အမျိုးသားသစ်တောဝန်းအတွင်း ကိုယ်ပိုင်လေယာဉ်ပြေးလမ်းတစ်ခု ပိုင်ဆိုင်ထားသော ၇၇ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး လေလံတင်ရောင်းချမည်

အမျိုးသားသစ်တောဝန်းအတွင်း ကိုယ်ပိုင်လေယာဉ်ပြေးလမ်းတစ်ခု ပိုင်ဆိုင်ထားသော ၇၇ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီး လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
10 Jun 2019 12:24 pm တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်တွင် အမျိုးသားသစ်တောဝန်းအတွင်း ကိုယ်ပိုင်လေယာဉ်ပြေးလမ်းတစ်ခု ပိုင်ဆိုင်ထားသော ၇၇ ဧက ကျယ်ဝန်းသည့် မွေးမြူရေးခြံကြီးတစ်ခြံ လေလံတင်ရောင်းချရန် ဈေးကွက်ဝင်နေပြီး ကြမ်းခင်းဈေး သတ်မှတ်ထားခြင်းမရှိဟု ဆိုသည်။

အီလာဟီး မွေးမြူရေးခြံ (Illahee) ဟု အမည်ပေးထားသော မြင်းခြံကြီးသည် အမ့်ပ်ကွာအမျိုးသားသစ်တောဝန်း (Umpqua National Forest) အလယ်တွင်ရှိပြီး လာမည့်ဇွန်လ ၂၂ ရက်တွင် Elite Auctions က လေလံတင်ရောင်းချပေးမည် ဖြစ်သည်။

လေလံပွဲမတိုင်မီ တိုက်ရိုက်ဝယ်ယူလိုသူများအနေဖြင့်မူ ကန်ဒေါ်လာ ၃ ဒသမ ၄၉ သန်းဖြင့် ဝယ်ယူနိုင်သည်ဟု သိရသည်။

မွေးမြူရေးခြံကြီးသည် Portland မြို့ ၏တောင်ဘက် မိုင် ၂၀၀ ခန့်အကွာတွင် တည်ရှိပြီး ပစိဖိတ်အနောက်မြောက်ပိုင်းဒေသ၏ ရွက်ပုန်းသီး နိဗ္ဗာန်ဘုံတစ်ခုဖြစ်ကြောင်း Elite Auctions မှ ရန်ဒီ ဟက်ဒါဝေးက ပြောကြားသည်။

ခြံဝန်းကြီးအတွင်း သစ်လုံးအိမ် ၄ လုံးပါဝင်ပြီး တစ်လုံးမှာ ၁၉၁၄ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ထုတ်တန်းများဖော်ကာ ဆောက်လုပ်ထားသည့် မျက်နှာကြက်များ၊ အဝတ်အစားထားသိုခန်းပါဝင်သည့် master bedroom နှင့် အရက်ဘားတို့ ပါဝင်သည်။

ထို့အပြင် ပေပေါင်း ၂၈၀၀ ရှည်လျားသည့် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်သိုလှောင်ရုံတစ်ခု၊ အလိုအလျောက် ရေလောင်းစနစ် ပါဝင်သည့် ပျိုးအိမ်၊ စောင့်ကြည့်ရေးစနစ်နှင့် မြင်းမွေးမြူရေး အဆောက်အအုံ၊ ပစ္စည်းကိရိယာများ ပါဝင်သည်။

ယခု မွေးမြူရေးခြံကြီးတည်နေရာတွင် ရှည်လျားသည့် သမိုင်းကြောင်းရှိနေပြီး ဌာနေအမေရိကန်တိုင်းရင်းသားတို့သည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ယခုနေရာတွင် နေထိုင်ခဲ့ကြဖူးသည်။

“သူတို့တွေဟာ အခုခေတ် နွေရာသီအိုလံပစ်ပွဲတော်လိုမျိုးတွေ ၊ အပြေးပြိုင်ပွဲတွေ ကျင်းပခဲ့ကြမယ်၊ အိုးခွက်တွေ မြေထည်တွေ ရောင်းဝယ်ခဲ့ကြလိမ့်မယ်” ဟု ပိုင်ရှင်ဖြစ်သူ ဘီလ် ဝုဒ်စ်က ခြံဝန်းကြီးဈေးကွက်တင်သည့် ဗွီဒီယိုဖိုင်အတွင်းတွင် ပြောကြားထားသည်။

ဘီလ်ဝုဒ်စ်က ယခုခြံဝန်းကြီးကို မည်သည့်အချိန်က ဈေးမည်မျှဖြင့် ဝယ်ယူခဲ့သည်ကိုမူ မသိရချေ။

ဧကပေါင်းတစ်သန်းနီးပါးရှိသည့် အမျိုးသားသစ်တောဝန်းအတွင်း တည်ရှိသောကြောင့် ပိုင်ရှင်သစ်အတွက် အနီးကပ်ဆုံးဖြစ်မည့် အိမ်နီးချင်းများမှာ မွေးမြူရေးခြံဝန်းကြီးအနီးတွင် တစ်နှစ်တာပတ်လုံး ကျက်စားတတ်ကြသည့် သမင်အုပ်ကြီး ၂ ခု ဖြစ်ဖွယ်ရာရှိသည်။

“ခင်ဗျား ဒီကိုလာမယ်ဆိုရင် လူ့ပြည်ရဲ့ အပြင်ဘက်ကို ရောက်ရှိသွားသလိုဖြစ်သွားမှာပါ။ ဒီနေရာမှာ တခြားလူသားတစ်ယောက်ကိုမှ တွေ့မြင်ရမှာ မဟုတ်ပါဘူး” ဟု မစ္စတာ ဘီလ် ဝုဒ်စ်က ပြောကြားသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ်ကြိမ်မျှ မတွေ့ဖူးခဲ့...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရှင်တို့က အမေရိကန်အစိုးရကို တိုက်တွန်း...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service