တိုက္ခန္းလက္ေရာက္မရဘဲ မူလေနသည့္ေရာင္းသူအား ဝယ္သူ၏အခြင့္အမိန္႔အရ ေနသူ မသတ္မွတ္ႏိုင္

တိုက္ခန္းလက္ေရာက္မရဘဲ မူလေနသည့္ေရာင္းသူအား ဝယ္သူ၏အခြင့္အမိန္႔အရ ေနသူ မသတ္မွတ္ႏိုင္ - Property Knowledge in Myanmar from iMyanmarHouse.com
1 Aug 2019 1:10 pm တွင် တင်ခဲ့သည်
1254 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

### Zawgyi Version ###

ကၽြန္ေတာ္၏မိတ္ေဆြျဖစ္သူ ဦးေက်ာ္ဝင္းႏိုင္သည္ ဖုန္းဆက္၍ အေၾကာင္းၾကားသျဖင့္ မိမိ၏ျမိဳ႕ထဲရုံးခန္းသို႕လာရင္း ၊ ဒဂံုျမိဳ႕နယ္ ၊ ျမိဳ႕မေက်ာင္းလမ္းရွိ ၊ အိုရီရင္တယ္ေဟာက္(စ္)ဒင္းဆန္းနွင့္ စားဖြယ္စံုဆိုင္တြင္ အသင့္ေစာင့္ေနေသာ ဦးေက်ာ္ဝင္းႏိုင္နွင့္ ေတြ႕ဆံုျဖစ္ပါတယ္။

စားဖြယ္ရာမ်ားကို မွာၾကားစားေသာက္ရင္း၊ ေဆြးေႏြးျဖစ္ၾကရာ ၊ ဦးေက်ာ္ဝင္းႏိုင္က “ သူငယ္ခ်င္းေရွ႕ေနၾကီးေရ ၊၊ သူငယ္ခ်င္းတို႕ ရုံးခန္းဖြင့္ထားတဲ့ ၊ ေက်ာက္တံတားျမိဳ႕နယ္မွာပဲ ၊ တိုက္ခန္းတစ္ခန္းကို အေပ်ာက္စနစ္နဲ႕ ဝယ္ဖို႕အတြက္ ၊ စရန္ေငြေပးထားပါတယ္၊ အခန္းေရာင္းခ်သူေတြက ၊ ေနာက္တစ္ေနရာေျပာင္းဖို႕ အဆင္မေျပေသးလို႕ (၃-၄)လေလာက္ ၊ ေခတၱေနပါရေစလို႕ ခြင့္ေတာင္းေနပါတယ္။အဲဒါကို ခြင့္ျပဳလိုက္ျပီး ၊ ေငြအေျပေခ်လိုက္မလားလို႕ ၊ ကိုယ္က ဆံုးျဖတ္ထားေပမယ့္ ၊ ကိုယ့္ဇနီးသည္က သူငယ္ခ်င္းကို ေမးပါဦးလို႕ ေျပာတဲ့အတြက္ ၊ ကုိယ္လည္း ဟုတ္သားပဲ ၊ ကိုယ့္သူငယ္ခ်င္းရဲ႕ အၾကံညဏ္ယူဦးမွပါဆိုျပီး ခ်ိန္းလိုက္တာပါကြာ ” ဟု ေျပာသျဖင့္ ကၽြန္ေတာ္က “ သူငယ္ခ်င္းအေနနဲ႕ တိုက္ခန္းဝယ္ထားတာကိုေတာ့ ကိုယ့္အေနနဲ႕ အားေပးပါတယ္ ၊ အဲဒီျမိဳ႕နယ္ကလည္း အျမဲတမ္းအေရာင္းအဝယ္ျဖစ္ေနျပီး ေဈးေကာင္းေကာင္းရမယ္၊ အျမတ္မ်ားမ်ားရမယ္ဆိုတဲ့ ေနရာေတြ ျဖစ္ေနလို႕ပါ ”

