One Direction အဖြဲ႔မွ ေရွ႕ထြက္အဆိုေတာ္ ဟယ္ရီစတိုင္က လန္ဒန္တြင္ ေနအိမ္ဝယ္ယူလိုက္ကာ ေလာ့စ္အိန္ဂ်လိရွိ ေနအိမ္ကို ေရာင္းခ်လိုက္ျပီ

One Direction အဖြဲ႔မွ ေရွ႕ထြက္အဆိုေတာ္ ဟယ္ရီစတိုင္က လန္ဒန္တြင္ ေနအိမ္ဝယ္ယူလိုက္ကာ ေလာ့စ္အိန္ဂ်လိရွိ ေနအိမ္ကို ေရာင္းခ်လိုက္ျပီ - Property News in Myanmar from iMyanmarHouse.com
24 Jul 2019 12:51 pm တွင် တင်ခဲ့သည်
1774 ကြိမ် ကြည့်ရှု့ပြီး

 ### Zawgyi Version ###

One Direction အဖြဲ႔မွ ေရွ႕ထြက္အဆိုေတာ္ ျဗိတိသွ် ေပါ့ပ္ၾကယ္ပြင့္ ဟယ္ရီစတိုင္သည္ အတၱလႏၱိတ္သမုဒၵရာျဖတ္ေက်ာ္ကာ အိမ္ျခံေျမ လႈပ္ရွားမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

အသက္ ၂၅ ႏွစ္ရွိျပီျဖစ္ေသာ ဟယ္ရီစတိုင္သည္ ျဗိတိန္သီခ်င္းဆိုျပိဳင္ပြဲျဖစ္ေသာ The X Factor တြင္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ေသာ္လည္း ႏႈတ္ထြက္ခဲ့ရကာ One Direction အဖြဲ႔ဝင္အျဖစ္ ေက်ာ္ၾကားလာသူ ျဖစ္သည္။

ယခုအခါ ေလာ့စ္အိန္ဂ်လိရွိ ေနအိမ္ကို အျပီးသတ္ေရာင္းခ်ႏိုင္ရန္ နီးကပ္ေနျပီျဖစ္သည္ဟု ဆိုသည္။

ဝယ္လက္တစ္ဦးေတြ႔ထားျပီး ျပီးခဲ့ေသာလကုန္ပိုင္းတြင္ သေဘာတူညီခ်က္ရရွိထားခဲ့ေၾကာင္းလည္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ေလာ့စ္အိန္ဂ်လိ၏ နာမည္ေက်ာ္ Sunset Strip တြင္ တည္ရွိျပီး ေနာက္ဆံုးေခၚေစ်းမွာ ကန္ေဒၚလာ ၆ ဒသမ ၂၉၅ သန္းျဖစ္သည္။

အဆိုပါ ေခၚေစ်းမွာ ၂၀၁၆ ခုႏွစ္အတြင္း မစၥတာ စတိုင္ဝယ္ယူခဲ့စဥ္က ေစ်းႏႈန္းျဖစ္ေသာ ကန္ေဒၚလာ ၆ ဒသမ ၈၇ သန္းေအာက္ နည္းပါးေနသည္။

ဟယ္ရီစတိုင္က ျဗိတိန္ရွိ သူ၏မန္ေနဂ်ာႏွင့္ ဆက္ႏႊယ္မႈရွိေသာ ကုမၸဏီတစ္ခုမွတစ္ဆင့္ အဆိုပါေနအိမ္ကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။

