၂၀၁၈ တွင် အာရှပစိဖိတ်၌ ဘီလျံနာဦးရေအများဆုံးကျဆင်း

၂၀၁၈ တွင် အာရှပစိဖိတ်၌ ဘီလျံနာဦးရေအများဆုံးကျဆင်း - Property News in Myanmar from iMyanmarHouse.com
20 May 2019 10:01 am တွင် တင်ခဲ့သည်
530 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာ့ဘီလျံနာဦးရေနှင့် သူတို့၏ပိုင်ဆိုင်မှုများသည် ၂၀၁၈ ခုနှစ်တွင် ကျဆင်ခဲ့ကြောင်းနှင့် အများဆုံးမှာ အာရှပစိဖိတ်ဒေသ၌ ဖြစ်ကြောင်း Wealth-X အတိုင်ပင်ခံကုမ္ပဏီ၏၂၀၁၉ ဘီလျံနာဦးရေစာရင်းအရ သိရသည်။

အာရှပစိဖိတ်ရှိ ဘီလျံနာဦးရေသည် ၂၀၁၇ ခုနှစ်တွင် တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ကျဆင်းခဲ့သည်။

အာရှပစိဖိတ်ဒေသသည် ဘီလျံနာတို့၏ပိုင်ဆိုင်မှုတွင်လည်း အများဆုံးကျဆင်းခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၂၀၁၈ ခုနှစ် နှစ်စမှနှစ်ကုန်အထိ ကမ္ဘာတစ်ဝန်းတွင် ဘီလျံနာဦးရေသည် ၂၆၀၄ ဦးခန့် ရှိပြီး ၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းသည် ပြီးခဲ့သည့်ဆယ်စုနှစ်အလွန်က ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ခဲ့ပြီးကတည်းက ဘီလျံနာဦးရေ ဒုတိယအကြိမ်ကျဆင်းမှုဖြစ်သည်။

ဘီလျံနာတို့၏စည်းစိမ်ဥစ္စာသည်လည်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၆ ထရီလျံ ရှိခဲ့ပြီး ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အာရှပစိဖိတ်ဘီလျံနာနိုင်ငံကြီးများအားလုံးသည် ဘီလျံနာဦးရေနှင့် ပိုင်ဆိုင်မှုတို့တွင် ကျဆင်းခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယနှင့် စင်္ကာပူတို့တွင် ဖြစ်သည်။

အာရှတွင် ဘီလျံနာ ၆၇၇ ဦး ရှိပြီး ၎င်းတို့၏ စုစုပေါင်းအသားတင်ပိုင်ဆိုင်မှုသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အာရှဘီလျံနာတို့၏ ပိုင်ဆိုင်မှုသည် ကမ္ဘာ့ဘီလျံနာတို့ပိုင်ဆိုင်မှု၏ ၂၆ ရာခိုင်နှုန်းရှိသည်။

တရုတ်ဘီလျံနာဦးရေသည် ၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၈၅ ဦးဖြစ်ကာ ၇၀၅ ဦး ရှိသည့် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယဘီလျံနာအများဆုံးနိုင်ငံဖြစ်သည်။ သို့သော် ၈၇ ဦးနှင့် ၃၉ ဦးတို့ အသီးသီးရှိကြသည့် ဟောင်ကောင်နှင့်စင်္ကာပူတို့ထက်မူ ပိုမိုများပြားပေသည်။ အိန္ဒိယကလည်း ၈၂ ဦးဖြင့် ကမ္ဘာ့အဆင့်တွင် နံပါတ် ၈ ဖြစ်ကြောင်း သိရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ Bus Terminal တစ်ခု တည်ဆောက်မည်

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဆောက်လုပ်မှုကုန်ကျစရိတ်ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ဈေးနှုန်းပိုတက်လာ

ဂျွန်နီဒက်ပ်က အီတလီရှိ သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူရန် မျက်စိကျနေ...

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြည်က အမျိုးသမီးကြီး...

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ

မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

area-one-business-complex
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service