ဂ်ာမနီ ကုမၸဏီႏွင့္ ေဟာင္ေကာင္ဘီလ်ံနာတို႔ ပူးေပါင္းကာ စကၤာပူရွိ အျမႊာေမွ်ာ္စင္ ဘက္စံုသံုး ကြန္ပလက္ဇ္ၾကီးတစ္ခုကို စကၤာပူေဒၚလာ ၁ ဒသမ ၆ ဘီလီယံျဖင့္ ဝယ္ယူရန္ စီစဥ္

ဂ်ာမနီ ကုမၸဏီႏွင့္ ေဟာင္ေကာင္ဘီလ်ံနာတို႔ ပူးေပါင္းကာ စကၤာပူရွိ အျမႊာေမွ်ာ္စင္ ဘက္စံုသံုး ကြန္ပလက္ဇ္ၾကီးတစ္ခုကို စကၤာပူေဒၚလာ ၁ ဒသမ ၆ ဘီလီယံျဖင့္ ဝယ္ယူရန္ စီစဥ္ - Property News in Myanmar from iMyanmarHouse.com
1 Aug 2019 12:34 pm တွင် တင်ခဲ့သည်
899 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

ဂ်ာမနီအေျခစိုက္ Allianz Real Estate ႏွင့္ ေဟာင္ေကာင္ အိမ္ျခံေျမ ဘီလ်ံနာၾကီး ဂြတ္ဒ္ဝင္း ေဂါ၏ Gaw Capital ကုမၸဏီတို႔ ပူးေပါင္းကာ စကၤာပူရွိ Duo Tower ႏွင့္ Duo Galleria တို႔ ပူးေပါင္းကာ စကၤာပူေဒၚလာ ၁ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလီယံ) ျဖင့္ ဝယ္ယူရန္ ကုမၸဏီ ၂ ခုအၾကား သေဘာတူခဲ့ၾကေၾကာင္း အဆိုပါကုမၸဏီ ၂ ခု၏ ပူးတြဲ ထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေဖာ္ျပသည္။

ဂ်ာမနီႏိုင္ငံ၊ ျမဴးနစ္အေျခစိုက္ Allianz သည္ ရံုးခန္းတာဝါႏွင့္ ေစ်းဝယ္စင္တာတို႔ ပူးတြဲပါဝင္သည့္ ယခုဝယ္ယူမႈတြင္ ရွယ္ယာ ၆၀ ရာခိုင္ႏႈန္း ပိုင္ဆိုင္မည္ျဖစ္ျပီး က်န္ရွိေသာ ၄၀ ရာခိုင္ႏႈန္းကို Gaw Capital က ပိုင္ဆိုင္မည္ ျဖစ္သည္။

“စကၤာပူဟာ ၂၄ နာရီ၊ ၇ ရက္ သက္ဝင္လႈပ္ရွားေနတဲ့ ျမိဳ႕ၾကီးတစ္ျမိဳ႕ျဖစ္ေနျပီျဖစ္ျပီး ကမၻာေပၚမွာ ႏိုင္ငံတကာ ရင္းႏွီးျမွဳပ္ႏွံသူေတြ အာရံုစိုက္ခံရဆံုး ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ အိမ္ျခံေျမေစ်းကြက္ရွိတဲ့ ေနရာတစ္ခုျဖစ္ကာ ေကာ္ပိုေရးရွင္းၾကီးေတြအတြက္ အာရွရုံးခ်ဳပ္စိုက္ဖို႔ ေနရာတစ္ခု ျဖစ္လာေနပါတယ္”ဟု Allianz ၏ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ အမႈေဆာင္အရာရွိခ်ဳပ္ ရူရွက္ဘ္ ဒီဆိုင္းက ေျပာၾကားသည္။

ယခုကြန္ပလက္ဇ္သည္ လူေန-အလုပ္လုပ္-အပန္းေျဖရန္ အားလံုးအတြက္ ျပိဳင္ဖက္ကင္းဝန္းက်င္မ်ဳိးရွိျပီး စကၤာပူ၏ စီးပြားေရး အခ်က္အျခာ ေနရာတစ္ခုအျဖစ္ ရပ္တည္လ်က္ရွိေၾကာင္းလည္း ၎က ျဖည့္စြက္ေျပာၾကားသည္။

