အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ - Property Knowledge in Myanmar from iMyanmarHouse.com
20 Apr 2025 2:31 pm တွင် တင်ခဲ့သည်
313 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အပတ်စဉ်ဥပဒေအမေးအဖြေအစီအစဉ်ကို စောင့်မျှော်အားပေးနေကြတဲ့ အိမ်ခြံမြေလောကသားတို့အတွက် ဒီတစ်ခေါက်မှာတော့ iMyanmarHouse ဆီကို မေးလာကြတဲ့မေးခွန်းတွေထဲမှ အမေးအများဆုံး အမေးအဖြေသုံးခုကို ဒီတစ်ပတ်အတွက် ဥပဒေအမေးအဖြေကဏ္ဍမှာ တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - အိမ်ခြံမြေရောင်းတော့မယ်ဆိုရင် ရောင်းသူများဘက်မှ ကြိုတင် ပြင်ဆင်ထားရမယ့်အချက်များကို သိလိုပါတယ်။

မြေငှားဂရန်မြေဖြစ်လျှင် ရောင်းချသူအနေဖြင့် စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာန၌ အရောင်းမြေပုံ ကြိုတင်ကူးယူထားလျှင် ပိုအဆင်ပြေပါသည်။ အရောင်းမြေပုံမှာ (၁)နှစ်အတွင်း အရောင်း အဝယ် ပြုရာတွင် အသုံးပြုခွင့်ရှိပါသည်။ မြေပိုင်မြေ၊ ဘိုးဘွားပိုင်များတွင်လဲ အရောင်းမြေပုံ ကြိုတင်ကူးယူမှု ပြုထား ပါက အရောင်းအဝယ် မြန်ဆန်မည် ဖြစ်ပါသည်။ စလစ်မြေ၊ ပါမစ်မြေများမှာ နိုင်ငံပိုင်မြေ အမျိုးအစားပင် ဖြစ်သောကြောင့် အရောင်းမြေပုံ ကူးယူခွင့်ရှိ မည်မဟုတ်ပါ။ ရွာမြေများအား လွှဲပြောင်း ရောင်းချသည့်အခါ များတွင်လဲ အရပ်ကတိစာချုပ်ကိုသာ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် စာချုပ်ဆို မှုပြုလျှင် လုံလောက်ပါသည်။

အမည်ပေါက်ကိုယ်တိုင်မှ ရောင်းချခြင်းဖြစ်ပါက အရောင်းမြေပုံ ထုတ်ယူရန် လွယ်ကူမည်ဖြစ်ပါသည်။ အမည်ပေါက်သေဆုံးလျှင် အမွေဆက်ခံသူများမှာ မြေကွက်အား အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းမြွတ်ဟ မှတ်ပုံ တင် စာချုပ်ချုပ်ဆိုခြင်းနှင့် အရောင်းမြေပုံကူးယူခြင်းတို့ ဆောင်ရွက်နိုင်သော အခွင့်အရေးရှိပါသည်။

အရောင်းအဝယ်ဖြစ်လျှင် ရာဖြတ်တင်ပြီးချိန်၌ ရောင်းသူမှာ ရောင်းခွန်ထမ်းဆောင်ပေးရန် တာဝန်ရှိပါသည်။ ရောင်းသူမှာ (၂)ဦး အမည်ပေါက်ဖြစ်လျှင် နှစ်ဦး လက်မှတ်ရေးထိုး ရောင်းချရန် လိုအပ်ပြီး လင်မယား(၂) ဦးအနက် တစ်ဦးသာ အမည်ပေါက်နေပါကလဲ (၂)ဦး ပိုင်ဆိုင်မှုရှိသောကြောင့် အသိပေး အရောင်းအဝယ်ပြုရ မည်ဖြစ်ပါသည်။ လင်မယားနှစ်ဦးမှာ ပစ္စည်းအပေါ်၌ ပူးတွဲပိုင်ဆိုင်မှုရှိသောကြောင့် တစ်ဦးမသိရှိ ၊ မပါဝင်ဘဲ ရောင်းလျှင် ရောင်းသူပိုင်ဆိုင်သည့် တဝက်သာ အရောင်းအဝယ်အတည်ဖြစ်ပါသည်။

အမွေဆက်ခံမှုဖြင့် ရောင်းချရာ၌ အရောင်းမြေပုံမထွက်ခင် ကြိုတင်ရောင်းချမည်ဆိုပါကလဲ မိသားစု စုံလင်မှု ရှိရမည်ဖြစ်ပါသည်။ သို့မှသာ မိသားစုခြင်း အမွေပြသနာ အရှုပ်အရှင်းများ မပေါ်ပေါက်မှာဖြစ်ပြီး အသိမ ပေးဘဲ ရောင်းချခြင်းပြုလျှင် ပျက်ပြယ်သော ပဋိဉာဉ်တစ်ရပ်ဖြစ်စေကာ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီးပါကလဲ ကာလစည်းကမ်းသတ်အတွင်း မှတ်ပုံတင်စာချုပ်ပယ်ဖျက်ပေးရန် တရားစွဲဆိုခွင့်ရှိသည်ကိုလဲ အထူးသတိပြုရ ပါမယ်။

