၂၀ ရာစု၏ အထင္ရွားဆံုး ကမၻာ့ေခါင္းေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီ ေနထိုင္ခဲ့ေသာ စံအိမ္ အငွားေစ်းကြက္ဝင္လာ

၂၀ ရာစု၏ အထင္ရွားဆံုး ကမၻာ့ေခါင္းေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီ ေနထိုင္ခဲ့ေသာ စံအိမ္ အငွားေစ်းကြက္ဝင္လာ - Property News in Myanmar from iMyanmarHouse.com
29 Jul 2019 12:05 pm တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

၂၀ ရာစု၏ အထင္ရွားဆံုး ကမၻာ့ေခါင္းေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္သူ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ဝင္စတန္ခ်ာခ်ီ ေနထိုင္ခဲ့ေသာ စံအိမ္ အငွားေစ်းကြက္ဝင္လာသည္။

အဂၤလန္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ဆာေရးခရိုင္တြင္တည္ရွိေသာ အဆိုပါစံအိမ္အတြင္း ပန္းခ်ီဝါသနာရွင္လည္းျဖစ္ေသာ ဝင္စတန္ခ်ာခ်ီကိုယ္တိုင္ ေရးဆြဲခဲ့သည့္ ပန္းခ်ီကားမ်ားလည္း ပါဝင္ေနသည္ဟု ဆိုသည္။

စံအိမ္ကို အငွားေစ်းကြက္တင္ေပးသည္မွာ Guildford ျမိဳ႕အေျခစိုက္ Hamptons International Lettings ကုမၸဏီမွ ျဖစ္သည္။

တည္ေနရာမွာ လန္ဒန္ျမိဳ ႔ေတာ္၏ အေနာက္ေတာင္ဘက္ မိုင္ ၄၀ ခန္႔အကြာတြင္ တည္ရွိေသာ Godalming အရပ္တြင္ျဖစ္ကာ ၁၆ ရာစုႏွစ္အတြင္းက ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး “ေပါက္တူး ယာေတာအိမ္” (Hoe Farm) ဟု အမည္ေပးထားသည္။

Hoe Farm စံအိမ္ၾကီးကို တစ္လလွ်င္ ေပါင္ ၉၅၀၀ (ကန္ေဒၚလာ ၁၁၈၀၀) ျဖင့္ ငွားရမ္းမည္ဟု ေစ်းႏႈန္းသတ္မွတ္ထားသည္။

စံအိမ္အတြင္း စုစုေပါင္း အိပ္ခန္း ၈ ခန္း ပါဝင္ျပီး မီးဖိုေဆာင္မ်ားႏွင့္ ေရခ်ဳိးခန္းမ်ားကို မၾကာေသးမီကမွ ျပဳျပင္မြမ္းမံထားသည္။

ဝင္စတန္ခ်ာခ်ီသည္ ဒုတိယကမၻာစစ္ၾကီးအတြင္း အဂၤလန္၏ ဝန္ၾကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ျပီး ဒုတိယကမၻာစစ္ၾကီးကို အႏိုင္တိုက္ခဲ့သူျဖစ္ကာ ၁၉၄၀ ျပည့္ႏွစ္မွ ၁၉၄၅ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သည္။

ဝင္စတန္ခ်ာခ်ီႏွင့္ သူ၏ဇနီး ကလီမန္တိုင္းတို႔က ေႏြရာသီစံအိမ္အျဖစ္ ၁၉၁၅ ခုႏွစ္အတြင္း အသံုးျပဳခဲ့ၾကသည္။

ဝင္စတန္ခ်ာခ်ီသည္ အဆိုပါစံအိမ္တြင္ ပန္းခ်ီေရးဆြဲျခင္းမ်ား စတင္ျပဳလုပ္ခဲ့ျပီး ဆီေဆးျဖင့္ ေရးဆြဲေလ့ရွိသည္ဟု ဆိုသည္။

ယခုစံအိမ္ၾကီး၏ ပံုတူကို ဝင္စတန္ခ်ာခ်ီေရးဆြဲထားသည့္ ပန္းခ်ီကား ၄ ကား ယေန႔တိုင္ရွိေနဆဲ ျဖစ္သည္။

ခ်ာခ်ီက သူ၏ ပန္းခ်ီဝါသနာႏွင့္ စပ္လ်ဥ္းျပီး “Painting as a Pastime” ဟူေသာအမည္ျဖင့္ စာအုပ္တစ္အုပ္ပင္ ေရးသားခဲ့ဖူးသည္။

ေစ်းကြက္မွတ္တမ္းအရ ၁၆ ရာစုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ၁၈၉၀ ျပည့္ႏွစ္တြင္ နာမည္ေက်ာ္ အဂၤလန္ ဗိသုကာ ပညာရွင္ ဆာ အက္ဒ္ဝင္ လုဒ္ယန္းစ္က ျပန္လည္ျပဳျပင္မြမ္းမံေပးခဲ့သည္။

ေနာက္ဆံုး မည္သည့္အခ်ိန္တြင္ အေရာင္းအဝယ္ျဖစ္ခဲ့သည္ႏွင့္ လက္ရွိပိုင္ရွင္ မည္သူျဖစ္သည္ကိုမူ မသိရေသးေခ်။

စံအိမ္အတြင္း ဧည့္ခံေနရာ ၄ ခု၊ ပံုဆြဲခန္း၊ ညစားခန္း၊ နားေနခန္း၊ အေပၚထပ္တြင္ master bedroom ၊ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းတို႔ ပါဝင္သည္။

