လော့စ်အိန်ဂျလိအိမ်ခြံမြေဈေးကွက်ထိုင်းနေသည်ဆိုသော်လည်း Maroon 5 ၏ အဆိုတော် အဒမ် လီဗင်း၏ စံအိမ် ဈေးကွက်တင်ပြီး ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက်

လော့စ်အိန်ဂျလိအိမ်ခြံမြေဈေးကွက်ထိုင်းနေသည်ဆိုသော်လည်း Maroon 5 ၏ အဆိုတော် အဒမ် လီဗင်း၏ စံအိမ် ဈေးကွက်တင်ပြီး ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
29 May 2019 12:35 pm တွင် တင်ခဲ့သည်
1018 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိတွင် အိမ်ခြံမြေဈေးကွက် အရောင်းထိုင်းနေသည်ဆိုသော်လည်း ကမ္ဘာကျော် ပေါ့ပ် တေးဂီတဝိုင်း Maroon 5 အဆိုတော် အဒမ် လီဗင်း၏ စံအိမ်မှာ ဈေးကွက်တင်ပြီး ရက်သတ္တ ၅ ပတ်အတွင်း ကန်ဒေါ်လာ ၄၅ သန်းဖြင့် ရောင်းထွက်သွားသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ ၏ ကမ္ဘာကျော်ကြယ်ပွင့်များ အခြေချနေထိုင်ကြသော နာမည်ကျော် ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိသည့် အိပ်ခန်း ၇ ခန်းပါ စံအိမ်ကို Redfin ကုမ္ပဏီက အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။

မူရင်းခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၇ ဒသမ ၅ သန်းဖြစ်ပြီး ကန်ဒေါ်လာ ၂ သန်းကျော်မျှ ဈေးလျှော့ချပေးရုံဖြင့် ရောင်းထွက်သွားခြင်းလည်း ဖြစ်ရာ ဒေါ်လာသန်းပေါင်းများစွာ တန်ကြေးရှိ နေအိမ်များကို ကာလတာရှည်စွာ ဈေးကွက်တင်ထားရပြီး ဈေးနှုန်း မကြာခဏ လျှော့ချပေးမှသာလျှင် ရောင်းထွက်လေ့ရှိသော အခြေအနေမျိုးတွင် ကြီးမားသည့် အောင်ပွဲတစ်ခုလည်း ဖြစ်သည်။

(အဆိုပါနေအိမ်အား အဒမ်လီဗင်းက ဧပြီလကုန်ပိုင်းတွင် ဈေးကွက်တင်ခဲ့ပုံသတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/821681  အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)

အဒမ်လီဗင်းသည် ဘီဗာလီဟေးလ်စံအိမ်ကို ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ကန်ဒေါ်လာ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ရာ တစ်နှစ်ကျော်အတွင်း ကန်ဒေါ်လာ ၁၁ သန်းခန့် မြတ်စွန်းသွားခဲ့သည်။သို့ရာတွင် အဆိုပါစံအိမ်ကို အဒမ်လီဗင်းက ပြန်လည်မွမ်းမံရာတွင် များစွာကုန်ကျခဲ့သေးသည်ဟု ဆိုသည်။

အိမ်တွင်း အိမ်ပြင် ပြုပြင်မွမ်းမံမှုများ၊ အသစ်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့ခြင်းအတွက် ကန်ဒေါ်လာ ၈ သန်းခန့် ကုန်ကျခဲ့ကြောင်း ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင်ဖြစ်သော Westside Estate Agency မှ ကာ့ထ် ရာပါပေါ့ထ်က ပြောကြားသည်။

ဝယ်ယူသွားသူမှာ Ellen DeGeneres ဖြစ်သည်ဟု အတင်းအဖျင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားသော်လည်း အတည်ပြုနိုင်ခြင်းကား မရှိသေးချေ။

မစ္စတာလီဗင်းသည် ယခုစံအိမ်တွင် ဇနီးဖြစ်သူ မော်လ်ဒယ် ဘီဟာတီ ပရင်စလူး (အသက် ၃၁ )၊ ကလေး ၂ ဦးတို့နှင့်အတူ နေထိုင်ခဲ့ခြင်း ဖြစ်သည်။

၁၉၃၃ ခုနှစ်တွင် ဒေသတွင်း ရိုးရာအမေရိကန်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် နေအိမ်အကျယ်အဝန်း စတုရန်းပေ ၁၀၀၀၀ ကျော်ရှိနေပြီဖြစ်ကာ အိမ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ အိမ်တွင်းရုပ်ရှင်ရုံ၊ မီဒီယာခန်းမ၊ အားကစားလေ့ကျင့်ရေး ခန်းမ၊ မီးဖိုဆောင် ၂ ခုနှင့် ဧည့်ဂေဟာအိမ်တစ်လုံးတို့ ပါဝင်သည်။

ကလေးများ၏ ကျောင်းနှင့် ပိုမိုနီးစပ်သော နေရာသို့ ပြောင်းရွှေ့ လိုသည့်အတွက် ယခုနေအိမ်ကို ရောင်းချရခြင်းဖြစ်သည်ဟု ဆိုသည်။

 

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Cadmium ဓာတ်များ ပါဝင်နေကြောင်း တွေ့ရှိ...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...
မရဏတြိဂံနေရာမှ ဝက်ခြံကို ညှစ်လိုက်မိပြီး မျက်နှာတခြမ်း လေဖြတ်ကာ အရေးပေါ်ခန်းသို့ ရောက်သွားသော အမျိုးသမီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service