မြန်နှုန်းမြင့် ရန်ကုန်မိုးပျံရထားလမ်းကို လှိုင်သာယာမှ တိုးကြောင်ကလေးအထိ စတင်အကောင်အထည်ဖော်မည်

မြန်နှုန်းမြင့် ရန်ကုန်မိုးပျံရထားလမ်းကို လှိုင်သာယာမှ တိုးကြောင်ကလေးအထိ စတင်အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
8 Apr 2019 10:13 am တွင် တင်ခဲ့သည်
8734 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့် ရန်ကုန်မိုးပျံရထားလမ်းကို လှိုင်သာယာမှ တိုးကြောင်ကလေးအထိ စတင်အကောင်အ ထည်ဖော်ရန် စီစဉ်နေကြောင်း မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောသည်။

YUMRT ရထားစနစ်ကို ဒလမြို့နယ် ဘူတာကြီး-မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာယာ-တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေး လမ်းပိုင်းနှစ်ခုတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

‘‘ဒလဘက်ခြမ်းက စမလုပ်သေးဘူး။ လူစီးနည်းမှာမို့လို့၊ လူပိုများတဲ့ လှိုင်သာယာဘက်ခြမ်းကို အရင်စလုပ်မယ်’’ဟု ဦးဘမြင့်က ပြောသည်။

လက်ရှိတွင် လုပ်ငန်းဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာဆန်းစစ်နေဆဲဖြစ်ပြီး ထိုလေ့လာမှုသည် ၂၀၁၉ နှစ်ကုန်၌ အပြီးသတ်မည်ဟု ၎င်းကဆက်လက်ပြောသည်။ ထိုသို့ လေ့လာမှုပြီးစီးမှသာ လုပ်ကိုင်မည့်ပုံစံ၊ လုပ်ကိုင်ခွင့်ကုမ္ပဏီကို ရွေးချယ်ခြင်းနှင့် ကုန်ကျငွေများကို ထုတ်ပြန်နိုင်မည်ဟု ဆိုသည်။

မိုးပျံရထားလမ်းအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် လမ်းအူကြောင်း အတည်ပြုသတ်မှတ်နိုင်ရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဦးဆောင်၍ ဧပြီ ၃ ရက်တွင် ဆွေးနွေးခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က ကူညီနေသည်။

အဆိုပါ လမ်းပိုင်းနှစ်ခုတွင် ဒလ - ဘူတာကြီး - မင်္ဂလာဒုံပြေး ဆွဲမည့်လမ်းကို ရန်ကုန်မြို့ တောင် - မြောက် လမ်းပိုင်းဟူ၍လည်းကောင်း၊ လှိုင်သာယာ - တောင်ဒဂုံ တိုးကြောင်ကလေး လမ်းပိုင်းကို ရန်ကုန်မြို့ အရှေ့-အနောက် လမ်းပိုင်းဟူ၍လည်းကောင်း သတ်မှတ်ထားသည်။

ရန်ကုန် တောင် - မြောက် လမ်းကြောင်းသည် မြေအောက် ရထားစနစ် ပါဝင်မည်ဖြစ်ပြီး ရန်ကုန်- အရှေ့- အနောက် လမ်းပိုင်းသည် လှိုင်သာယာမှ အုတ်ကျင်း-ပါရမီလမ်း ဖြတ်သန်းပြီး တောင်ဒဂုံ တိုးကြောင်ကလေးအထိ ပေ ၄၀ မြင့်သည့် လမ်းပိုင်းဖြင့် ဖြတ်သန်းမည်ဟုဆိုသည်။

ထိုစီမံကိန်း ကနဦးလေ့လာ မှုကို ၂၀၁၆ ဩဂုတ်မှ ၂၀၁၇ ဩဂုတ်အထိ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိအသေးစိတ်လေ့လာမှုသည် ၂၀၁၉ စက်တင်ဘာတွင် ပြီးစီးမည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းကော်မတီ၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် ကားလမ်းကူးနေရာများ၌ ယာဉ်ကြောပိတ် ဆို့မှု ဖြေလျှော့ရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်မည်ဟု ဆိုသည်။

ထို့အပြင် ဂျပန်နိုင်ငံ အကူအညီဖြင့် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်းရေးဆွဲပြီး ဦးစားပေး အကောင်အထည်ဖော်မှုများ လည်းရှိသည်ဟု ဆိုထားသည်။

ရန်ကုန်မြို့တွင်း မြန်နှုန်းမြင့် မိုးပျံရထားစီမံကိန်း ဖော်ဆောင်ရန် တရုတ်ကုမ္ပဏီများက အစိုးရထံ လာရောက် ကမ်းလှမ်းခဲ့သည်။

တရုတ်ကုမ္ပဏီတစ်ခု၏ ကမ်းလှမ်းချက်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ ခန့် မောင်းနှင်နိုင်မည့် မိုးပျံရထားကို ဂျာမနီ၊ ဂျပန်ကုမ္ပဏီများထက် သုံးဆ လျော့နည်းသော နှုန်းထားဖြင့် တည်ဆောက်ရန် ပါဝင်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service