ရန်ကုန်တွင်လယ်မြေကို အခြားနည်းလမ်း သုံးစွဲခွင့်လျှောက်ထားမှု ၁၈,၀၀၀ ခန့်ရှိ

ရန်ကုန်တွင်လယ်မြေကို အခြားနည်းလမ်း သုံးစွဲခွင့်လျှောက်ထားမှု ၁၈,၀၀၀ ခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
23 May 2019 10:24 am တွင် တင်ခဲ့သည်
4169 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်း တွင် လယ်ယာမြေကို အခြားနည်းလမ်းသုံးစွဲခွင့် (လန - ၃၉) လျှောက်ထားမှု ၁၈,၀၀၀ ခန့်ရှိကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

မြေ နှင့် ပတ်သက်ပြီးလှုပ်ခတ်မှုများသော ရန်ကုန်တိုင်းတွင် လယ်ယာမြေကို အခြားနည်းလမ်းသုံးစွဲခွင့်ထိုသို့လျှောက်ထားမှုပမာဏများကြောင်း ၎င်းကဆက်လက် ပြောသည်။ လယ်မြေကို အခြားနည်းလမ်းအသုံးပြုပါက လယ်မြေတန်ဖိုးမူလဈေးနှုန်း ပြောင်းလဲပြီးတန်ဖိုးမြင့်တက်သွားကြောင်း ၀န်ကြီးချုပ်ကပြောသည်။

လယ်ယာမြေများတွင် လူနေထိုင်မှုလျှောက်ထားရာ၌လယ်သမားမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များသာ လျှောက်ထား ကြောင်း၊ လယ်တစ်ဧက မူလတန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ရှိသော်လည်း လန (၃၉) ရရှိပါ က ကျပ်သိန်း ၅၀၀ မှကျပ်သိန်း ၁,၀၀၀ အကြားဈေးမြင့်တက် ကြောင်း၎င်းကဆက်ပြောသည်။

ထိုအခြေအနေအတွက်အခွန်ဆောင်ခြင်း၊ ဒဏ်ငွေပေးဆောင်ခြင်းတို့ဖြင့် အခြားနည်းလမ်းသုံးစွဲခွင့်ရယူမည်ကိုလည်း မလိုလားကြောင်း၊ ထို့ကြောင့် တိုင်းအစိုးရ ဆုံးဖြတ်ချက်သာမက ပြည်ထောင်စုအစိုးရအဖွဲ့ သဘောထားကိုလည်းတောင်းခံထားကြောင်း ၀န်ကြီးချုပ်က စီးပွားရေးလုပ်ငန်းရှင်အချို့အား ပြောသည်။

‘‘မြေကိစ္စနဲ့ပတ်သက်ပြီး အထူးအဖွဲ့ ဖွဲ့ပြီးဆောင်ရွက်ဖို့ပြည်ထောင်စုအစိုးရကလည်း သဘောတူညီချက်ရထားပြီ’’ ဟု မေလ ၂၂ ရက်ကရန်ကုန်မြို့တွင် ပြုလုပ်သောဒုတိယသမ္မတနှင့် စီး ပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ ၌ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

၂၀၁၂ လယ်ယာမြေဥပဒေ အရ လယ်ယာမြေကို လန (၃၉)လျှောက်ထားပါက လျှောက်ထားသူကို ဒဏ်ရိုက်ပြီး မြေပြန်လည် သိမ်းယူသည်အထိ အရေးယူနိုင်ကြောင်း ၀န်ကြီးချုပ်က ပြော သည်။ မန္တလေးမြို့တွင် ကျပ် ၁၀ သိန်း၊ ရှမ်းပြည်နယ်တွင် ကျပ် သိန်း ၂၀ ဒဏ်ရိုက်ပြီးအခြားနည်းလမ်းသုံးစွဲခွင့်ပြုခြင်းများ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော်ရန်ကုန်တွင် ဒဏ်ငွေမည် မျှရိုက်သည်ကိုမူ ၀န်ကြီးချုပ် ကထည့်မပြောပေ။

ပြီးခဲ့သည့်ဧပြီအတွင်း ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်း ရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းထားသော လယ်မြေများကိုလျော် ကြေးပေးမည့်ကိစ္စပြောကြားထား ပြီးမြို့ပြမြေပေါက်ဈေးပမာဏအတိုင်းပေးလျော်မည်မဟုတ်ဘဲ လယ်မြေပေါက်ဈေးအတိုင်းပေးမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

သို့သော် သိမ်းဆည်းခံလယ် မြေများလျော်ကြေးပေးရာ၌ကြား ပွဲစားများ၏ ဆောင်ရွက်မှုများ ကြောင့် အခက်အခဲများကြုံရ သည်ဟု ၀န်ကြီးချုပ်ကဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service