“ ဒါေပမဲ့ ကိုယ္အၾကံေပးခ်င္တာက၊ သူငယ္ခ်င္းဝယ္မယ့္တိုက္ခန္းကိုေတာ့ ေရာင္းသူက ေငြအေၾကယူျပီး ေျပာင္းေရႊ႕ဖယ္ရွာေပးခဲ့မွ လက္ေရာက္ရယူထားဖို႕ လိုပါတယ္ ၊ အကယ္၍ သူတို႕က (၃-၄) လေလာက္ ၊ ေခတၱေနခဲ့ရင္လည္ူ ၊ ေျပာင္းေရႊ႕ေတာ့မွပဲ ၊ ေငြအေျပေခ်မယ္လို႕ ေျပာလိုက္ေပါ့ ၊ ႏို႕မို႕ဆိုရင္သူငယ္ခ်င္းအေနနဲ႕ လက္လႊတ္ဆံုးရႈံးသြားႏုိင္လို႕ပါ ” ဟု ေျပာလိုက္မွ ၊ သူက “ ဟုတ္ရဲ႕လား ကြာ ၊ အကယ္၍ မဆင္းေပးခဲ့ရင္ ၊ ကိုယ့္မွာ အေရာင္းအဝယ္စာခ်ဳပ္လည္း ရွိတာပဲ ၊ ေနာက္ျပီး သူတို႕ကို ထားခဲ့ရင္လည္း ေခတၱအခမဲ့ေနထိုင္ခြင့္ေပးတဲ့ စာခ်ဳပ္ခ်ဳပ္ထားမွာေပါ့ ၊ ဒီေလာက္ေသခ်ာေနတာေတာင္ မျဖစ္ဘူးလား သူငယ္ခ်င္း ” ဟု အားတက္သေရာ ေျပာသျဖင့္ ကၽြန္ေတာ္က “ အဲဒါက ပိုဆိုးတာေပါ့ကြာ ၊ ပစၥည္းလႊဲေျပာင္းေရး အက္ဥပေဒပုဒ္မ ၁၀၅ မွာ ၊ မေရႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို အငွါးခ်ထားပါက ၊ အငွါးခ်ထားသည့္ပစၥည္း၏ အက်ိဳးခံစားခြင့္ကို လႊဲေျပာင္းလက္ခံရရွိမွ သာ ငွါးရမ္းသူျဖစ္လာမွာ ျဖစ္တယ္ ” လို႕ ျပဌာန္းထားပါတယ္။

“ ကို္္ယ္ေျပာခ်င္တဲ့သေဘာက ၊ သူငယ္ခ်င္းအေနနဲ႕ တိုက္ခန္းကို ဝယ္ယူတဲ့ေနရာမွာ ၊သူငယ္ခ်င္းဟာလည္း အိမ္ငွါးသာျဖစ္ပါတယ္။ အေပ်ာက္စနစ္ေၾကာင့္ ျဖစ္ပါတယ္ ၊ အိမ္ငွါးတစ္ဦးဟာ ၊ မိမိငွါးရမ္းေနထိုင္သည့္ ဥပစာကို တစ္ဆင့္ျပန္လည္၍ အငွါးခ်ထားခြင့္ ရွိပါတယ္ ၊ ထိုကဲ့သို႕ တစ္ဆင့္ျပန္လည္အငွါးခ်ထားရာ၌ ရန္ုကုန္ျမိဳ႕တြင္ အမ်ားလက္ခံက်င့္သံုးလ်က္ရွိေသာ အေပ်ာက္စနစ္ (ေနထိုင္ခြင့္အတြက္ တန္ရာတန္ေၾကးေပး၍ ဥပစာကို လႊဲေျပာင္းရယူသည့္စနစ္) ျဖင့္ သူငယ္ခ်င္းတို႕က အိမ္ငွါးမ်ားသာ ျဖစ္ေနပါတယ္ ”

“ ဒါေၾကာင့္ တိုက္ခန္းေရာင္းသူကလည္ူ အိမ္ငွါး ၊ ဝယ္ထားတဲ့သူေတြကလည္း အိမ္ငွါးျဖစ္ေနတဲ့အတြက္ ၊ တိုက္ခန္းေရာင္းသူေတြက ေျပာင္းေရႊ႕မေပးခဲ့ရင္ ၊ အိမ္ရွင္သည္ အခ်င္းျဖစ္အခန္းကို တစ္ခ်ိန္တည္းတြင္ သူငယ္ခ်င္းကဲ့သို႕ ဝယ္သူမ်ားအား အငွါးခ်ထားႏိုင္မည္ မဟုတ္ေခ်လို႕ ” ဦးအဘူကလန္ (ခ) ဦးသန္းထြန္းနွင့္ ဦးဝင္းႏိုင္ပါ ၂၊ ၁၉၉၂ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး ၊ စာမ်က္နွာ- ၁၆၉ ” အမႈတြင္ ဆံုးျဖတ္ထားပါတယ္ ”

