(၁၁) ကြိမ်မြောက် ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး

(၁၁) ကြိမ်မြောက် ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး - Property News in Myanmar from iMyanmarHouse.com
3 May 2019 9:51 am တွင် တင်ခဲ့သည်
1001 ကြိမ် ကြည့်ရှု့ပြီး

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ လာမည့် (၂၀၁၉) ခုနှစ် မေလ (၁၀၊ ၁၁၊ ၁၂) ရက် သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ့များတွင် “ (၁၁) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး ” ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ ယခုပွဲဟာ iMyanmarHouse.com အနေနဲ့ ရန်ကုန်မြို့မှာကျင်းပတဲ့ (၁၁) ကြိမ်မြောက် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး ဖြစ်ပါတယ်။ iMyanmarHouse.com ဟာ ယခုလို မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ရန်ကုန်မြို့အပြင် မန္တလေး ၊ တောင်ကြီးမြို့တွေ နဲ့ စင်ကာပူနိုင်ငံမှာပါ ကျင်းပပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ပြပွဲ (၃) ရက်အတွင်း ပါဝင်ရောင်းချမဲ့ ကုမ္ပဏီ (၅၀) ကျော်ရှိပြီး အထူးသက်သာတဲ့ နှုန်းထားတွေ ၊ အများပြည်သူတွေ ဝယ်ယူနိုင်မဲ့ အရစ်ကျစနစ်တွေနဲ့ ထည့်သွင်းရောင်းချဖို့လည်း စီစဉ်ထားပါတယ်။ မိမိရရှိနေတဲ့ မိသားစုဝင်ငွေနဲ့ ဘယ်လောက်တန်အိမ်ကို ပိုင်ဆိုင်နိုင်ပြီလဲ ဆိုတာ သိနိုင်ဖို့ မြန်မာနိုင်ငံ ဘဏ်များနဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။ အိမ်ရာချေးငွေအတွက် KBZ Bank နဲ့ YOMA Bank တို့မှ Official Banking Partner အဖြစ် ပါဝင်ကူညီပေးထားပါတယ်။ ” ဟု iMyanmarHouse.com ၏ Managing Director ဖြစ်သူ ဦးနေမင်းသူ မှ ပြောကြားခဲ့သည်။

Main Sponsor အဖြစ် Golden City တို့မှ အဓိကပါဝင်ပြသပြီး အခြား အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကုမ္ပဏီပေါင်း (၅ဝ) ကျော်မှ ပါဝင်ပြသမည်ဖြစ်သည်။ ပွဲကျင်းပမည့်ရက်များတွင် နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မည် ဖြစ်သည်။

ပြပွဲအတွင်း မန္တလေး ၊ ရန်ကုန် ၊ တောင်ကြီးနှင့် ပုသိမ်မြို့များရှိ ကျပ်သိန်း (၂ဝဝ) ကျော် မှ စသော တိုက်ခန်းများ ၊ ကျပ်သိန်း (၅ဝဝ) ကျော်မှ ကျပ်သိန်း (၅ဝဝဝ) ကျော်အထိ ကွန်ဒိုပေါင်းများစွာကို အရစ်ကျစနစ်များ ၊ အထူးလျှော့ဈေးနှုန်းများ ၊ ဘဏ်ချေးငွေများဖြင့် ဝယ်ယူရရှိနိုင်စေရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ တိုက်ခန်းနှင့် ကွန်ဒိုအခန်းပေါင်း (၁၀,ဝဝဝ) ကျော်ကို မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက www.imyanmarhouse.com/expo တွင် ကြည့်ရှုနိုင်သည်။

ပြပွဲသုံးရက်အတွင်းတွင် စီးပွားရေးနှင့် အိမ်ခြံမြေ အကြောင်းအရာများကို အသိပညာရှင် အတတ်ပညာရှင်များဖြစ်သော ဦးမြတ်သူဝင်း (ဥက္ကဌ - ရွှေမင်းသားဖောင်ဒေးရှင်း) ၊ ဦးကိုကိုထွေး (ဥက္ကဌ- တော်ဝင်မိသားစုကုမ္ပဏီ) ၊ ဦးသက်နိုင်ဦး (CEO - Maverick Management Co., Ltd. ) ၊ ဦးစိုးဟိန်း (SMEBi-President, AEA-ASEAN Advisory Board) ၊ ဦးပီတာ (အတိုင်ပင်ခံ / စီးပွားရေးအကြံပေး - အောင်သမာဓိအကျိုးဆောင် နှင့် ဆောက်လုပ်ရေးကုမ္ပဏီ) ၊ ဦးဝင်းနိုင် (ဒုတိယညွှန်ကြားရေးမှူး- မြို့ပြနှင့်အိမ်ရာဖွင့်ဖြိုးရေးဦးစီးဌာန) ၊ ဦးစိုင်းခွန်နောင် (ဥက္ကဌ - ရန်ကုန်တိုင်း အိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း) ၊ ဦးကျော်စည်သူ (Sales Director - Golden City) ၊ ဦးမျိုးမြင့် (Chairman - M.K.T Construction) ၊ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ၊ ဒေါ်ခင်နီလာအောင် (Assistant General Manager-CB Bank) ၊ ဦးကျော်စွာ (MD – Myanmar Art Construction) ၊ ဦးနေမင်းသူ (MD - iMyanmarHouse.com ) တို့မှ ဆွေးနွေးဟောပြောပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီး (၁၁-ကြိမ်မြောက်)

ကျင်းပမည့်ရက် - (၁၀) ရက် မှ (၁၂) ရက် ၊ မေလ ၊ ၂ဝ၁၉ ခုနှစ် (သောကြာ ၊ စနေ ၊ တနင်္ဂနွေ)

ကျင်းပမည့်အချိန် - နံနက် (၉) နာရီ မှ ညနေ (၅) နာရီအထိ

ကျင်းပမည့်နေရာ - (တပ်မတော်ခန်းမ) ၊ ဦးဝိစာရလမ်း ၊ ရန်ကုန်မြို့။

မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက iMyanmarHouse.com ၏ Hot Line Number : 09 – 252605671~5 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service