လက်ရာမြောက်လှတဲ့ အိမ်ခြံမြေပန်းချီကား

လက်ရာမြောက်လှတဲ့ အိမ်ခြံမြေပန်းချီကား - Property Knowledge in Myanmar from iMyanmarHouse.com
12 Mar 2019 12:46 pm တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တစ်ခါတစ်ရံ တကယ့်အဖြစ်အပျက်တွေဟာ ဝတ္တုထက်တောင် ဆန်းကြယ်တယ်လို့ ငယ်စဉ်လူငယ်ဘဝက လေ့လာမှတ်သားရဖူးတယ်။ ဒါပေမဲ့လည်း တိုက်ဆိုင်မှု မရှိလို့လား မသိပါဘူး။မေ့မေ့ပျောက်ပျောက်ပါပဲ။ စိတ်ဝင်စားမှု သိပ်မရှိတာလည်း ပါတာပေါ့လေ။ အခုတော့ နဖူးတွေ့ ဒူးတွေ ကြုံလာရပြီမို့ မယုံလို့မရတော့ပါဘူး။ အဖြစ်အပျက်က ဝတ္တုထက်တောင် ဆန်းကြယ်နေလို့ပါပဲ။

အရောင်းအဝယ်လုပ်ရင် ဈေးကွက်ကောင်းတဲ့ လမ်းမကြီးတန်းက အကောင်းဆုံး

ကျွန်တော်တို့ရဲ့ အိမ်ခြံမြေ လောကဇာတ်ခုံပေါ်က ကိုယ်တွေ့လေးတစ်ခုပါ။ဒီလိုခင်ဗျ။ ကျွန်တော်ရဲ့မိတ်ဆွေ ကိုစိုးသူဟာ မုန့်မျိုးစုံ ထုတ်ရောင်းချသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့မုန်းလုပ်ငန်းက အလွန်ပဲ အဆင်ပြေပါတယ်။စေတနာကောင်းလို့ ကံကောင်းသူတစ်ဦးပါ။ ဒီလို အောင်မြင်လာတော့ ဝယ်လိုသူ ဖောက်သည်ကတွေက သူ့ဆိုင်ကို လာရှာကြတဲ့အခါ လမ်းမကြီးရဲ့ ကျောကပ်လမ်းသွယ်မှာ နေတာဆိုတော့ ဝယ်လိုသူတွေအတွက် လမ်းတွင်းဝင်ပြီး လာရှာဝယ်နေရတာအဆင်မပြေဘူးလေ။

အခွင့်အခါကောင်းမှာ နေရာကောင်းကောင်း ဝယ်ထားဖို့ကောင်း

ဒါနဲ့ သူငယ်ချင်းမိတ်ဆွေတွေက အကြံပေးကြတယ်။ “ ကိုစိုးသူကလည်းဗျာ ခင်ဗျားရဲ့ ကျောကပ် လမ်းမကြီးတန်း ကအိမ်ကွက်က အမွေခွဲကြမှာဖြစ်လို့ ပေ (၄၀x၆၀) ဂရန်ကွက်ကို (၆၅)သိန်းနဲ့ ရောင်းချင်တယ်လို့ ပြောနေတယ်။ ဝယ်လိုက်ပြီး အရောင်းဆိုင်ပါ တွဲဖက်လိုက်ပါလား ” လို့ တိုက်တွန်းကြတယ်။ အဲဒီလို ဝယ်ဖို့ တိုက်တွန်းတဲ့ကာလ ၁၉၉၈ ခုနှစ်လောက်ကပေါ့ ။အဲဒီအချိန် အိမ်မြေဈေးကလည်း (၆၅)သိန်းဆိုတာ အတော်ဈေးကြီးတယ်လို့တောင် ပြောလို့ရတယ်။လူတိုင်းမဝယ်နိုင်ကြဘူး။ အဲဒီတုန်းက ကိုစိုးသူလည်း မဝယ်ဖြစ်ပါဘူး။