“ တိုက္ခန္းကို အေပ်ာက္အေရာင္းအဝယ္စာခ်ဳပ္ျဖင့္ ဝယ္ယူျပီး ၊ လက္ရွိရယူခဲ့ျခင္းမရွိဘဲ ၊ မူလကပင္ ေနထိုင္လ်က္ရွိေသာတိုက္ခန္းအေပ်ာက္ျဖင့္ အခမဲ့ထားသူမ်ား အျဖစ္ ထားရွိျခင္းျဖစ္သည္ ၊ လမ္းညြန္စီရင္ထံုးမ်ားအရ အခြင့္အမိန္႕ျဖင့္ေနသူဟု သတ္မွတ္ႏိုင္ျခင္းမရွိေၾကာင္း ဆံုးျဖတ္ထားတဲ့ “ ဦးေဌးဝင္းပါ ၂ နွင့္ ၊ ေဒၚေအးျမင့္ပါ ၂ ၊ ၂၀၀၂ ခုနွစ္ ၊ ျမန္မာႏိုင္ငံတရားစီရင္ထံုး ၊ စာမ်က္နွာ -၃၃၆ ” ကို ရွင္းျပေပးပါရေစ ၊ သူငယ္ခ်င္းေဆာင္ရြက္မယ့္ အစီအစဥ္နဲ႕ တူညီေနလို႕ပါ ”

“ ဗိုလ္တေထာင္ျမိဳ႕နယ္ ၊ အမွတ္ ၆ ရပ္ကြက္ ၊ သိမ္ျဖဴလမ္း ၊ အမွတ္ ၇၃ ၊ ေျမညီထပ္ (ဝဲဘက္) ၊ ၁၂.၅ေပ x ေပ ၆၀ အက်ယ္အဝန္းရွိ အခန္း၏ အိမ္ငွါးမ်ားမွာ အယူခံတရားလို ဦးေဌးဝင္းနွင့္ ေဒၚခင္ခ်ိဳေလးတို႕ ျဖစ္ပါတယ္ ။ အဆိုပါအခန္းကို အယူခံတရားလို ဦးေဌးဝင္းနွင့္ ေဒၚခင္ခ်ိဳေလးတို႕က အေရးယူခံတရားျပိဳင္ ၊ ေဒၚေအးျမင့္နွင့္ ေဒၚသန္းသန္းေထြတို႕အား ၊ အခန္းအေပ်ာက္ ၊ အေရာင္းအဝယ္သေဘာတူ ကတိစာခ်ဳပ္ ၊ သက္ေသခံအမွတ္ (ခ)ျဖင့္ ၃-၃-၉၈ ရက္ေန႕က ေရာင္းခ်ခဲ့တယ္ ”

“ ထိုေန႕တြင္ပင္ အယူခံတရားျပိဳင္ေဒၚေအးျမင့္နွင့္ ေဒၚသန္းသန္းေထြးတို႕က အယူခံတရားလို ဦးေဌးဝင္းနွင့္ ေဒၚခင္ခ်ိဳေလးတို႕အား အဆိုပါအခန္းတြင္ (၃)လ ခန္႕ ေခတၱအခမဲ့ေနထိုင္ခြင့္ေပးသည့္ ကတိစာခ်ဳပ္သက္ေသခံအမွတ္ (င)ကို ခ်ဳပ္ဆိုခဲ့တယ္ ”

“ အယူခံတရားျပိဳင္ ေဒၚေအးျမင့္နွင့္ေဒၚသန္းသန္းေထြးတို႕အား အခ်င္းျဖစ္အခန္းကို အယူခံတရားလို ဦးေဌးဝင္းနွင့္ေဒၚခင္ခ်ိဳေလးတို႕ထံမွ အေပ်ာက္စနစ္ျဖင့္ ဝယ္ယူခဲ့ေသာ္လည္း ယင္းအခန္းကို လက္ဝယ္မရရွိခဲ့ေၾကာင္း ေပၚေပါက္တယ္ ”

