ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက် ဟာရီ တာနိုးက အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ်

ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက် ဟာရီ တာနိုးက အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ် - Property News in Myanmar from iMyanmarHouse.com
27 Jun 2019 11:40 am တွင် တင်ခဲ့သည်
1022 ကြိမ် ကြည့်ရှု့ပြီး

နိုင်ငံတကာသတင်းမီဒီယာများတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ စီးပွားရေးမိတ်ဖက်ဟု ရည်ညွှန်းရေးသားခြင်း ခံရလေ့ရှိသူ ဟာရီ တာနိုးသည် အင်ဒိုနီးရှားနိုင်ငံတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး အပန်းဖြေကစားကွင်းကြီး တစ်ခုကို ကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံဆောက်လုပ်ရန် စီစဉ်လျက်ရှိသည်။

ဟာရီတာနိုးသည် အင်ဒိုနီးရှား အိမ်ခြံမြေ developer ၊ မီဒီယာလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး နာမည်အပြည့်အစုံမှာ ဟာရီ တာနိုးဆိုဒစ်ဘ်ဂျိုဖြစ်သည်။

ဟာရီတာနိုးသည် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟု ၂၀၁၇ ခုနှစ်အတွင်းက ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့ဖူးသေးသည်။

လက်ရှိအားဖြင့်လည်း တာနိုးသည် အင်ဒိုနီးရှားတွင် ကြီးမားသည့်စီမံကိန်းကြီးများ ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ အင်ဒိုနီးရှားနိုင်ငံ အတွင်းမှာသာမက အရှေ့တောင်အာရှ ဒေသတွင်းတစ်ခွင်လုံးတွင်ပါ အကြီးမားဆုံးဖြစ်သော အပန်းဖြေကစားကွင်းကြီး ဆောက်လုပ်ရန် ရည်မှန်းနေခြင်း ဖြစ်သည်။

တာနိုး၏ အိမ်ခြံမြေဆောက်လုပ်ရေးပင်မကုမ္ပဏီတစ်ခုဖြစ်သော PT MNC Land မှ ကိုယ်စားလှယ်တစ်ဦးမှ မကြာသေးမီက ထုတ်ဖော်ပြောကြားချက်အရ မြေဟက်တာ ၃၀၀၀ အကျယ်အဝန်းပေါ်တွင် အပန်းဖြေကစားကွင်းကြီးတစ်ခုကို အင်ဒိုနီးရှားငွေ ၇ ထရီလီယံ (ကန်ဒေါ်လာ သန်း ၅၀၀) အကုန်အကျခံ ဆောက်လုပ်ရန် စီစဉ်နေကြောင်း၊ MNC Lido City ဟု အမည်ပေးထားပြီး အနောက် ဂျာဗားမှ ဘိုဂေါအရပ်တွင်တည်ရှိကာ ဂျကာတာမြို့တော်နှင့် အလှမ်းမဝေးလှကြောင်း ပြောကြားသည်။

"ဒါဟာ အရှေ့တောင်အာရှမှာ အကြီးမားဆုံးနဲ့ ပထမဆုံး နိုင်ငံတကာ စံချိန်မီကစားကွင်းတစ်ခု ဖြစ်လာမှာပါ။ စင်္ကာပူမှာရှိတဲ့ Universal Studios ထက် ၂ ဆ လောက် ကျယ်ဝန်းမှာဖြစ်ပါတယ်" ဟု MNC Land မှ လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ အေ ဒရီယန် ဘူဒီ အူတာမာက ပြောကြားသည်။

သို့သော် အဆိုပါအချက်မှာ မူလက ရည်ရွယ်ထားခဲ့သည်နှင့် များစွာ ခြားနားနေသည်။

MNC Land ၏ Lido City စီမံကိန်းသည် ရည်ရွယ်ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော စီမံကိန်းတစ်ရပ်ဖြစ်ပြီး အစောပိုင်းကာလများက ကောလာဟလများ ထွက်ပေါ်ခဲ့ရာတွင် Disneyland ကစားကွင်းတစ်ခုအဖြစ် ဆောက်လုပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို သတင်းများထွက်ပေါ်ရခြင်းအား အထောက်အပံ့ပေးနေသည့် အချက်မှာ Lido City စီမံကိန်းတွင် ဒေါ်နယ်ထရမ့် (ယခု အမေရိကန် သမ္မတ) နှင့် Trump Hotel Group တို့ ပါဝင်လက်တွဲ အကောင်အထည်ဖော်နေသည့်အချက် ဖြစ်သည်။

ထို့အပြင် ဘာလီကျွန်းတွင် MNC Land က အကောင်အထည်ဖော်နေသည့် အခြားအပန်းဖြေစခန်းစီမံကိန်းတွင်လည်း Trump Hotel Group က ပါဝင်အကောင်အထည်ဖော်မှုများ ရှိနေသည်။

ဟာရီတာနိုးသည် ယခုလအတွင်းတွင်ပင် နိုင်ငံတကာသတင်းစာမျက်နှာပေါ်သို့ တက်လာခဲ့သေးသည်။

လော့စ်အိန်ဂျလိမြို့ ၊ ဘီဗာလီဟေးလ်အရပ်တွင် ဒေါ်နယ်ထရမ့်ပိုင်ဆိုင်ထားသည့် နေအိမ်တစ်လုံးကို ပေါက်ဈေးထက် များစွာပိုပေးကာ ဝယ်ယူလိုက်သည့်သတင်းကို ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ဟာရီတာနိုးသည် ထရမ့်၏ မျက်နှာပေးမှုကို ဝယ်ယူရန်ကြိုးစားခြင်းဖြစ်သည်ဟု အချို့ က ခန့်မှန်းကြသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service