ရောင်းချမည့်မြေကွက်၌ ကျူးကျော်များဝင်ရောက်နေထိုင်မှုရှိလျှင်လဲ အရောင်းအဝယ်ဖြစ်မည် မဟုတ်ပါ။အမည်ပေါက်ရောင်းချသူအနေဖြင့် ကာလစည်းကမ်းအတွင်း ဖယ်ရှားစေခြင်း (သို့) တရားစွဲဆိုမှုပြုခြင်းတို့ ကိုယ်တိုင် ဆောင်ရွက်ရပါမည်။ ကျူးကျော်များအား မြေငှားဂရန်အမည်ပေါက် ပိုင်ဆိုင်သူသာ ကာလစည်းကမ်း သတ်အတွင်း ဖယ်ရှားခွင့်ရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

မေးခွန်း(၂) - ဝယ်ချင်သော အိမ်၏ မူလဂရန် ပိုင်ရှင်သည် သေသွားပါပြီ၊ ကျန်ရစ်သူ သားသမီးများဆီမှ ဝယ်လိုလျှင် ဂရန်အမည်ဖောက်၍ ရနိုင်ပါလား။

 

မြေငှားဂရန်အမည်ပေါက် ကွယ်လွန်ပြီး နောက်ပိုင်းတွင် ကျန်ရစ်သူဇနီး၊ ခင်ပွန်းမှ ပစ္စည်းအပေါ်တွင် တစ်ဦးထဲ ပိုင်ဆိုင်ခွင့်ရှိပြီး ၎င်းတို့၏ လက်ထက်ပွှားပစ္စည်းဖြစ်ရန်တော့လိုပါသည်။ ဇနီး၊ခင်ပွန်းမရှိတော့လျှင် အမွေဆက်ခံခွင့်မှာ သားသမီးအားလုံးထံသို့ ရောက်ရှိပါသည်။ အရောင်းအဝယ်ပါ တပါတည်းဆောင်ရွက်လိုပါက ပိုင်ဆိုင်ကြောင်း မြေပုံနှင့် အရောင်းအဝယ်လုပ်ရန် မြေပုံအား ပူးတွဲ ကူးယူရမည်ဖြစ်ပါသည်။

သားသမီးများ စုံလင်စွာပါဝင်ပြီး ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီထံတွင် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်း မြေပုံ / မြေရာဇဝင် ကူးယူရန်တော့ လိုပါသည်။ လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ထားသည့် လျှောက်လွှာအား ဖြည့်စွက်ပြီး လျှောက်ထားသူ သားသမီးများ၏ မှတ်ပုံတင်မိတ္တူ၊ မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ဂရန်မူရင်းနှင့် မိတ္တူ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင် မြေ၊ ဂရန်ရှိမြေပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း မူရင်းနှင့် မိတ္တူ၊ ကျမ်းကျိန်လွှာ၊ အမည်ပေါက်သေစာရင်း တင်ပြရပါမည်။ ထို့ပြင် အမွေဆက်ခံမှုနှင့် စပ်လျဉ်း၍ တရားရုံး အမိန့် အနိုင်ဒီကရီရှိပါကလဲ လျှောက်ထားသူမှ မြေယာစီမံခန့်ခွဲဌာသို့ တင်ပြပေးရန် လိုပါသည်။

ဌာနမှ ခွင့်ပြုချက်ဖြင့် သတင်းစာကြေညာစေခြင်း၊ ကန့်ကွက်ရှိမရှိ ရပ်ကွက်ရုံး၊ အုပ်ချုပ်ရေးမှူးရုံးများတွင် အများသိစေရန် ကြေညာစာကပ်ခြင်း တို့ဆောင်ရွက်ရမည်ဖြစ်ပြီး ကန့်ကွက်မရှိမှ အမွေဆက်ခံကြောင်း မြေပုံရရှိမည်ဖြစ် ပါသည်။ ထို့ပြင် ဌာနမှ ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းအား ကန့်သတ်သည့်ဥပဒေနှင့် ညှိစွန်းမှုရှိမရှိ ဌာနမှ စီစစ်မည်ဖြစ်ပါသည်။

ကန့်ကွက်မရှိလျှင် မြေပုံထုတ်ပေးမည်ဖြစ်ကာ အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆို၍ မြေငှားဂရန်အား အမည်ပြောင်းခြင်း ဆက်လက်ဆောင်ရွက်နိုင်ပါသည်။ အရောင်းအဝယ်ပြုမည်ဆိုပါကလဲ အရောင်းအဝယ် မှတ်ပုံ တင် စာချုပ်ချုပ်ဆိုရန်အတွက် ဝယ်ယူသူနှင့် ကာလစီစစ်ရေးအဖွဲ့ထံ၌ ရာဖြတ်တင် အခွန်ဆောင်၍ သားသမီးများမှ မိခင်/ဖခင် အမည်ပေါက် ဂရန်အား အရောင်းအဝယ်ပြုနိုင်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

