ဒူဘိုင်းက ရေရှည်နေထိုင်ခွင့် ဗီဇာများ ပေးအပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများကို ဆွဲဆောင်ကာ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစား

ဒူဘိုင်းက ရေရှည်နေထိုင်ခွင့် ဗီဇာများ ပေးအပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများကို ဆွဲဆောင်ကာ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစား - Property News in Myanmar from iMyanmarHouse.com
14 Jun 2019 12:33 pm တွင် တင်ခဲ့သည်
1635 ကြိမ် ကြည့်ရှု့ပြီး

အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဒူဘိုင်းသည် ရေရှည်နေထိုင်ခွင့် ဗီဇာများ ပေးအပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများ ကို ဆွဲဆောင်ကာ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစားလာသည်။

အနည်းဆုံး အာရပ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း) တန်ဖိုးရှိသည့် အိမ်ခြံမြေဝယ်ယူသူများကို ၁၀ နှစ်နှင့်အထက် ဗီဇာ ထုတ်ပေးမည်ဟု ကမ်းလှမ်းလာခြင်း ဖြစ်သည်။

ဒူဘိုင်းအိမ်ခြံမြေဈေးကွက် ကျဆင်းနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်းများမှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဒုတိယအကြီးမားဆုံး မြို့ပြနိုင်ငံဖြစ်သော ဒူဘိုင်းသည် ၅ နှစ်မှ ၁၀ နှစ်အကြားသက်တမ်းရှိ ဗီဇာများ မကြာသေးမီကာလမှ စတင်ကာ ထုတ်ပေးလာနေသည်။

အလုပ်သမားများနှင့် ပညာရှင်ဝန်ထမ်းများအတွက် ထုတ်ပေးသော ဗီဇာမှာ ၃ နှစ်နှင့် အထက်ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်းကလည်း အသက် ၅၅ နှစ်နှင့်အထက်ရှိသူများကို ၅ နှစ် အနားယူခြင်းဗီဇာ (retirement visas) များ ထုတ်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့ဖူးသည်။

ယခုထုတ်ပေးသော ဗီဇာစည်းမျဉ်းအရ ဒူဘိုင်းအိမ်ခြံမြေကဏ္ဍတွင် အနည်းဆုံး အာရပ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း) ရင်းနှီးမြှုပ်နှံကာ လစဉ်ဝင်ငွေ အာရပ်ငွေ ၂၀၀၀၀ ရှိသူ (သို့မဟုတ်) အာရပ်ငွေ ၁ သန်းနှင့်အထက် အရင်းအနှီးရှိသူများကို ရေရှည်ဗီဇာ ထုတ်ပေးမည် ဖြစ်သည်။

ဒူဘိုင်းမြေယာဌာနသည် တရုတ်ရင်းနှီးမြှုပ်နှံသူများမှ အိမ်ခြံမြေများ ပိုမိုဝယ်ယူလာကြရေး ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေပြီး ယခုနှစ်အတွင်း အနည်းဆုံး အာရပ်ငွေ ၁ ဘီလီယံဖိုးခန့် ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရန် ရည်မှန်းထားသည်။

ဒူဘိုင်းအစိုးရသည် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် ရုံးခန်း ၂ ခု ဖွင့်လှစ်ခဲ့ပြီး ရှန်ကျန်းနှင့် အခြားသော ပြည်မကြီးရှိ မြို့ကြီးပြကြီးများတွင် ရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဘူဒါဘီအခြေစိုက် The National သတင်းစာက ဖော်ပြသည်။

“တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ အိမ်ခြံမြေဈေးကွက်မှာ ကြီးထွားလာနေတဲ့ အခန်းကဏ္ဍရှိနေပါတယ်။ နာမည်ကျော် developer ကြီးတွေဟာ လက်ရှိအားဖြင့် ဒီကဏ္ဍကို ပစ်မှတ်ထားနေပြီး တရုတ်ပြည်မှာ အိမ်ခြံမြေပြပွဲလုပ်တာတွေ၊ တရုတ်အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေက တဆင့်ကြိုးပမ်းလာနေကြတယ်”ဟု JLL ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ သုတေသနဌာန အကြီးအကဲ ကရစ်ဂ်ျ ပလမ့်ဘ်က ပြောကြားသည်။

အာရပ်စော်ဘွားများပြည်ထောင်စု၏ အကောက်ခွန်မဲ့ မူဝါဒကလည်း ချမ်းသာကြွယ်ဝသူများကို ဒူဘိုင်းတွင် အိမ်ခြံမြေများ ဝယ်ယူလာစေမည့် မက်လုံးတစ်ရပ်လည်း ဖြစ်နေသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service