“ အခ်င္းျဖစ္တိုက္ခန္း၏ အိမ္ရွင္နွင့္ အယူခံတရားလိုဦးေဌးဝင္နွင့္ ေဒၚခင္ခ်ိဳေလးတို႕အၾကား တည္ရွိခဲ့ေသာ အိမ္ရွင္ ၊ အိမ္ငွါး ဆက္ခံမႈကို ပစၥည္းလႊဲေျပာင္းေရး အက္ဥပေဒပုဒ္မ ၁၁၀ ပါ ျပဌာန္းခ်က္မ်ားနွင့္အညီ ရပ္စဲခဲ့ျခင္း မရွိ၍ ၊ အယူခံတရားလို ဦးေဌးဝင္းနွင့္ ေဒၚခင္ခ်ိဳေလးတို႕ဟာ အိမ္ရွင္၏ အိမ္ငွါးမ်ားအျဖစ္ ဆက္လက္ရပ္တည္ေနသည့္အေလ်ာက္ အယူခံတရားျပိဳင္ ေဒၚေအးျမင့္နွင့္ ေဒၚသန္းသန္းေထြးတို႕သည္ အိမ္ရွင္ဦးတင္ေမာင္ထံမွ အခန္းငွါးခေျပစာျဖတ္ပိုင္းမ်ားလက္ခံရရွိရုံမွ်နွင့္ ထိုအခန္း၏ အိမ္ငွါးမ်ား ျဖစ္မလာပါ ”

“ အယူခံတရားျပိဳင္ေဒၚေအးျမင့္နွင့္ ေဒၚသန္းသန္းေထြးတို႕ဟာ အခ်င္းျဖစ္အခန္း၏ အက်ိဳးခံစားခြင့္ကို လႊဲေျပာင္းလက္ခံရရွိခဲ့ျခင္း မရွိ၍ ငွါးရမ္းသူမ်ားျဖစ္မလာႏိုင္သကဲ့သို႕ ၊ အခ်င္းျဖစ္အခန္းကို ဝယ္ယူရာတြင္ မွတ္ပံုတင္စာခ်ဳပ္ျဖင့္ ဝယ္ယူျခင္း မဟုတ္ေသာေၾကာင့္ ပစၥည္းလႊဲေျပာင္းေရးအက္ဥပေဒပုဒ္မ ၅၄ အရ ၊ အခန္း၏ပိုင္ဆိုင္ခြင့္ကို လႊဲေျပာင္းရရွိမွာမဟုတ္ပါ ”

“ အေပ်ာက္စနစ္ျဖင့္ ဝယ္ယူသည္ဆိုလွ်င္လည္း အခန္းကို လက္ေရာက္မရရွိခဲ့ေသာေၾကာင့္ ၊ ပစၥည္းလြဲေျပာင္းေရးအက္ဥပေဒပုဒ္မ ၁၀၅ အရ အခန္း၏ အက်ိဳးခံစားခြင့္ကိုလည္း လႊဲေျပာင္းလက္ခံရရွိခဲ့ျခင္း မရွိေပ ”

“ ယခုအမႈတြင္ အယူခံတရားလို ဦးေဌးဝင္းနွင့္ ေဒၚခင္ခ်ိဳေလးတို႕သည္ ဥပေဒသေဘာအရ ၊ အခ်င္းျဖစ္ဥပစာတြင္ အိမ္ငွါးအျဖစ္ ဆက္လက္ေနထိုင္သူဟု ေကာက္ယူရမည့္ အေျခအေနမ်ိဳးရွိေနသည့္အတြက္ ၊ ၄င္းတို႕အား အခြင့္အမိန္႕အရ ေနထိုင္သူအျဖစ္ ၊ ဖယ္ရွားခြင့္ရွိမည္ မဟုတ္ပါ ”

“ အခ်င္းျဖစ္တုိက္ခန္းကို အေပ်ာက္အေရာင္းအဝယ္စာခ်ဳပ္ျဖင့္ ဝယ္ယူခဲ့ေသာ္လည္း ၊ လက္ရွိရယူခဲ့ျခင္း မရွိသည့္ ဝယ္ယူသူက၊ ထိုအခန္းတြင္ မူလကပင္ ေနထိုင္လ်က္ရွိေသာ ၊ ေရာင္းသူမ်ားအား အခြင့္အမိန္႕အရ ေနထိုင္သူမ်ားအျဖစ္ ဖယ္ရွားခြင့္ရွိေၾကာင္း စီရင္ဆံုးျဖတ္သည့္ တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီသည္ ဥပေဒနွင့္ ညီညြတ္မႈမရွ္ိေၾကာင္း ေျဖဆိုကာ ၊ ဤတရားမ အထူးအယူခံမႈကိူ ခြင့္ျပဳျပီး တရားရုံးခ်ဳပ္နွင့္ တိုင္းတရားရုံးတို႕၏ စီရင္ခ်က္နွင့္ ဒီကရီတို႕ကို ပယ္ဖ်က္၍ အယူခံတရားရုံးအဆင့္ဆင့္ စရိတ္နွင့္တကြ ပလပ္ေၾကာင္း တရားမအထူးအယူခံရုံးမွ ဆံုးျဖတ္ထားပါတယ္ ”

