ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်က အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်ကြိုက်စဉ်ကာလအတွင်း နေထိုင်ခဲ့သော နယူးယောက်ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာ

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်က အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် ချစ်ကြိုက်စဉ်ကာလအတွင်း နေထိုင်ခဲ့သော နယူးယောက်ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
17 Jun 2019 12:05 pm တွင် တင်ခဲ့သည်
969 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီးကြီး ကင်မရွန် ဒိုင်ယက်ဇ် နေထိုင်ခဲ့ဖူးသော နယူးယောက်မြို့ ၊ West Village ရှိ ကွန်ဒိုခန်း ကန်ဒေါ်လာ ၄ သန်းဖြင့် ဈေးကွက်ဝင်လာသည်။

ကင်မရွန် ဒိုင်ယက်ဇ်သည် အဆိုပါအခန်းကို ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။

ကင်မရွန်ဒိုင်ယက်ဇ်အတွက် ကန်ဒေါ်လာ တစ်သန်းကျော် မြတ်စွန်းခဲ့သော်လည်း ၎င်းထံမှ ပြန်လည်ဝယ်ယူပြီး ယခုဈေးကွက်တင်လာသူ နိုအယ်လ် ပစ်ထ်မန်းအတွက်မူ ကံမကောင်းချေ။

အဘယ်ကြောင့်ဆိုသော် ကင်မရွန်ဒိုင်ယက်ဇ်ထံမှ ဝယ်ယူစဉ်က ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းပေးခဲ့ရပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၄ သန်းသာရှိနေခြင်းကြောင့် ဒေါ်လာ ၂ သိန်းခွဲခန့် အရှုံးပေါ်နေပြီ ဖြစ်သည်။

အခန်းတည်နေရာမှာ နယူးယောက်မြို့ ၊ အနောက် ၁၂ လမ်း အမှတ် ၅၉ တွင် တည်ရှိသည့် အဆောက်အအုံကြီးတွင်ဖြစ်ပြီး အဆိုပါအဆောက်အအုံကို အင်မရီ ရုသ်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အဲလက်စ် ရိုဒရီဂွက်ဇ် (ယခု ဂျနီဖာလိုပက်ဇ်၏ ခင်ပွန်း) နှင့် ချစ်ကြိုက်နေစဉ်ကာလအတွင်း ယခုအခန်းတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ကင်မရွန်ဒိုင်ယက်ဇ်သည် အဲလက်စ်ရိုဒရီဂွက်ဇ်နှင့် လမ်းခွဲပြီးနောက် အမေရိကန် အော်တာနေးတစ် ရော့ခ်တီးဝိုင်း Good Charlotte မှ ဂီတသမား ဘင်ဂျီ မက်ဒင်နှင့် ချစ်ကြိုးသွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

ဘင်ဂျီ မက်ဒင်၏ အမွှာညီအစ်ကို ဂျိုအဲလ်မှာ နစ်ကိုးလ် ရစ်ချီနှင့် လက်ထပ်ခဲ့သည်ဟု ဆိုသည်။

West Village ကွန်ဒိုခန်းတွင် ဒီဇိုင်နာ ကယ်လီ ဝဲစတယ်လာက ကင်မရွန်ဒိုင်ယက်ဇ်အတွက် အထူးဒီဇိုင်းရေးဆွဲ မွမ်းမံထားသော အတွင်းပိုင်း အပြင်အဆင်တို့ ပါဝင်ပြီး Elle Décor မဂ္ဂဇင်းကြီး၏ မျက်နှာဖုံးတွင်ပင် ဖော်ပြခံရဖူးသည်။

၁၄ ပေရှိသော အဝတ်ထားသိုခန်းများ ပါဝင်သည့် အဝင်ခန်းမပါဝင်ပြီး အနက်ရောင်ဆေးသုတ်ထားသည့် ဝက်သစ်ချသား ကြမ်းခင်းများ တွေ့ရသည်။

ညစာစားခန်းနှင့် ဧည့်ခန်းကို ရွှေရောင်မှန်နံရံများ၊ ဗိသုကာပိုင်းအရ ထည့်သွင်းထားသည့် ထုတ်တန်းများဖြင့် ပိုင်းခြားထားသည်။

နေအိမ်ခန်းအတွင်း ထင်းသုံးမီးလင်းဖို၊ နံရံကပ်စက္ကူတို့နှင့် ဧည့်ခန်းတွင်မူ လက်မှုလက်ရာများဖြင့် မွမ်းမံထားသော မျက်နှာကြက်များ တွေ့ရသည်။

မီးဖိုဆောင်အတွင်း ရေစစ်စနစ်တစ်ခုကို အထိုင်အဖြစ် ထည့်သွင်းပေးထားသည်။

ဈေးကွက်တင်သွင်းပေးသူများမှာ Brown Harris Stevens အိမ်ခြံမြေကုမ္ပဏီမှ ဂျွန်ဘာဂါနှင့် ရစ်ချတ် ဇီဂယ်လက်ခ်ျတို့ ဖြစ်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service