အဲဒီအချိန်က ကိုစိုးသူမှာ ရည်ရွယ်ချက်က နှစ်ခွဖြစ်နေတယ်။ ဒီမြေကွက်ထက် အကွက်အကွင်းကောင်းတဲ့ တောင်ဒဂုံ (၇၁)ဈေးနားမှာပဲ မြေနဲ့အိမ်ကို ဝယ်ဖို့ဆုံးဖြတ်ထားလို့ပါပဲ။ ဒါကြောင့် အိမ်နောက်ကျောက အကွက်ကို မဝယ်ဖြစ်ဘဲ ဗဟိုစည် (၇၁)ဈေးနားမှာပဲ နှစ်ထပ်တိုက်ဆောက်ပြီး စားသောက်ဆိုင် ဖွင့်လိုက်တော့တယ် (၁၉)နှစ်အကြာ လက်ရှိအခြေအနေမှာတော့ မုန့်လုပ်ငန်းက ရောင်းအား အလွန်ကောင်းလာတော့ ယခင်ကမိတ်ဆွေတွေ တိုက်တွန်းခဲ့တဲ့အတိုင်း လမ်းမကြီးတန်း ကျောကပ်ဘက်ခြမ်းကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

ဟိုတုန်းက မြေအရောင်းအဝယ်ပါဝါတွေဘာတွေ မလိုအပ်တယ်

တကယ်တမ်း ဝယ်မယ်လို့ မြေရာဇဝင်လေ့လာကြည့်လိုက်တော့ ဂရန်အမည်ပေါက်သူက ကွယ်လွန်သွားရှာပြီ။ ကျန်သားသမီး (၃)ဦးလောက်က အမွေခွဲမှာ ဖြစ်လို့ အပြီးအပိုင် ရောင်းချခဲ့တယ်။ အဲဒီလို ရောင်းတဲ့အခါမှာလည်း ဟိုစဉ်ကယခုအခါ ပါဝါလွှဲတာတွေ ၊ မှတ်ပုံတင်အရောင်းစာချုပ်တွေ သိပ်ပြီး မသိကြသေးဘူး။ ဒါကြောင့် အရပ်ကတိ အရောင်းအဝယ်စာချုပ်နဲ့ပဲ ရောင်းချဝယ်ကြလုပ်ပြီး အိမ်ပေါ်တက်နေလိုက်တြတာပဲ။

ခွဲခြမ်းစိတ်ဖြာထားတဲ့ မြေကွက်တစ်စည်းတည်းဖြစ်ဖို့ ခပ်ခက်ခက်

အခု ကိုစိုးသူဝယ်မယ့်အချိန်မှာတော့ လက်ပြောင်းလက်လွှဲ အရောင်းအဝယ်သွားလိုက်တဲ့ အရောင်းအဝယ် စာချုပ်အဆက်တွေက (၇)ဆက်တောင် ရှိနေပြီ။အမွေဆိုင်သူတွေဆီက ပေ (၄၀x၆၀) ဝယ်သူက ပေ (၂၀x၆၀) စီ ခွဲရောင်းထားကြတယ်။ အဲဒီလို ခွဲရောင်းပြီဆိုကတည်းက တစ်ခြမ်းဝယ်တဲ့သူတစ်ဦးက ဂရန်မူရင်းကြီး ကိုင်ထားတယ်။ အခြားတစ်ခြမ်းကို ဝယ်ထားတဲ့သူဘက်ကျတော့ ဂရန်မိတ္တူပဲ ရှိတယ်။ ဂရန်မိတ္တူကိုင်ထားတဲ့ သူကလည်း အထောက်အထား ခိုင်မာအောင်ဆိုပြီး အဆင့်ဆင့် ဝယ်ထားတဲ့သူအချင်းချင်း GP (General Power) တို့ ၊ SP (Special Power ) တို့နဲ့ လွှဲပေးထားကြပြန်တယ်။သူတို့ရဲ့ Power စာရွက်တွေ ကြည့်လိုက်တော့ “ နိုကြီပါဝါ ” တွေဖြစ်နေတယ်။မရွှေ့မပြောင်းနိုင်တဲ့မြေကို အရောင်းအဝယ် လုပ်ရာမှာ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ GP/SP လုပ်ရမယ်ဆိုတာလည်း သဘောမပေါက်ကြဘူးလေ။ ပြီးတော့ မြေကွက်အမည်ပေါက်သူဆီက ပါဝါယူရင်လည်း အမည်ပေါက်သူက သေနေပြီလေ။ တရားဝင် အလွှဲအပြောင်း လုပ်တဲ့အခါမှာ အဲဒီနိုတြီပါဝါတွေက ဘာသုံးလို့ရမှာလဲ။ အဲဒါကြောင့် ရှေးတုန်းက လူကြီးတွေက ပြောထားခဲ့တဲ့ စကားပုံကို သွားသတိရတယ်။ “ ပိုးသာကုန် မောင်ပုံစောင်းမတတ် ”တဲ့။ အခု လည်း ဒီအတိုင်းပါပဲ။ အဲဒီပါဝါတွေက အရေးမပါဘူး ဖြစ်နေတယ်။