“ ဒါေၾကာင့္ သူငယ္ခ်င္းကလည္း ၊ လက္ေရာက္မရရွိခဲ့ေသးတဲ့အတြက္ ၊ ကိုယ္က တိုက္ခန္းအတြက္ ၊ စရန္ေငြေပးထားတာကိုပဲ ၊ ေက်နပ္ရမွာပါ ၊ ေရာင္းသူတို႕ေျပာင္းေရြ႕ေပးမွပဲ ၊ က်န္ေငြကို အေျပေခ်လိုက္ဖို႕ ၊ ကို္ယ္ကအၾကံေပးပါရေစ ၊ ကိုယ္နဲ႕ထိုက္ရင္ ကိုယ္ရမွာေပါ့ကြာ ၊ ကိုယ္နဲ႕မတိုက္တန္ရင္ေတာ့ ကိုယ္မရဘူးလို႕သာ မွတ္လိုက္ပါ ၊ တရားတေဘာင္ဆိုတာက ေတာ့ မျဖစ္တာသာ အေကာင္းဆံုးလို႕ ကိုယ္ေျပာပါရေစ ” ဟု အၾကံေပးနွစ္သိမ့္လိုက္ရပါသည္။

အိမ္ျခံေျမ ကိစၥအဝဝနွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာရွင္မ်ားနွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး (ဥပေဒ)

 

 

 

### Unicode Version ###

 

ကျွန်တော်၏မိတ်ဆွေဖြစ်သူ ဦးကျော်ဝင်းနိုင်သည် ဖုန်းဆက်၍ အကြောင်းကြားသဖြင့် မိမိ၏မြို့ထဲရုံးခန်းသို့လာရင်း ၊ ဒဂုံမြို့နယ် ၊ မြို့မကျောင်းလမ်းရှိ ၊ အိုရီရင်တယ်ဟောက်(စ်)ဒင်းဆန်းနှင့် စားဖွယ်စုံဆိုင်တွင် အသင့်စောင့်နေသော ဦးကျော်ဝင်းနိုင်နှင့် တွေ့ဆုံဖြစ်ပါတယ်။

စားဖွယ်ရာများကို မှာကြားစားသောက်ရင်း၊ ဆွေးနွေးဖြစ်ကြရာ ၊ ဦးကျော်ဝင်းနိုင်က “ သူငယ်ချင်းရှေ့နေကြီးရေ ၊၊ သူငယ်ချင်းတို့ ရုံးခန်းဖွင့်ထားတဲ့ ၊ ကျောက်တံတားမြို့နယ်မှာပဲ ၊ တိုက်ခန်းတစ်ခန်းကို အပျောက်စနစ်နဲ့ ဝယ်ဖိ့အတွက် ၊ စရန်ငွေပေးထားပါတယ်၊ အခန်းရောင်းချသူတွေက ၊ နောက်တစ်နေရာပြောင်းဖို့ အဆင်မပြေသေးလို့ (၃-၄)လလောက် ၊ ခေတ္တနေပါရစေလို့ ခွင့်တောင်းနေပါတယ်။အဲဒါကို ခွင့်ပြုလိုက်ပြီး ၊ ငွေအပြေချေလိုက်မလားလို့ ၊ ကိုယ်က ဆုံးဖြတ်ထားပေမယ့် ၊ ကိုယ့်ဇနီးသည်က သူငယ်ချင်းကို မေးပါဦးလို့ ပြောတဲ့အတွက် ၊ ကိုယ်လည်း ဟုတ်သားပဲ ၊ ကိုယ့်သူငယ်ချင်းရဲ့ အကြံညဏ်ယူဦးမှပါဆိုပြီး ချိန်းလိုက်တာပါကွာ ” ဟု ပြောသဖြင့် ကျွန်တော်က “ သူငယ်ချင်းအနေနဲ့ တိုက်ခန်းဝယ်ထားတာကိုတော့ ကိုယ့်အနေနဲ့ အားပေးပါတယ် ၊ အဲဒီမြို့နယ်ကလည်း အမြဲတမ်းအရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းကောင်းရမယ်၊ အမြတ်များများရမယ်ဆိုတဲ့ နေရာတွေ ဖြစ်နေလို့ပါ ”

