ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ Maroon 5 ၏ ရှေ့ထွက်အဆိုတော် အဒမ် လာဗင်းက လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်များစုဝေးရာ ဘီဗာလီဟေးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၄၇ သန်းကျော်ဖြင့် ဈေးကွက်တင်

ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ Maroon 5 ၏ ရှေ့ထွက်အဆိုတော် အဒမ် လာဗင်းက လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်များစုဝေးရာ ဘီဗာလီဟေးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၄၇ သန်းကျော်ဖြင့် ဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
23 Apr 2019 11:29 am တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော် ပေါ့ပ်ဂီတအဖွဲ့ Maroon 5 ၏ ရှေ့ထွက်အဆိုတော် အဒမ် လာဗင်းသည် လော့စ်အိန်ဂျလိရှိ ကမ္ဘာကျော်များစုဝေးရာ ဘီဗာလီဟေးအရပ်ရှိနေအိမ်ကို ကန်ဒေါ်လာ ၄၇ သန်းကျော်ဖြင့် ဈေးကွက်တင်လာသည်။

အဒမ်လာဗင်းသည် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးလ်အရပ်ရှိ အဆိုပါစံအိမ်ကို ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း ကန်ဒေါ်လာ ၃၃ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း PropertyShark ကုမ္ပဏီ၏ မှတ်တမ်းများအရ သိရသည်။

အဒမ်လာဗင်းနှင့် ဇနီးဖြစ်သူ စူပါမော်ဒယ်လ် ဘီဟာတီ ပရင်စလူးတို့သည် အဆိုပါစံအိမ်ကို ဝယ်ယူပြီးနောက် အိမ်တွင်း၊ အိမ်ပြင် နေအိမ်မွမ်းမံမှုများ၊ ခြံဝန်းအတွင်း မြေယာအလှပြုပြင်မှုများအတွက် ကန်ဒေါ်လာ ၈ သန်းခန့် သုံးစွဲခဲ့ကြကြောင်း Westside Estate Agency ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် ကာ့ထ် ရာပါပေါ့ထ်က ပြောကြားသည်။

ယခုဈေးကွက်တင်မှုကို ကာ့ထ် ရာပါပေါ့ထ်က ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ခေါ်ဈေးမှာ ကန်ဒေါ်လာ ၄၇ ဒသမ ၅ သန်း ဖြစ်သည်။

“ဒီစံအိမ်ဟာ မိမိနေအိမ်လို ခံစားရစေတဲ့နေအိမ်တစ်လုံးပါ။ ဟောလိဝုဒ်ရဲ့ ခေတ်ဟောင်းအလှနဲ့ ၂၀၁၉ ခုနှစ်ရဲ့ အဆင့်မြင့်နည်းပညာတွေ ရောယှက်ထားပါတယ်” ဈေးကွက်တင်အချက်အလက်များအရ နေအိမ်အကျယ်အဝန်း စတုရန်းပေ ၁၀၃၇၆ ရှိပြီး ၁၉၃၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ကာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၁၂ ခန်းပါဝင်သည်ဟု ဆိုသည်။

နေအိမ်အတွင်း ရုပ်ရှင်ကြည့်ခန်းတစ်ခု၊ အားကစားလေ့ကျင့်ရေးခန်းမနှင့် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သေးသည်။

ခြံဝန်းအကျယ်မှာ တစ်ဧကခန့်ရှိပြီး ဂရုတစိုက်ထိန်းသိမ်းမွမ်းမံထားသည့် မြက်ခင်းစိမ်းတို့ ဝန်းပတ်နေကာ ခြံဝန်းအတွင်း ရေကူးကန်၊ တင်းနစ်ကွင်း၊ ပီဇာ oven တစ်ခုပါသော ဟင်းလင်းပြင်မီးဖိုဆောင်တစ်ခု၊ a putting green………တစ်ခုတို့လည်း ပါဝင်သည်။

hedge-lined ထည့်သွင်းထားသောကြောင့် တစ်ကိုယ်ရည်လွတ်လပ်မှု ပိုမိုရရှိနိုင်မည် ဖြစ်သည်။

ကလေးများ၏ ကျောင်းနှင့် ပိုမိုနီးစပ်စွာ နေထိုင်ရန် ရည်ရွယ်ကာ ဘီဗာလီဟေးလ်နေအိမ်ကို အရောင်းဈေးကွက်တင်ခြင်းဖြစ်ကြောင်း မစ္စတာ ရာပါပေါ့ထ်က ပြောကြားသည်။

အဒမ်လာဗင်းတို့ ဇနီးမောင်နှံတွင် သမီးငယ် ၂ ဦးရှိပြီး အသက် ၂ နှစ်နှင့် ၁ နှစ်အရွယ်များ ဖြစ်ကြသည်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်သော အဒမ်လာဗင်းနှင့် အသက် ၃၀ အရွယ်ရှိ မစ္စက် ပရင်စလူးတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း နေအိမ်အရောင်းအဝယ်များ ခပ်စိပ်စိပ်ပြုလုပ်လာသည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်း လော့စ်အိန်ဂျလိမြို့၊ ပစိဖိတ် ပါလစ်ဆိတ်အရပ်ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

အဒမ်လာဗင်းသည် “The Voice” အဆိုပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်နေသူလည်းဖြစ်ပြီး ဇနီးဖြစ်သူ ပရင်စလူးသည် Victoria’s Secret ၏ မော်ဒယ်လ်အဖြစ် နာမည်ကျော်သည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
အင်္ဂလန်မှ လိင်တူချစ်သူ အမျိုးသားစုံတွဲက လန်ဒန်ရှိ နေအိမ်ကို ရောင်းချကာ အီတလီမှ ဆို့နင့်ကြေကွဲဖွယ် အတိတ်ဇာတ်လမ်းရှိသော စ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
လက်တလော ဒလမြေဈေး ဆက်တိုက်တက်လာနေ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
area-one-business-complex
bkk-projects

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service