ထူးဆန္းစြာ လွည္ေနေသာ ကၽြန္း “The Eye”

ထူးဆန္းစြာ လွည္ေနေသာ ကၽြန္း “The Eye” - Property News in Myanmar from iMyanmarHouse.com
8 Jul 2019 10:01 am တွင် တင်ခဲ့သည်
1539 ကြိမ် ကြည့်ရှု့ပြီး

### Zawgyi Version ###

အာဂ်င္တီးနားအေရွ႕ေျမာက္ပိုင္းစြန္းမွာ ထူးဆန္းတဲ့ကၽြန္းတစ္ကၽြန္းကို ေတြ႕ရွိထားၾကတာကို သိၾကၿပီးျဖစ္မွာပါ။

ေရေတြဝန္းရံထားတဲ့၎ကၽြန္းဟာ စက္ဝိုင္းပံုသဏၭာန္ျဖစ္ၿပီး သူ႕ရဲ႕ဝင္႐ိုးကိုဗဟိုျပဳၿပီး လည္ေနတာျဖစ္ပါတယ္။ အဲ့ဒီထူးျခားတဲ့ဝိေသသလကၡဏာေၾကာင့္ သူဟာ “The Eye” လို႔ အမည္ေျပာင္ေပးခံထားရပါတယ္။

သူ႕ရဲ႕အံ့အားသင့္ဖြယ္ျဖစ္တည္မႈေၾကာင့္ ႐ုပ္ရွင္ထုတ္လုပ္သူ ဆာဂ်ီယိုႏ်ဴစပီလမ္က သူ႕ကိုသိပၸံနည္းက်စူးစမ္းေလ့လာေရးခရီးတစ္ခုျပဳလုပ္ဖို႔ ရန္ပံုေငြရွာေနတယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က ႏ်ဴစပီလမ္ဟာ မွတ္တမ္း႐ုပ္ရွင္႐ိုက္ကူးဖို႔ Google Map မွာ ႐ိုက္ကြင္းေနရာရွာေဖြရင္း ဒီကၽြန္းကိုေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

“The Eye ဟာ အခ်င္း ၁၁၈ မီတာရွိတဲ့ စက္ဝုိင္းပံုကၽြန္းတစ္ခုပါ။ ေဘးပတ္လည္မွာက ပါးလႊာတဲ့ေရလမ္းေၾကာင္းတစ္ခု ဝိုင္းေနပါတယ္။ ေရစက္ဝိုင္းနဲ႔ ေျမႀကီးစက္ဝိုင္းတို႔ႏွစ္ခုျဖစ္တည္ေနပံုကို သဘာဝျဖစ္စဥ္တစ္ခုလို႔ ယံုရမွာခက္ေလာက္စရာပါပဲ။” လို႔ ဆာဂ်ီယိုႏ်ဴစပီလမ္က သူထုတ္လုပ္တဲ့ဗီဒီယိုတစ္ခုမွာ ရွင္းျပထားပါတယ္။ အဲ့ဒီကၽြန္းဟာ သူ႕ရဲ႕ကိုယ္ပိုင္ဝင္႐ိုးမွာလည္ေနတယ္ဆိုတာကိုလည္း ႏ်ဴစပီလမ္နဲ႔အဖြဲ႕က Google Earth ရဲ႕ Time Control function ကိုသံုးၿပီး ေလ့လာေတြ႕ရွိခဲ့တာပဲျဖစ္ပါတယ္။

ႏ်ဴစပီလမ္က သူ႕ရဲ႕ေတြ႕ရွိမႈကို အမ်ားျပည္သူကို ခ်ျပခဲ့ၿပီးေနာက္ သူကိုယ္တိုင္ အဲ့ဒီထူးျခားျဖစ္စဥ္ကို မ်က္ျမင္ကိုယ္ေတြ႕ရွိႏုိင္ဖို႔ရာ အဲ့ဒီကၽြန္းကိုသြားဖို႔ဆံုးျဖတ္ခဲ့ပါတယ္။ အဲ့ဒီေလ့လာေရးခရီးအတြက္ သူဟာ နယူးေယာက္က ဟိုက္ဒေရာလစ္နဲ႔ ၿမိဳ႕ျပအင္ဂ်င္နီယာ ရစ္ခ်တ္ပတ္ထ႐ိုနီနဲ႔ နည္းပညာကၽြမ္းက်င္ပညာရွင္ ပါဘလိုမာတီးနက္ဇ္တို႔ကို သူနဲ႔အတူေခၚေဆာင္သြားခဲ့ပါတယ္။