“ ဒါပေမဲ့ ကိုယ်အကြံပေးချင်တာက၊ သူငယ်ချင်းဝယ်မယ့်တိုက်ခန်းကိုတော့ ရောင်းသူက ငွေအကြေယူပြီး ပြောင်းရွှေ့ဖယ်ရှာပေးခဲ့မှ လက်ရောက်ရယူထားဖို့ လိုပါတယ် ၊ အကယ်၍ သူတို့က (၃-၄) လလောက် ၊ ခေတ္တနေခဲ့ရင်လည်ူ ၊ ပြောင်းရွှေ့တော့မှပဲ ၊ ငွေအပြေချေမယ်လို့ ပြောလိုက်ပေါ့ ၊ နို့မို့ဆိုရင်သူငယ်ချင်းအနေနဲ့ လက်လွှတ်ဆုံးရှုံးသွားနိုင်လို့ပါ ” ဟု ပြောလိုက်မှ ၊ သူက “ ဟုတ်ရဲ့လား ကွာ ၊ အကယ်၍ မဆင်းပေးခဲ့ရင် ၊ ကိုယ့်မှာ အရောင်းအဝယ်စာချုပ်လည်း ရှိတာပဲ ၊ နောက်ပြီး သူတို့ကို ထားခဲ့ရင်လည်း ခေတ္တအခမဲ့နေထိုင်ခွင့်ပေးတဲ့ စာချုပ်ချုပ်ထားမှာပေါ့ ၊ ဒီလောက်သေချာနေတာတောင် မဖြစ်ဘူးလား သူငယ်ချင်း ” ဟု အားတက်သရော ပြောသဖြင့် ကျွန်တော်က “ အဲဒါက ပိုဆိုးတာပေါ့ကွာ ၊ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၁၀၅ မှာ ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို အငှါးချထားပါက ၊ အငှါးချထားသည့်ပစ္စည်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိမှ သာ ငှါးရမ်းသူဖြစ်လာမှာ ဖြစ်တယ် ” လို့ ပြဌာန်းထားပါတယ်။

“ ကို်ယ်ပြောချင်တဲ့သဘောက ၊ သူငယ်ချင်းအနေနဲ့ တိုက်ခန်းကို ဝယ်ယူတဲ့နေရာမှာ ၊သူငယ်ချင်းဟာလည်း အိမ်ငှါးသာဖြစ်ပါတယ်။ အပျောက်စနစ်ကြောင့် ဖြစ်ပါတယ် ၊ အိမ်ငှါးတစ်ဦးဟာ ၊ မိမိငှါးရမ်းနေထိုင်သည့် ဥပစာကို တစ်ဆင့်ပြန်လည်၍ အငှါးချထားခွင့် ရှိပါတယ် ၊ ထိုကဲ့သို့ တစ်ဆင့်ပြန်လည်အငှါးချထားရာ၌ ရန်ုကုန်မြို့တွင် အများလက်ခံကျင့်သုံးလျက်ရှိသော အပျောက်စနစ် (နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေး၍ ဥပစာကို လွှဲပြောင်းရယူသည့်စနစ်) ဖြင့် သူငယ်ချင်းတို့က အိမ်ငှါးများသာ ဖြစ်နေပါတယ် ”

“ ဒါကြောင့် တိုက်ခန်းရောင်းသူကလည်ူ အိမ်ငှါး ၊ ဝယ်ထားတဲ့သူတွေကလည်း အိမ်ငှါးဖြစ်နေတဲ့အတွက် ၊ တိုက်ခန်းရောင်းသူတွေက ပြောင်းရွှေ့မပေးခဲ့ရင် ၊ အိမ်ရှင်သည် အချင်းဖြစ်အခန်းကို တစ်ချိန်တည်းတွင် သူငယ်ချင်းကဲ့သို့ ဝယ်သူများအား အငှါးချထားနိုင်မည် မဟုတ်ချေလို့ ” ဦးအဘူကလန် (ခ) ဦးသန်းထွန်းနှင့် ဦးဝင်းနိုင်ပါ ၂၊ ၁၉၉၂ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ- ၁၆၉ ” အမှုတွင် ဆုံးဖြတ်ထားပါတယ် ”