ထို႔အျပင္ သီးျခားအေဆာက္အအံုတစ္လံုးလည္း ပါဝင္ေသးျပီး အိပ္ခန္း ၂ ခန္း၊ နားေနခန္း၊ ညစာစားခန္းႏွင့္ မီးဖိုေဆာင္တို႔ ပါဝင္သည္။ ပင္မေနအိမ္တြင္ ဝုိင္သိုေလွာင္ခန္းႏွင့္ အလုပ္ရံုတစ္ခုတို႔လည္း ပါဝင္သည္ဟု ဆိုသည္။

အနီးတြင္ Godalming Mainline ဘူတာရံုရွိျပီး လန္ဒန္ျမိဳ ႔၊ ဝါတာလူး ဘူတာရံုသို႔ ရထားစီးသြားလွ်င္ တစ္နာရီသာ ၾကာျမင့္သည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

၂၀ ရာစု၏ အထင်ရှားဆုံး ကမ္ဘာ့ခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သူ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နေထိုင်ခဲ့သော စံအိမ် အငှားဈေးကွက်ဝင်လာသည်။

အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း ဆာရေးခရိုင်တွင်တည်ရှိသော အဆိုပါစံအိမ်အတွင်း ပန်းချီဝါသနာရှင်လည်းဖြစ်သော ဝင်စတန်ချာချီကိုယ်တိုင် ရေးဆွဲခဲ့သည့် ပန်းချီကားများလည်း ပါဝင်နေသည်ဟု ဆိုသည်။

စံအိမ်ကို အငှားဈေးကွက်တင်ပေးသည်မှာ Guildford မြို့အခြေစိုက် Hamptons International Lettings ကုမ္ပဏီမှ ဖြစ်သည်။

တည်နေရာမှာ လန်ဒန်မြို့တော်၏ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာတွင် တည်ရှိသော Godalming အရပ်တွင်ဖြစ်ကာ ၁၆ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး “ပေါက်တူး ယာတောအိမ်” (Hoe Farm) ဟု အမည်ပေးထားသည်။

Hoe Farm စံအိမ်ကြီးကို တစ်လလျှင် ပေါင် ၉၅၀၀ (ကန်ဒေါ်လာ ၁၁၈၀၀) ဖြင့် ငှားရမ်းမည်ဟု ဈေးနှုန်းသတ်မှတ်ထားသည်။

စံအိမ်အတွင်း စုစုပေါင်း အိပ်ခန်း ၈ ခန်း ပါဝင်ပြီး မီးဖိုဆောင်များနှင့် ရေချိုးခန်းများကို မကြာသေးမီကမှ ပြုပြင်မွမ်းမံထားသည်။

ဝင်စတန်ချာချီသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း အင်္ဂလန်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ခဲ့သူဖြစ်ကာ ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဝင်စတန်ချာချီနှင့် သူ၏ဇနီး ကလီမန်တိုင်းတို့က နွေရာသီစံအိမ်အဖြစ် ၁၉၁၅ ခုနှစ်အတွင်း အသုံးပြုခဲ့ကြသည်။

ဝင်စတန်ချာချီသည် အဆိုပါစံအိမ်တွင် ပန်းချီရေးဆွဲခြင်းများ စတင်ပြုလုပ်ခဲ့ပြီး ဆီဆေးဖြင့် ရေးဆွဲလေ့ရှိသည်ဟု ဆိုသည်။

ယခုစံအိမ်ကြီး၏ ပုံတူကို ဝင်စတန်ချာချီရေးဆွဲထားသည့် ပန်းချီကား ၄ ကား ယနေ့တိုင်ရှိနေဆဲ ဖြစ်သည်။

ချာချီက သူ၏ ပန်းချီဝါသနာနှင့် စပ်လျဉ်းပြီး “Painting as a Pastime” ဟူသောအမည်ဖြင့် စာအုပ်တစ်အုပ်ပင် ရေးသားခဲ့ဖူးသည်။

ဈေးကွက်မှတ်တမ်းအရ ၁၆ ရာစုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၈၉၀ ပြည့်နှစ်တွင် နာမည်ကျော် အင်္ဂလန် ဗိသုကာ ပညာရှင် ဆာ အက်ဒ်ဝင် လုဒ်ယန်းစ်က ပြန်လည်ပြုပြင်မွမ်းမံပေးခဲ့သည်။

နောက်ဆုံး မည်သည့်အချိန်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည်နှင့် လက်ရှိပိုင်ရှင် မည်သူဖြစ်သည်ကိုမူ မသိရသေးချေ။

စံအိမ်အတွင်း ဧည့်ခံနေရာ ၄ ခု၊ ပုံဆွဲခန်း၊ ညစားခန်း၊ နားနေခန်း၊ အပေါ်ထပ်တွင် master bedroom ၊ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၂ ခန်းတို့ ပါဝင်သည်။

ထို့အပြင် သီးခြားအဆောက်အအုံတစ်လုံးလည်း ပါဝင်သေးပြီး အိပ်ခန်း ၂ ခန်း၊ နားနေခန်း၊ ညစာစားခန်းနှင့် မီးဖိုဆောင်တို့ ပါဝင်သည်။ ပင်မနေအိမ်တွင် ဝိုင်သိုလှောင်ခန်းနှင့် အလုပ်ရုံတစ်ခုတို့လည်း ပါဝင်သည်ဟု ဆိုသည်။

အနီးတွင် Godalming Mainline ဘူတာရုံရှိပြီး လန်ဒန်မြို့၊ ဝါတာလူး ဘူတာရုံသို့ ရထားစီးသွားလျှင် တစ်နာရီသာ ကြာမြင့်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service