မေးခွန်း (၃) - တိုက်ခန်းအပြီးသတ် အရောင်းအ၀ယ်ပြုလုပ်ပြီးနောက် မူလပိုင်ရှင် (ရောင်းသူ) အား တိုက်ခန်းတွင် ဆက်လက်နေထိုင် ခွင့်ပြုသင့်/ မပြုသင့် ရှင်းပြပေးပါ။

 

တိုက်ခန်းများ ပုံမှန်ဝယ်ယူခြင်းများ၌ တိုက်ခန်း၏ မူလအဆက်အစပ်စာချုပ်စာတမ်းများ တောင်းယူ၍ စုံစမ်း စစ်ဆးနိုင်ရန် ကျွမ်းကျင်သူများနှင့် တိုင်ပင်ခြင်း၊ ဆောက်လုပ်ခွင့်ပါမစ်၊ BCC တို့အား သက်ဆိုင်ရာဌာနများတွင် စစ်ဆေး မှုပြုခြင်း မှန်ကန်မှုရှိပါက စရန်ပေးစာချုပ်ချုပ်ဆိုကာ (၁၄) ရက်အတွင်း ကန့်ကွက်ရှိမရှိ သတင်းစာကြေညာစေခြင်းတို့ အဆင့်ဆင့် ဆောင်ရွက်ရပါသည်။

တိုက်ခန်းဝယ်ယူ ပိုင်ဆိုင်သူများမှာ အပျောက်စနစ်ဖြင့် ဝယ်ယူပိုင်ဆိုင်ခြင်းဖြစ်ပြီး တိုက်ခန်းပေါ် နေထိုင်ခြင်းသာ အခြေခံပါသည်။ မိမိဝယ်ယူသည့်အခန်းကိုသာ ပိုင်ဆိုင်ခွင့်ရှိပြီး ကွန်ဒိုအဆောက်အဦးကဲ့သို့ မြေပိုင်ဆိုင်မှုလဲ မပါဝင်ပါ။ ထို့ကြောင့် ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေအရ တိုက်ခန်းမှာ အပျောက်စနစ်ဖြင့် ဥပစာအား လွှဲပြောင်းရောင်းချခြင်းပင်ဖြစ်ပါသည်။ ရောင်းသူမှာ ရောင်းချပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် အထူးဂရုပြုရမည်ဖြစ်ကာ သတင်းစာကြေငြာမှု၌ ကန့်ကွက်သူ မပေါ်ပေါက်ပါက အပြီးသတ်စာချုပ်ချုပ်ဆိုရန် စာချုပ်အား ပြည့်စုံစွာ ပြင်ဆင်ရပါမည်။ တိုက်ခန်းအား အရောင်းအဝယ် ပြုခြင်းမဟုတ်ဘဲ ဟန်ဆောင်ပေါင်နှံခြင်းများတွင်တော့ တိုက်ခန်းအား အရောင်းစာချုပ်ချုပ်ဆိုကြသော်လည်း တိုက်ခန်းလက်ရောက်ရယူထားမည်မဟုတ်ပါ။ ပုံမှန်တိုက်ခန်း ရောင်းချခြင်းများတွင်တော့ တိုက်ခန်း အရောင်းအဝယ်တန်ဖိုးငွေ အားလုံးပေးချေပြီးသည်နှင့် တပြိုင်နက် လက်ရောက်လွှဲပြောင်းရယူကာ သော့ပြောင်းခတ်ကြမည်ဖြစ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၏ အခန်း-၂ အရ ရွှေ့ပြောင်းနိုင်သော(သို့) မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လွှဲပြောင်းခြင်းတွင် ပစ္စည်းလွှဲပြောင်းခြင်းဆိုသည်မှာ သက်ရှိပုဂ္ဂိုလ်က လက်ရှိအချိန်၊ နောင်ကာလ၌ မိမိကိုယ်တိုင် (သို့) တစ် ဦးထက်ပိုသောပုဂ္ဂိုလ်အား ပစ္စည်းပေးအပ်ခြင်းနှင့် ပစ္စည်းလွှဲပြောင်းခြင်း ကိစ္စရပ်အား ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် ရောင်းချသူအား ဝယ်ယူသူမှ တိုက်ခန်းတွင် ဆက်လက် နေထိုင်နိုင်ရန် အရပ်ကတိ ငှားရမ်းခြင်းစာချုပ် ထပ်မံချုပ်ဆို၍ နေထိုင်စေသည်မှာလဲ မသင့်တော်ပါ အငြင်းပွှားမှုများ ပေါ်ပေါက်လာသည့်အခါတွင်လဲ ဖြေရှင်းဆောင် ရွက်ရခက်မည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service