“ တိုက်ခန်းကို အပျောက်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူပြီး ၊ လက်ရှိရယူခဲ့ခြင်းမရှိဘဲ ၊ မူလကပင် နေထိုင်လျက်ရှိသောတိုက်ခန်းအပျောက်ဖြင့် အခမဲ့ထားသူများ အဖြစ် ထားရှိခြင်းဖြစ်သည် ၊ လမ်းညွန်စီရင်ထုံးများအရ အခွင့်အမိန့်ဖြင့်နေသူဟု သတ်မှတ်နိုင်ခြင်းမရှိကြောင်း ဆုံးဖြတ်ထားတဲ့ “ ဦးဌေးဝင်းပါ ၂ နှင့် ၊ ဒေါ်အေးမြင့်ပါ ၂ ၊ ၂၀၀၂ ခုနှစ် ၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၊ စာမျက်နှာ -၃၃၆ ” ကို ရှင်းပြပေးပါရစေ ၊ သူငယ်ချင်းဆောင်ရွက်မယ့် အစီအစဉ်နဲ့ တူညီနေလို့ပါ ”

“ ဗိုလ်တထောင်မြို့နယ် ၊ အမှတ် ၆ ရပ်ကွက် ၊ သိမ်ဖြူလမ်း ၊ အမှတ် ၇၃ ၊ မြေညီထပ် (ဝဲဘက်) ၊ ၁၂.၅ပေ x ပေ ၆၀ အကျယ်အဝန်းရှိ အခန်း၏ အိမ်ငှါးများမှာ အယူခံတရားလို ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့ ဖြစ်ပါတယ် ။ အဆိုပါအခန်းကို အယူခံတရားလို ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့က အရေးယူခံတရားပြိုင် ၊ ဒေါ်အေးမြင့်နှင့် ဒေါ်သန်းသန်းထွေတို့အား ၊ အခန်းအပျောက် ၊ အရောင်းအဝယ်သဘောတူ ကတိစာချုပ် ၊ သက်သေခံအမှတ် (ခ)ဖြင့် ၃-၃-၉၈ ရက်နေ့က ရောင်းချခဲ့တယ် ”

“ ထိုနေ့တွင်ပင် အယူခံတရားပြိုင်ဒေါ်အေးမြင့်နှင့် ဒေါ်သန်းသန်းထွေးတို့က အယူခံတရားလို ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့အား အဆိုပါအခန်းတွင် (၃)လ ခန့် ခေတ္တအခမဲ့နေထိုင်ခွင့်ပေးသည့် ကတိစာချုပ်သက်သေခံအမှတ် (င)ကို ချုပ်ဆိုခဲ့တယ် ”

“ အယူခံတရားပြိုင် ဒေါ်အေးမြင့်နှင့်ဒေါ်သန်းသန်းထွေးတို့အား အချင်းဖြစ်အခန်းကို အယူခံတရားလို ဦးဌေးဝင်းနှင့်ဒေါ်ခင်ချိုလေးတို့ထံမှ အပျောက်စနစ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယင်းအခန်းကို လက်ဝယ်မရရှိခဲ့ကြောင်း ပေါ်ပေါက်တယ် ”

“ အချင်းဖြစ်တိုက်ခန်း၏ အိမ်ရှင်နှင့် အယူခံတရားလိုဦးဌေးဝင်နှင့် ဒေါ်ခင်ချိုလေးတို့အကြား တည်ရှိခဲ့သော အိမ်ရှင် ၊ အိမ်ငှါး ဆက်ခံမှုကို ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒ်မ ၁၁၀ ပါ ပြဌာန်းချက်များနှင့်အညီ ရပ်စဲခဲ့ခြင်း မရှိ၍ ၊ အယူခံတရားလို ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့ဟာ အိမ်ရှင်၏ အိမ်ငှါးများအဖြစ် ဆက်လက်ရပ်တည်နေသည့်အလျောက် အယူခံတရားပြိုင် ဒေါ်အေးမြင့်နှင့် ဒေါ်သန်းသန်းထွေးတို့သည် အိမ်ရှင်ဦးတင်မောင်ထံမှ အခန်းငှါးခပြေစာဖြတ်ပိုင်းများလက်ခံရရှိရုံမျှနှင့် ထိုအခန်း၏ အိမ်ငှါးများ ဖြစ်မလာပါ ”

