လီဗာပူးအသင်းပိုင်ရှင် ဘီလျံနာကြီးက ဖလော်ရီဒါရှိ စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၁၀ သန်း ဈေးလျှော့ပေး

လီဗာပူးအသင်းပိုင်ရှင် ဘီလျံနာကြီးက ဖလော်ရီဒါရှိ စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ကန်ဒေါ်လာ ၁၀ သန်း ဈေးလျှော့ပေး - Property News in Myanmar from iMyanmarHouse.com
2 Apr 2019 12:00 pm တွင် တင်ခဲ့သည်
1055 ကြိမ် ကြည့်ရှု့ပြီး

အင်္ဂလန်ပရီးမီးယားလိဂ်၏ ထိပ်သီးအသင်းတစ်သစ်ဖြစ်သော လီဗာပူးအသင်းပိုင်ရှင်သည် ဖလော်ရီဒါပြည်နယ်အရှေ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်သော ဘိုကာရာတန်ရှိ စံအိမ်ကြီးကို အရောင်းဈေးကွက်ပြန်လည်တင်သွင်းလာသည်။

လီဗာပူးအသင်းပိုင်ရှင် ဘီလျံနာ ဂျွန်ဟင်နရီသည် လီဗာပူးအသင်းအပြင် Boston Red Sox ဘေ့စ်ဘောအသင်းနှင့် Boston Globe သတင်းစာတို့ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။

ဂျွန်ဟင်နရီသည် ဖလော်ရီဒါစံအိမ်မြေနေရာကို ၁၉၉၁ ခုနှစ်တွင် ကန်ဒေါ်လာ ၆၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး စံအိမ်ကိုမူ ၁၉၉၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄၁၀၀၀ ခန့်အထိ ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်းနှုင့် ရေချိုးခန်း ၁၉ ခန်း ပါဝင်သည်။

ရေချိုးခန်း ၁၉ ခန်းတွင် ၁၀ ခန်းမှာ အပြည့်ဖြစ်ပြီး ၉ ခန်းမှာ တစိတ်တပိုင်းအခန်းများဖြစ်သည်။

(ရေချိုးခန်း အပြည့် (full) ဆိုသည်မှာ လက်ဆေးကန်၊ ရေစိမ်ကန်၊ ရေပန်းနှင့် အိမ်သာ ၄ ခု ပါဝင်သောအခန်းများကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ယင်းအနက် ၃ မျိုးသာ ပါဝင်ပါက ကွာတားခန်းဟု ခေါ်သည်။)

စံအိမ်ကို တာရွှန်းဟု အမည်ပေးထားပြီး ချမ်းမြေ့စံအိမ်ဟု အဓိပ္ပာယ်ရသည်။

အာရှဗိသုကာဟန်ကို မြေထဲပင်လယ်ဗိသုကာဟန်နှင့် ပေါင်းစပ်ဆောက်လုပ်ထားသည့် နေအိမ်လည်း ဖြစ်သည်။

ထင်းသုံးမီးဖိုတစ်ခုပါဝင်သော အီတလီစားသောက်ဆိုင်ဟန် မွမ်းမံထားသည့် အခန်းတစ်ခန်းလည်း ပါဝင်သေးသည်။

ဟင်နရီသည် အဆိုပါနေအိမ်ကို ပြီးခဲ့သော ဆောင်းတွင်းက ကန်ဒေါ်လာ ၂၅ သန်းဖြင့် ပထမဆုံးဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ဘဲရှိနေသောကြောင့် ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ပထမဆုံးအကြိမ် ဈေးနှုန်းလျှော့ချပေးလိုက်ခြင်း ဖြစ်သည်။

ခေါ်ဈေးကို ထက်ဝက်နီးပါးအထိလျှော့ချပေးလိုက်ခြင်းဖြစ်ပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၅ သန်း ဖြစ်သည်။

ခြံဝန်းအတွင်း အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာ ၊ တင်းနစ်ကွင်းများနှင့် အသံလုံခန်းများ ပါဝင်သော အသံသွင်း စတူဒီယိုတစ်ခုလည်း ပါဝင်သေးသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ

Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး

ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service