ကြန္ပလက္ဇ္ၾကီးတစ္ခုလံုး၏ စုစုေပါင္းအက်ယ္အဝန္းမွာ စတုရန္းေပ ၅၅၇၉၇၂ ( ၅၁၈၃၇ စတုရန္းမီတာ) က်ယ္ဝန္းျပီး grade A အဆင့္ရွိ ရံုးခန္းမ်ား ပါဝင္သည္။

မေလးရွားမွ မဟာဗ်ဴဟာေျမာက္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီ Khazanah Nasional Berhad ႏွင့္ စကၤာပူမွ ႏိုင္ငံပိုင္ကုမၸဏီျဖစ္ေသာ Temasek Holdings တို႔ ပူးေပါင္းကာ ေရာင္းခ်ခဲ့ျခင္းျဖစ္ျပီး ေစ်းကြက္တင္ျပီး ၈ လခန္႔အၾကာတြင္ ေရာင္းထြက္သြားျခင္းလည္း ျဖစ္သည္။

၃၉ ထပ္ျမင့္မားေသာ ကူးသန္းေရာင္းဝယ္ေရး တာဝါၾကီးကို Allianz Real Estate ႏွင့္ Gaw Capital တို႔ ပူးတြဲစီမံကြပ္ကဲမည္ျဖစ္သည္။

အဆိုပါ တာဝါၾကီးကို ဂ်ာမန္ဗိသုကာပညာရွင္ အိုလီ ရွီးရန္းက ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္းျဖစ္ျပီး ေဆာက္လုပ္ျပီးစီးခဲ့သည္မွာ ၂ ႏွစ္ခန္႔သာရွိေသးကာ လက္ရွိအားျဖင့္ ၉၇ ရာခိုင္ႏႈန္း ငွားရမ္းထားရျပီး ျဖစ္သည္။

ဝယ္ယူမည့္ ေစ်းႏႈန္းအရ ပိုင္ရွင္သစ္မ်ားသည္ ကြန္ပလက္ဇ္တစ္ခုလံုးကို ၁ စတုရန္းေပလွ်င္ စကၤာပူေဒၚလာ ၂၅၉၀ ေပးေခ်ရမည္ျဖစ္သည္။ ယခုႏွစ္ ငွားရမ္းခမွာ ၁ စတုရန္းေပလွ်င္ စကၤာပူေဒၚလာ ၁၂ ေဒၚလာႏႈန္းျဖစ္သည္ဟု ဆိုသည္။

“ဒီအထင္ကရ ေနရာၾကီးကို ဝယ္ယူဖို႔အတြက္ Allianz နဲ႔ ပူးေပါင္းခြင့္ရရွိမႈအေပၚ ကၽြန္ေတာ္တို႔ မ်ားစြာဝမ္းေျမာက္မိပါတယ္။ Duo ကြန္ပလက္ဇ္ကို ဝယ္ယူလိုက္မႈဟာ Allianz Real Estate နဲ႔ ကုမၸဏီ ၂ ခုအၾကား မိတ္ဖက္ျဖစ္မႈကို ပိုမိုခိုင္မာေစခဲ့ပါတယ္။ ဒီေနရာအတြက္ မဟာဗ်ဴဟာတန္ဖိုးတစ္ခု ထပ္မံျဖည့္တင္းေပးႏိုင္ဖို႔ အတူတကြ လက္တြဲလုပ္ေဆာင္သြားဖို႔ ရည္မွန္းထားပါတယ္”ဟု Gaw Capital မွ အၾကီးအကဲတစ္ဦးျဖစ္သူ ခရစၥတီးနား ေဂါက ေျပာၾကားသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

ဂျာမနီအခြေစိုက် Allianz Real Estate နှင့် ဟောင်ကောင် အိမ်ခြံမြေ ဘီလျံနာကြီး ဂွတ်ဒ်ဝင်း ဂေါ၏ Gaw Capital ကုမ္ပဏီတို့ ပူးပေါင်းကာ စင်္ကာပူရှိ Duo Tower နှင့် Duo Galleria တို့ ပူးပေါင်းကာ စင်္ကာပူဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ) ဖြင့် ဝယ်ယူရန် ကုမ္ပဏီ ၂ ခုအကြား သဘောတူခဲ့ကြကြောင်း အဆိုပါကုမ္ပဏီ ၂ ခု၏ ပူးတွဲ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ဂျာမနီနိုင်ငံ၊ မြူးနစ်အခြေစိုက် Allianz သည် ရုံးခန်းတာဝါနှင့် ဈေးဝယ်စင်တာတို့ ပူးတွဲပါဝင်သည့် ယခုဝယ်ယူမှုတွင် ရှယ်ယာ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန်ရှိသော ၄၀ ရာခိုင်နှုန်းကို Gaw Capital က ပိုင်ဆိုင်မည် ဖြစ်သည်။