ေနအိမ္အက်ယ္အဝန္း စတုရန္းေပ ၄၄၀၁ ရွိကာ အိပ္ခန္း ၄ ခန္း၊ အိမ္တြင္း ရုပ္ရွင္ရံု၊ အားကစားေလ့က်င့္ခန္းမ၊ ေရကူးကန္၊ ေရပူစိမ္ကန္တို႔ ပါဝင္ျပီး Sunset Strip ႏွင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕ၾကီး၏ ရႈေမွ်ာ္ခင္းမ်ားကို ေနအိမ္ရွိ ၾကီးမားလွေသာ ျပတင္းေပါက္မ်ား၊ လသာေဆာင္မ်ားမွတဆင့္ ရႈေမွ်ာ္ခံစားႏိုင္ေၾကာင္း ေစ်းကြက္တင္ေပးခဲ့သည့္ Westside Estate Agency မွ အက်ဳိးေဆာင္မ်ားျဖစ္ေသာ ကားလ္ ဂမ္ဘီႏိုႏွင့္ ကာ့ထ္ ရက္ပါေပါ့ထ္တို႔က ေျပာၾကားသည္။

အျပီးသတ္ အေရာင္းအဝယ္ျဖစ္ခဲ့သည့္ ေစ်းႏႈန္းႏွင့္ ဝယ္လက္မည္သူျဖစ္သည္ဟူသည့္ အခ်က္အလက္မ်ားကိုမူ မသိရေသးေခ်။

ေလာ့စ္အိန္ဂ်လိေနအိမ္ကို ေရာင္းခ်မႈႏွုင့္အတူ ဟယ္ရီစတိုင္သည္ လန္ဒန္ျမိဳ႕တြင္ နာမည္ေက်ာ္ၾကယ္ပြင့္မ်ား အေျခခ်ရာ ဟမ့္ပ္စတက္ဒ္အရပ္ရွိ ေနအိမ္တစ္လံုးကို ေပါင္ ၈ ဒသမ ၈ သန္း (ကန္ေဒၚလာ ၁၀ ဒသမ ၉ သန္း) ျဖင့္ ဝယ္ယူလိုက္ေၾကာင္းလည္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

လန္ဒန္ေနအိမ္ႏွင့္ ပတ္သက္သည့္အခ်က္အလက္မ်ား မ်ားစြာ မရရွိေသးေသာ္လည္း အိပ္ခန္း ၅ ခန္း၊ ေကာ္လံတိုင္မ်ား၊ ေကာနစ္အလွဆင္မႈမ်ား၊ သစ္ၾကမ္းခင္းမ်ား၊ ျခံဝန္းအတြင္း ပန္းဥယ်ာဥ္တစ္ခု၊ ကိုယ္ပိုင္ကားရပ္နားရန္ ေနရာ၊ မီးလင္းဖိုမ်ားႏွင့္ ေၾကာင္လိမ္ေလွကားတစ္ခု ပါဝင္ေၾကာင္း သိရသည္။

ဟယ္ရီစတိုင္သည္ ၂၀၁၇ ခုႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ Dunkirk အမည္ရွိ ဒုတိယကမၻာစစ္ေနာက္ခံ ရုပ္ရွင္ကားၾကီးတြင္ ပါဝင္သရုပ္ေဆာင္ကာ ရုပ္ရွင္နယ္အတြင္းသို႔လည္း ေျခခ်မႈမ်ား ျပဳလုပ္လာလ်က္ရွိသည္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

One Direction အဖွဲ့မှ ရှေ့ထွက်အဆိုတော် ဗြိတိသျှ ပေါ့ပ်ကြယ်ပွင့် ဟယ်ရီစတိုင်သည် အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ကာ အိမ်ခြံမြေ လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။

အသက် ၂၅ နှစ်ရှိပြီဖြစ်သော ဟယ်ရီစတိုင်သည် ဗြိတိန်သီချင်းဆိုပြိုင်ပွဲဖြစ်သော The X Factor တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း နှုတ်ထွက်ခဲ့ရကာ One Direction အဖွဲ့ဝင်အဖြစ် ကျော်ကြားလာသူ ဖြစ်သည်။

ယခုအခါ လော့စ်အိန်ဂျလိရှိ နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ရန် နီးကပ်နေပြီဖြစ်သည်ဟု ဆိုသည်။

