်။

ထို့ပြင် မြေပိုင်ဆိုင်မှု အထောက်အထားမူရင်း(မိတ္တူ)၊ ဘဏ်ချေးငွေအတွက် (၆)လအတွင်း ထုတ်ယူသောသော မြေပုံ၊ မြေရာဇဝင်၊ ပုံစံ ၁၀၅/၁၀၆ ၊ မြေကွက်ပေါ်တွင် ဆောက်လုပ်မည့် အဆောက်အအုံအမျိုးအစားနှင့် အထပ် ရေအတွက် (အသေးစိတ်) ၊ အဆောက်အအုံ ကုန်ကျစရိတ် ခန့်မှန်းချေ၊ အဆောက်အအုံအား ပြီးစီးအောင် ဆောက်လုပ် မည့်အချိန် ၊ ကန်ထရိုက်နှင့် ချုပ်ဆိုသော စာချုပ်စာတမ်း(ရှိလျှင်)၊ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုချက် ပါမစ်တို့အပြင် အဆောက်အအုံဆောက်လုပ်ပြီး ၈၀ ရာခိုင်နှုန်းပြီးစီးပြီးပါက အာမခံပြုလုပ်ရပါမည်။

ဘဏ်မှ (၁၄)ရက်မှ တစ်လအတွင်း စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် ချေးငွေထုတ်ယူနိုင်သူ ဟုတ်မဟုတ် စီစစ်ကာ အကြောင်းပြန်ပါတယ်။ ဆောက်လုပ်မည့်အဆောက်အဦး ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းအထိ ငွေချေးယူ နိုင်ပါသည်။ ဘဏ်ရှေ့နေများမှ ဆောက်လုပ်မည့် အဆောက်အဦး၏ မြေကွက်အား ပိုင်ဆိုင်မှု စာရွက်စာတမ်းများ စစ် ဆေးပါသည်။ အဆောက်အအုံအား ပြန်လည်ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်လိုပါကလဲ ဘဏ်ချေးငွေ လျှောက်ထားရယူ နိုင်ပါတယ်။

အရစ်ကျ ချေးငွေအတိုးနှုန်းကို (၁၃)ရာခိုင်နှုန်းထိ သတ်မှတ်ထားကြပြီး ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းထားနှင့် ဘဏ်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း ဥပဒေဗဟုသုတအ‌နေဖြင့် ရေးသားတင်ပြလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 





















 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service