ရှုပ်ချင်တာရှုပ် ရှင်းထုတ်ဖို့က ရှေ့နေတာဝန်

ဘာပဲဖြစ်ဖြစ် အဲဒီစာချုပ်အဆက်အစပ်တွေ ရှင်းထုတ်ပြီး ကျွန်တော် အမည်ပေါက်ဂရန်ရအောင် ဆောင်ရွက်နိုင်တဲ့ နည်းလမ်းရှိရင် ဝယ်ချင်တယ်လို့ ကိုစိုးလွင်က ရင်ဖွင့်လာတယ်။ ဝယ်ဖို့အားသန်နေတော့လည်း အဲဒီမြေကွက်ကို ဝယ်ယူထားသူတွေရဲ့ ပိုင်ရှင်တွေကို သိဖို့အတွက် အိမ်ခြံမြေအကျိုးဆောင် ကိုကိုအောင်ကို ခေါ်ပြီးလက်ရှိပိုင်ရှင်တွေကရော ပြန်ရောင်းချင်နေသလား ထောက်လှမ်းခိုင်းရတော့တာပေါ့။

ဝယ်ရောင်း/ဝယ်အောင်းလက်ထဲက မြေကွက် ပြန်ရဖို့ခက်

ဝါရင့်အကျိုးဆောင် ကိုကိုအောင်ကလည်း ပွဲဖြစ်ဖို့အရေး အမြန်ပြေးလို့ စုံစမ်းလိုက်တော့ တစ်ရက်လောက်ပဲ စောင့်လိုက်ရပါတယ်။ မြေပိုင်ဆိုင်မှု လက်ဝယ်ရှိသူတွေကို သွားရောက်တွေ့ဆုံခွင့်ရှိခဲ့တယ်။ ရောင်းဈေးနှုန်းကိုပါ မေးလာခဲ့တယ်လို့ လာသတင်းပို့ပါတယ်။ သို့သော်လည်း ရောင်းသူတွေက အတိုးရင်းပွား ပေးစားနေတဲ့ ဝယ်ရောင်း /ဝယ်အားပွဲစားကြီးတွေ ဖြစ်နေတယ်လို့ သိရပြန်တယ်။ အင်း ဒီတော့လည်း မောင်ကောင်းဖေတစ်ယောက်တော့ ဝယ်သူရောင်းသူတွေရဲ့ ကြားမှာ တရားခွင်မှာ ရောက်နေသည့်အလား ဘာဝနာတရားတွေ ပွားများရဦးမှာပါလားလို့ပြေးပြီး မြင်ယောက်နေမိပါတော့တယ်။

မြေရောင်းခဲ့ရင် လုပ်ပေးရမယ့်တာဝန်တွေ ပြေးမြင်နေ

ဒီနောက်မှာတော့ မိတ္တူကိုင်ထားသူထံက ပေ (၂၀x၆၀) ကို ဈေးညှိပြီး ဝယ်တဲ့အခါ အရပ်ကတိ အရောင်းအ၀ယ်တွေစာချုပ်တွေရပါတယ်။ ဒီလို တစ်ဖက်ရှင်းပြီးမှ ဂရန်မူရင်းရယ် ပိုင်ဆိုင်ကြောင်း စာချုပ်ရယ် ၊ အထူးကိုယ်စားလှယ်လွဲစာရယ် လက်ဝယ်ကိုင်ထားတဲ့ ရောင်းသူနဲ့ တွေ့ဆုံညှိနှိုင်းရပြန်တယ်။ သူတို့နဲ့လည်း နှစ်ဖက်ဈေးညှိလို့ ဝယ်ပြီးတာနဲ့ အရောင်းမြေပုံ ကူးပေးခိုင်ပါတယ်။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မြေတစ်ကွက်လုံးအတွက် ရောင်းသူအဖြစ် လက်မှတ်ရေးထိုးခိုင်းရတယ်။ မှတ်ပုံတင်စာချုပ်ရပြီးတဲ့နောက်စည်ပင်မှာ ကိုစိုးသူ အမည်ပေါက်သွားတော့မှပဲ စိတ်ချမ်းသာသွားတော့တယ်။ လောကမှာ အဲဒီလို သပွက်အူမြေတွေလည်း ရှိတယ်နော်…။

သုခီ အတ္တာနံ ပရိဟန္တု

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service