ဝယ်လက်တစ်ဦးတွေ့ထားပြီး ပြီးခဲ့သောလကုန်ပိုင်းတွင် သဘောတူညီချက်ရရှိထားခဲ့ကြောင်းလည်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိ၏ နာမည်ကျော် Sunset Strip တွင် တည်ရှိပြီး နောက်ဆုံးခေါ်ဈေးမှာ ကန်ဒေါ်လာ ၆ ဒသမ ၂၉၅ သန်းဖြစ်သည်။

အဆိုပါ ခေါ်ဈေးမှာ ၂၀၁၆ ခုနှစ်အတွင်း မစ္စတာ စတိုင်ဝယ်ယူခဲ့စဉ်က ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၆ ဒသမ ၈၇ သန်းအောက် နည်းပါးနေသည်။

ဟယ်ရီစတိုင်က ဗြိတိန်ရှိ သူ၏မန်နေဂျာနှင့် ဆက်နွှယ်မှုရှိသော ကုမ္ပဏီတစ်ခုမှတစ်ဆင့် အဆိုပါနေအိမ်ကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်အကျယ်အဝန်း စတုရန်းပေ ၄၄၀၁ ရှိကာ အိပ်ခန်း ၄ ခန်း၊ အိပ်တွင်း ရုပ်ရှင်ရုံ၊ အားကစားလေ့ကျင့်ခန်းမ၊ ရေကူးကန်၊ ရေပူစိမ်ကန်တို့ ပါဝင်ပြီး Sunset Strip နှင့် လော့စ်အိန်ဂျလိမြို့ကြီး၏ ရှုမျှော်ခင်းများကို နေအိမ်ရှိ ကြီးမားလှသော ပြတင်းပေါက်များ၊ လသာဆောင်များမှတဆင့် ရှုမျှော်ခံစားနိုင်ကြောင်း ဈေးကွက်တင်ပေးခဲ့သည့် Westside Estate Agency မှ အကျိုးဆောင်များဖြစ်သော ကားလ် ဂမ်ဘီနိုနှင့် ကာ့ထ် ရက်ပါပေါ့ထ်တို့က ပြောကြားသည်။

အပြီးသတ် အရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းနှင့် ဝယ်လက်မည်သူဖြစ်သည်ဟူသည့် အချက်အလက်များကိုမူ မသိရသေးချေ။

လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချမှုနှုင့်အတူ ဟယ်ရီစတိုင်သည် လန်ဒန်မြို့တွင် နာမည်ကျော်ကြယ်ပွင့်များ အခြေချရာ ဟမ့်ပ်စတက်ဒ်အရပ်ရှိ နေအိမ်တစ်လုံးကို ပေါင် ၈ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၁၀ ဒသမ ၉ သန်း) ဖြင့် ဝယ်ယူလိုက်ကြောင်းလည်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

လန်ဒန်နေအိမ်နှင့် ပတ်သက်သည့်အချက်အလက်များ များစွာ မရရှိသေးသော်လည်း အိပ်ခန်း ၅ ခန်း၊ ကော်လံတိုင်များ၊ ကောနစ်အလှဆင်မှုများ၊ သစ်ကြမ်းခင်းများ၊ ခြံဝန်းအတွင်း ပန်းဥယျာဉ်တစ်ခု၊ ကိုယ်ပိုင်ကားရပ်နားရန် နေရာ၊ မီးလင်းဖိုများနှင့် ကြောင်လိမ်လှေကားတစ်ခု ပါဝင်ကြောင်း သိရသည်။

ဟယ်ရီစတိုင်သည် ၂၀၁၇ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Dunkirk အမည်ရှိ ဒုတိယကမ္ဘာစစ်နောက်ခံ ရုပ်ရှင်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ကာ ရုပ်ရှင်နယ်အတွင်းသို့လည်း ခြေချမှုများ ပြုလုပ်လာလျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service