အဲ့ဒီခရီးတုန္းက သူတို႔ဟာ The Eye ကၽြန္းနံေဘးက ေရထုဟာ မယံုႏုိင္ေလာက္စရာၾကည္လင္ေအးစက္ေနၿပီး ေအာက္ေျခေျမသားထုဟာ နံေဘးကရႊံဗြက္ေတြနဲ႔ အလယ္ဗဟိုကလႈပ္ေနတဲ့အပိုင္းတို႔နဲ႔ယွဥ္ရင္ မာေက်ာတာကို ေတြ႕ရွိခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုတာကို မသိေပမဲ့ ၎လႈပ္ေမ်ာေနတာေတာ့အေသအခ်ာပဲျဖစ္တယ္လို႔ ႏ်ဴစပီလမ္က ဆိုပါတယ္။

ဒါေပမဲ့လည္း ဒီကၽြန္းရဲ႕ဆန္းၾကယ္မႈကို ရွာေဖြႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္ေသးတဲ့ ႏ်ဴစပီလမ္ဟာ အခုတစ္ခါ သိပၸံနည္းက်စူးစမ္းေလ့လာေရးခရီးတစ္ခုထြက္ဖုိ႔အတြက္ ရန္ပံုေငြရွာေနတာပဲျဖစ္ပါတယ္။

ႏ်ဴစပီလမ္ရဲ႕ဗီဒီယိုထြက္ရွိၿပီးေနာက္ အင္တာနက္အသံုးျပဳသူအခ်ဳိ႕က ဒီလိုျဖစ္စဥ္မ်ဳိးဟာ ၎ေဒသမွာ ဒါပထမဆံုးမဟုတ္ဘူးလို႔လည္း ေျပာၾကပါတယ္။ အခ်ဳိ႕ကလည္း အဲ့ဒီျဖစ္စဥ္နဲ႔စပ္လ်ဥ္းတ့ဲ သီအိုရီအခ်ဳိ႕ကို ေဖာ္ျပၾကပါတယ္။

သင့္အေနနဲ႔လည္း ဒီကၽြန္းကို YouTube မွာ ေလ့လာၾကည့္႐ႈႏုိင္သလို Google Map မွာလည္း 34°15’07.8″S 58°49’47.4″W ေဖာ္ျပပါကိုၾသဒိနိတ္အမွတ္ေတြနဲ႔ ရွာေဖြႏုိင္တယ္လို႔ သိရပါတယ္။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

### Unicode Version ###

အာဂျင်တီးနားအရှေ့မြောက်ပိုင်းစွန်းမှာ ထူးဆန်းတဲ့ကျွန်းတစ်ကျွန်းကို တွေ့ရှိထားကြတာကို သိကြပြီးဖြစ်မှာပါ။

ရေတွေဝန်းရံထားတဲ့၎င်းကျွန်းဟာ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်ပြီး သူ့ရဲ့ဝင်ရိုးကိုဗဟိုပြုပြီး လည်နေတာဖြစ်ပါတယ်။ အဲ့ဒီထူးခြားတဲ့ဝိသေသလက္ခဏာကြောင့် သူဟာ “The Eye” လို့ အမည်ပြောင်ပေးခံထားရပါတယ်။

သူ့ရဲ့အံ့အားသင့်ဖွယ်ဖြစ်တည်မှုကြောင့် ရုပ်ရှင်ထုတ်လုပ်သူ ဆာဂျီယိုနျူစပီလမ်က သူ့ကိုသိပ္ပံနည်းကျစူးစမ်းလေ့လာရေးခရီးတစ်ခုပြုလုပ်ဖို့ ရန်ပုံငွေရှာနေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က နျူစပီလမ်ဟာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ Google Map မှာ ရိုက်ကွင်းနေရာရှာဖွေရင်း ဒီကျွန်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“The Eye ဟာ အချင်း ၁၁၈ မီတာရှိတဲ့ စက်ဝိုင်းပုံကျွန်းတစ်ခုပါ။ ဘေးပတ်လည်မှာက ပါးလွှာတဲ့ရေလမ်းကြောင်းတစ်ခု ဝိုင်းနေပါတယ်။ ရေစက်ဝိုင်းနဲ့ မြေကြီးစက်ဝိုင်းတို့နှစ်ခုဖြစ်တည်နေပုံကို သဘာဝဖြစ်စဉ်တစ်ခုလို့ ယုံရမှာခက်လောက်စရာပါပဲ။” လို့ ဆာဂျီယိုနျူစပီလမ်က သူထုတ်လုပ်တဲ့ဗီဒီယိုတစ်ခုမှာ ရှင်းပြထားပါတယ်။ အဲ့ဒီကျွန်းဟာ သူ့ရဲ့ကိုယ်ပိုင်ဝင်ရိုးမှာလည်နေတယ်ဆိုတာကိုလည်း နျူစပီလမ်နဲ့အဖွဲ့က Google Earth ရဲ့ Time Control function ကိုသုံးပြီး လေ့လာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