“စင်္ကာပူဟာ ၂၄ နာရီ၊ ၇ ရက် သက်ဝင်လှုပ်ရှားနေတဲ့ မြို့ကြီးတစ်မြို့ဖြစ်နေပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အာရုံစိုက်ခံရဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အိမ်ခြံမြေဈေးကွက်ရှိတဲ့ နေရာတစ်ခုဖြစ်ကာ ကော်ပိုရေးရှင်းကြီးတွေအတွက် အာရှရုံးချုပ်စိုက်ဖို့ နေရာတစ်ခု ဖြစ်လာနေပါတယ်”ဟု Allianz ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ အမှုဆောင်အရာရှိချုပ် ရူရှက်ဘ် ဒီဆိုင်းက ပြောကြားသည်။

ယခုကွန်ပလက်ဇ်သည် လူနေ-အလုပ်လုပ်-အပန်းဖြေရန် အားလုံးအတွက် ပြိုင်ဖက်ကင်းဝန်းကျင်မျိုးရှိပြီး စင်္ကာပူ၏ စီးပွားရေး အချက်အခြာ နေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ကွန်ပလက်ဇ်ကြီးတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၅၅၇၉၇၂ ( ၅၁၈၃၇ စတုရန်းမီတာ) ကျယ်ဝန်းပြီး grade A အဆင့်ရှိ ရုံးခန်းများ ပါဝင်သည်။

မလေးရှားမှ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Khazanah Nasional Berhad နှင့် စင်္ကာပူမှ နိုင်ငံပိုင်ကုမ္ပဏီဖြစ်သော Temasek Holdings တို့ ပူးပေါင်းကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး ဈေးကွက်တင်ပြီး ၈ လခန့်အကြာတွင် ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

၃၉ ထပ်မြင့်မားသော ကူးသန်းရောင်းဝယ်ရေး တာဝါကြီးကို Allianz Real Estate နှင့် Gaw Capital တို့ ပူးတွဲစီမံကွပ်ကဲမည်ဖြစ်သည်။

အဆိုပါ တာဝါကြီးကို ဂျာမန်ဗိသုကာပညာရှင် အိုလီ ရှီးရန်းက ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးခဲ့သည်မှာ ၂ နှစ်ခန့်သာရှိသေးကာ လက်ရှိအားဖြင့် ၉၇ ရာခိုင်နှုန်း ငှားရမ်းထားရပြီး ဖြစ်သည်။

ဝယ်ယူမည့် ဈေးနှုန်းအရ ပိုင်ရှင်သစ်များသည် ကွန်ပလက်ဇ်တစ်ခုလုံးကို ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၂၅၉၀ ပေးချေရမည်ဖြစ်သည်။ ယခုနှစ် ငှားရမ်းခမှာ ၁ စတုရန်းပေလျှင် စင်္ကာပူဒေါ်လာ ၁၂ ဒေါ်လာနှုန်းဖြစ်သည်ဟု ဆိုသည်။

“ဒီအထင်ကရ နေရာကြီးကို ဝယ်ယူဖို့အတွက် Allianz နဲ့ ပူးပေါင်းခွင့်ရရှိမှုအပေါ် ကျွန်တော်တို့ များစွာဝမ်းမြောက်မိပါတယ်။ Duo ကွန်ပလက်ဇ်ကို ဝယ်ယူလိုက်မှုဟာ Allianz Real Estate နဲ့ ကုမ္ပဏီ ၂ ခုအကြား မိတ်ဖက်ဖြစ်မှုကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဒီနေရာအတွက် မဟာဗျူဟာတန်ဖိုးတစ်ခု ထပ်မံဖြည့်တင်းပေးနိုင်ဖို့ အတူတကွ လက်တွဲလုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်”ဟု Gaw Capital မှ အကြီးအကဲတစ်ဦးဖြစ်သူ ခရစ္စတီးနား ဂေါက ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service