“ အယူခံတရားပြိုင်ဒေါ်အေးမြင့်နှင့် ဒေါ်သန်းသန်းထွေးတို့ဟာ အချင်းဖြစ်အခန်း၏ အကျိုးခံစားခွင့်ကို လွှဲပြောင်းလက်ခံရရှိခဲ့ခြင်း မရှိ၍ ငှါးရမ်းသူများဖြစ်မလာနိုင်သကဲ့သို့ ၊ အချင်းဖြစ်အခန်းကို ဝယ်ယူရာတွင် မှတ်ပုံတင်စာချုပ်ဖြင့် ဝယ်ယူခြင်း မဟုတ်သောကြောင့် ပစ္စည်းလွှဲပြောင်းရေးအက်ဥပဒေပုဒ်မ ၅၄ အရ ၊ အခန်း၏ပိုင်ဆိုင်ခွင့်ကို လွှဲပြောင်းရရှိမှာမဟုတ်ပါ ”

“ အပျောက်စနစ်ဖြင့် ဝယ်ယူသည်ဆိုလျှင်လည်း အခန်းကို လက်ရောက်မရရှိခဲ့သောကြောင့် ၊ ပစ္စည်းလွဲပြောင်းရေးအက်ဥပဒေပုဒ်မ ၁၀၅ အရ အခန်း၏ အကျိုးခံစားခွင့်ကိုလည်း လွှဲပြောင်းလက်ခံရရှိခဲ့ခြင်း မရှိပေ ”

“ ယခုအမှုတွင် အယူခံတရားလို ဦးဌေးဝင်းနှင့် ဒေါ်ခင်ချိုလေးတို့သည် ဥပဒေသဘောအရ ၊ အချင်းဖြစ်ဥပစာတွင် အိမ်ငှါးအဖြစ် ဆက်လက်နေထိုင်သူဟု ကောက်ယူရမည့် အခြေအနေမျိုးရှိနေသည့်အတွက် ၊ ၎င်းတို့အား အခွင့်အမိန့်အရ နေထိုင်သူအဖြစ် ၊ ဖယ်ရှားခွင့်ရှိမည် မဟုတ်ပါ ”

“ အချင်းဖြစ်တိုက်ခန်းကို အပျောက်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ၊ လက်ရှိရယူခဲ့ခြင်း မရှိသည့် ဝယ်ယူသူက၊ ထိုအခန်းတွင် မူလကပင် နေထိုင်လျက်ရှိသော ၊ ရောင်းသူများအား အခွင့်အမိန့်အရ နေထိုင်သူများအဖြစ် ဖယ်ရှားခွင့်ရှိကြောင်း စီရင်ဆုံးဖြတ်သည့် တရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီသည် ဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း ဖြေဆိုကာ ၊ ဤတရားမ အထူးအယူခံမှုကိူ ခွင့်ပြုပြီး တရားရုံးချုပ်နှင့် တိုင်းတရားရုံးတို့၏ စီရင်ချက်နှင့် ဒီကရီတို့ကို ပယ်ဖျက်၍ အယူခံတရားရုံးအဆင့်ဆင့် စရိတ်နှင့်တကွ ပလပ်ကြောင်း တရားမအထူးအယူခံရုံးမှ ဆုံးဖြတ်ထားပါတယ် ”

“ ဒါကြောင့် သူငယ်ချင်းကလည်း ၊ လက်ရောက်မရရှိခဲ့သေးတဲ့အတွက် ၊ ကိုယ်က တိုက်ခန်းအတွက် ၊ စရန်ငွေပေးထားတာကိုပဲ ၊ ကျေနပ်ရမှာပါ ၊ ရောင်းသူတို့ပြောင်းရွေ့ပေးမှပဲ ၊ ကျန်ငွေကို အပြေချေလိုက်ဖို့ ၊ ကိုယ်ကအကြံပေးပါရစေ ၊ ကိုယ်နဲ့ထိုက်ရင် ကိုယ်ရမှာပေါ့ကွာ ၊ ကိုယ်နဲ့မတိုက်တန်ရင်တော့ ကိုယ်မရဘူးလို့သာ မှတ်လိုက်ပါ ၊ တရားတဘောင်ဆိုတာက တော့ မဖြစ်တာသာ အကောင်းဆုံးလို့ ကိုယ်ပြောပါရစေ ” ဟု အကြံပေးနှစ်သိမ့်လိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး (ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
Aung Theikdi Villa
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service