လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည်

လယ်ယာမြေများကို အခြားနည်းဖြင့် အသုံးပြုနေသူများအား ပြင်းပြင်းထန်ထန် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
3 Apr 2019 11:38 am တွင် တင်ခဲ့သည်
867 ကြိမ် ကြည့်ရှု့ပြီး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှ လယ်ယာမြေတွေကို အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ အိမ်ဆောက်ခြင်း၊ လမ်းဖော်ခြင်းနှင့်မြေဖော်ခြင်းပြုလုပ်နေသူများ၊ ကားများဖြင့် မြေ၊ကျောက် သယ်ယူပို့ဆောင်ပေးသူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ပုသိမ်ကြီးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်ဆန်းက မဇ္ဈိမကို ပြောသည်။

"ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ၄၉၃၊ ရန်ကင်း၊ ကန်ကောက်ကွင်း၊ နန်းဦးလွင်ကွင်း အဲဒီအထဲမှာ လယ်ယာမြေ အခြားနည်းသုံးစွဲခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ လမ်းဖော်ခြင်း၊ အိမ်ဆောက်ခြင်းတွေကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။"ဟု ဦးညွှန့်ဆန်းက ပြောသည်။

ယခင်က အရေးယူမှုများပြုလုပ်နေသော်လည်း ယခုအခါတွင် တစ်ချို့သောသူများသည် ဆက်လုပ်ကိုင်ခြင်းများ ရှိနေခြင်းကြောင့် ကျောက်မြေ သယ်ယူပို့ဆောင်ပေးသည့်ကားများပါ အရေးယူသွားဖြစ်သည်။

“ ကျွန်တော်အထူးပြောချင်တာကတော့ ကျောက်ထုတ်လုပ်သူတွေ ရှိတယ်။ ကျွန်တော်တို့ဆီမှာ မြေထုတ် လုပ်သူတွေ ရှိတယ်။ နောက်ပြီးတော့ ကားတွေနဲ့ လိုက်လံပြီးတော့မှ သယ်ယူပို့ဆောင်နေတာတွေ ရှိတယ်။ ဒီအပေါ်မှာ ကားတွေက မြို့နယ်ထဲမှာရှိတဲ့၊ လယ်ယာမြေထဲကို ခွင့်မရှိဘဲနဲ့ မြေဖို့ခြင်း၊ ကျောက်ချခြင်း၊ လမ်းဖော်ခြင်း ဒါတွေ လုပ်နေတယ်၊ ဆောင်ရွက်နေတယ်ဆိုရင် ကျွန်တော်တို့ တိုင်းစည်ပင်ကနေပြီးတော့မှ ဝန်ကြီးရဲ့ ညွှန်ကြားမှုအရ အရေးယူဆောင်ရွက်သွားမယ် "ဟု ဦးညွှန့်ဆန်းက ပြောသည်။

ထိုသို့ အရေးယူသွားမည်ဖြစ်ကြောင်းကို ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ရေးစခန်းများနှင့် မြေထုတ်လုပ်ရောင်းချနေသူများ၊ မြေသယ်၊ ကျောက်သယ်ယာဉ်မောင်းများ၊ ယာဉ်ပိုင်ရှင်များကို သိရှိနားလည် စေရန် ပညာပေးဟောပြောမှုများလည်း ပြုလုပ်လျှက်ရှိကြောင်းလ သိရသည်။

ကျောက်ထုတ်လုပ်ရောင်းချနေသူတစ်ဦးက"ဟောပြောတာတော့ ရှိပါတယ်။ ဒါပေမယ့် ကျောက်လာမှာတဲ့သူကို ခင်ဗျာမြေ ဘာမြေလည်းတို့ တရားဝင်လားတို့ မေးဖို့ကြ အဆင်မပြေလောက်ဘူး။ မှာတဲ့သူဝယ်တဲ့သူ ရှိမှ ရောင်းရတာလေ။ ကျွန်တော်တို့ပါ အရေးယူမယ်ဆိုတော့ ဘာလုပ်စားမှန်းတောင် မသိတော့ဘူး။"ဟု ပြောသည်။

ကျောက်သယ်၊ မြေသယ်ယာဉ်မောင်းတစ်ချို့မှာ အရေးယူခံရမည်ကို စိုးရိမ်လျှက်ရှိသော်လည်း စားဝတ်နေရေး အရ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုကြသည်။

"အခုကတော့ လယ်ယာမြေ ဖို့ ဖို့တို့၊ လမ်းခင်းဖို့တို့ လာဝယ်တာများတယ်။ ကျွန်တော်တို့လည်း အဲဒါတွေပဲ အများဆုံး ပို့နေရတယ်။ မြို့ထဲက သူ့လူနဲ့သူ့ကုမ္ပဏီ ရှိတယ်။ ကျွန်တော်တို့လို ခေါက်စားသမားကတော့ ဘယ်သူက မှာမှာ ပို့ရတာပဲ။ လယ်ယာမြေထဲမှာ ဆောက်နေတာလည်း မျက်မြင်ပဲ။ ဥပဒေ မလေးစားလို့တော့ မဟုတ်ဘူး။ စားဝတ်နေရေးအတွက်ကတော့ လုပ်နေရဦးမှာပဲ။"ဟု ကျောက်သယ်ယာဉ်မောင်းတစ်ဦးက ပြောသည်။

လယ်ယာမြေအား အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ မသုံးပြုနေသူများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်နေသော်လည်း ဆက်လက်ဆောက်လုပ်နေထိုင်သူများလည်း ရှိနေကြောင်း သိရသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service