နျူစပီလမ်က သူ့ရဲ့တွေ့ရှိမှုကို အများပြည်သူကို ချပြခဲ့ပြီးနောက် သူကိုယ်တိုင် အဲ့ဒီထူးခြားဖြစ်စဉ်ကို မျက်မြင်ကိုယ်တွေ့ရှိနိုင်ဖို့ရာ အဲ့ဒီကျွန်းကိုသွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီလေ့လာရေးခရီးအတွက် သူဟာ နယူးယောက်က ဟိုက်ဒရောလစ်နဲ့ မြို့ပြအင်ဂျင်နီယာ ရစ်ချတ်ပတ်ထရိုနီနဲ့ နည်းပညာကျွမ်းကျင်ပညာရှင် ပါဘလိုမာတီးနက်ဇ်တို့ကို သူနဲ့အတူခေါ်ဆောင်သွားခဲ့ပါတယ်။

အဲ့ဒီခရီးတုန်းက သူတို့ဟာ The Eye ကျွန်းနံဘေးက ရေထုဟာ မယုံနိုင်လောက်စရာကြည်လင်အေးစက်နေပြီး အောက်ခြေမြေသားထုဟာ နံဘေးကရွှံဗွက်တွေနဲ့ အလယ်ဗဟိုကလှုပ်နေတဲ့အပိုင်းတို့နဲ့ယှဉ်ရင် မာကျောတာကို တွေ့ရှိခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတာကို မသိပေမဲ့ ၎င်းလှုပ်မျောနေတာတော့အသေအချာပဲဖြစ်တယ်လို့ နျူစပီလမ်က ဆိုပါတယ်။

ဒါပေမဲ့လည်း ဒီကျွန်းရဲ့ဆန်းကြယ်မှုကို ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးတဲ့ နျူစပီလမ်ဟာ အခုတစ်ခါ သိပ္ပံနည်းကျစူးစမ်းလေ့လာရေးခရီးတစ်ခုထွက်ဖို့အတွက် ရန်ပုံငွေရှာနေတာပဲဖြစ်ပါတယ်။

နျူစပီလမ်ရဲ့ဗီဒီယိုထွက်ရှိပြီးနောက် အင်တာနက်အသုံးပြုသူအချို့က ဒီလိုဖြစ်စဉ်မျိုးဟာ ၎င်းဒေသမှာ ဒါပထမဆုံးမဟုတ်ဘူးလို့လည်း ပြောကြပါတယ်။ အချို့ကလည်း အဲ့ဒီဖြစ်စဉ်နဲ့စပ်လျဉ်းတဲ့ သီအိုရီအချို့ကို ဖော်ပြကြပါတယ်။

သင့်အနေနဲ့လည်း ဒီကျွန်းကို YouTube မှာ လေ့လာကြည့်ရှုနိုင်သလို Google Map မှာလည်း 34°15’07.8″S 58°49’47.4″W ဖော်ပြပါကိုသြဒိနိတ်အမှတ်တွေနဲ့ ရှာဖွေနိုင်တယ်လို့ သိရပါတယ်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
တစ်ဂါလံလျှင် ဒေါ်လာ ၃၉ သန်း တန်ကြေးရှိသော ပါလက်စတိုင်း ကင်းမြီးကောက်အဆိပ်၊ ကင်ဆာရောဂါကုသရာတွင် အသုံးပြုသည်ဟုဆို...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
နိုင်ဂျီးရီးယား မိန်းကလေး ၄ ဦးက ကျင်ငယ်ရည်ဖြင့် မောင်းနိုင်သော မီးစက် တီထွင်၊ ရေသန့် တစ်ဘူးစာ ထည့်ထားလျှင် ၆ နာရီမောင်းနိုင်...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service