မွန်ပြည်နယ်ရှိ စည်ပင်ဈေးများ တင်ဒါ မခေါ်ဘဲ ဆောက်လုပ်သွားမည် ဟုဆို

မွန်ပြည်နယ်ရှိ စည်ပင်ဈေးများ တင်ဒါ မခေါ်ဘဲ ဆောက်လုပ်သွားမည် ဟုဆို - Property News in Myanmar from iMyanmarHouse.com
6 Jun 2019 10:33 am တွင် တင်ခဲ့သည်
1297 ကြိမ် ကြည့်ရှု့ပြီး

မွန်ပြည်နယ် အတွင်းရှိ အဆင့်မြှင့်တင်ရန် ဘတ်ဂျက် ရရှိထားသော စည်ပင်သာယာ ဈေးများ တည်ဆောက်ခြင်း လုပ်ငန်း ကို တင်ဒါ မခေါ်ဘဲ အစိုးရမှ စိတ်ချရသော ကုမ္ပဏီနှင့် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဆောက်လုပ်ရေး နှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ဇွန် ၄ ရက်က ကျင်းပခဲ့သော မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ပြည်သူ့ အတွက် တတိယ (၁) နှစ်တာ ကာလ အတွင်း ဆောင် ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တင်ဒါ မခေါ်ဘဲ အစိုးရ စိတ်ချရသော ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုရန် ဆောင်ရွက်ရခြင်းမှာ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက် ကာလမှာ ၃ လသာ ကျန်ရှိတော့ သဖြင့် ဘတ်ဂျက် စည်းမျဉ်း စည်းကမ်း အရ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီ ပြီး စီးစေရန် ရည်ရွယ်ကြောင်း ဦးမင်းကျော်လွင်က ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ စိတ်ချရမယ့် ကုမ္ပဏီဆိုတာ တွေးမယ် ဆိုရင် ဒါ Corruption (အဂတိလိုက်စားမှု) ပဲ၊ ကိုယ်တို့ ဘက်က တွေးမယ် ဆိုရင် စိတ်ချတဲ့ ကုမ္ပဏီကို မခိုင်းဘဲ ကိုယ်မှ ပြောဖို့ ဆိုဖို့ မပြီးတဲ့ ကုမ္ပဏီကို ရွေးပြီးခိုင်းလို့ မပြီးရင် ဘတ်ဂျက်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လာငြိဦးမယ်” ဟု ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း မော်လမြိုင်မြို့ ရှိ မြိုင်သာယာဈေးကို ငွေကျပ် ၅၄၄ ဒသမ ၅၈ သန်း၊ သီရိမြိုင်ဈေး B ရုံနှင့် C ရုံကို ငွေကျပ် ၁၀၈ သန်း၊ ရွှေမြိုင်သီရိ ဈေးကို ငွေကျပ် ၃၅၉ ဒသမ ၉၅ သန်း၊ ဒိုင်းဝန်ကွင်း ပျံကျဈေးကို ငွေကျပ် ၇၉ ဒသမ ၈၆ သန်းနှင့် ကျိုက်မရောမြို့မ ဈေးကို ငွေကျပ် ၅၈၇ ဒသမ ၆၁ သန်း တို့ဖြင့် အဆင့်မြှင့်တင် တည်ဆောက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်က သိရသည်။

ဦးမင်းကျော်လွင်က “စိတ်ချရမယ့် ကုမ္ပဏီဆိုတာ အရည်အသွေးလည်းကောင်းမယ်၊ အချိန်မီလည်း ပြီးမယ်၊ အားလုံးကိုလည်း အင်ဂျင်နီယာနဲ့ ဖွဲ့စည်းပုံနဲ့ ပြည့်စုံတဲ့ ကုမ္ပဏီကို ပြောတာပါ။ အဲဒါကြောင့် သမ္မတညွှန်ကြားတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ ကိုက်သလား ဆိုတာ ၁/၂၀၁၇ မှာ ဖော်ပြထားတာ ရှိပါတယ်” ဟု ပြောသည်။

၁/၂၀၁၇ ၏ အပိုဒ် (၅) တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ ဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက် ခြင်း၊ ပစ္စည်း ဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများအတွက် တင်ဒါခေါ်ယူရာတွင် ထိုညွှန်ကြားချက်နှင့် အညီလိုက်နာဆောင်ရွက်ရန် ဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီး ဌာန၏ “ကန်ထရိုက် စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရမည့် လုပ်ငန်းညွှန်ကြားချက်” ကိုလည်း လိုက်နာဆောင်ရွက်ရပါမည်ဟု ညွှန်ကြား ထားကြောင်း ၎င်းက ပြောဆိုသည်။

“ဒါကို ဘာကို ဆိုလိုသလဲဆိုတော့ လုပ်နေကျအဖွဲ့စည်း၊ ကျွမ်းကျင်ပြီးသား အဖွဲ့အစည်း၊ အချိန်နဲ့ ကန့်သက်ချက်တွေ ရှိ လာတဲ့အခါမှာ လိုက်နာ ဆောင်ရွက်ရမယ့် အချက်။ လိုက်နာရမယ် ဖော်ပြထားတယ်”ဟု ဦးမင်းကျော်လွင်က ဆက်လက် ပြောဆိုသည်။

ဆက်လက်၍ ၎င်းက ၁/၂၀၁၇ အပိုဒ် (၆) တွင် နိုင်ငံတော် စီမံကိန်းကြီးများအား တင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု အဆင့် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့တို့၏ သဘောတူ ခွင့်ပြုချက် ရယူ၍ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဌာန၊ အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ကြရန် ဖြစ်သည်ဟု ညွှန်ကြားထားကြောင်း ဆက်လက် ရှင်းပြသည်။

မော်လမြိုင် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က “တင်ဒါ မခေါ်ဘဲနဲ့ ကုမ္ပဏီ တခုကို ပေးရင် အဂတိထဲမှာ သွားအကျုံးဝင်တယ် မဟုတ်လား။ ဒီအတိုင်း ကုမ္ပဏီတွေကို အဲဒီလို ပေးလို့ မရဘူးလေ။ အဲဒါဆိုရင် ဥပဒေနဲ့ ငြိစွန်းတယ်” ဟု မှတ်ချက်ပြုသည်။

ဌာန အနေဖြင့် တာဝန်ယူ တည်ဆောက်မည်ဆိုပါကလည်း တည်ဆောက်မည့် ပစ္စည်းများအတွက် ငွေကျပ် သိန်း ၁၀၀ ကျော်သော ပစ္စည်း ဝယ်ယူမှုများကို တင်ဒါ ခေါ်၍ လုပ်ဆောင်ရကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

၂၀၁၈ အသေးစား ဘတ်ဂျက်မှ ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ်ရှိ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်း ဆက် လမ်းစီမံကိန်းကို တင်ဒါ မခေါ်ဘဲ ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပြုသည့် ကိစ္စမှာ နိုင်ငံတော် သမ္မတရုံး တင်ဒါ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက် ၁/၂၀၁၇ နှင့် ကိုက်ညီမှု ရှိသည်ဟု အစိုးရဘက်က ပြောဆိုသော်လည်း ထိုကိစ္စမှာ သမ္မတရုံး ညွှန်ကြားချက်နဲ့ ကိုက်ညီမှု မရှိဟု မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြ ဝေဖန်မှုများလည်း ရှိနေသည်။

Credit: irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service