အစိုးရမြေ၌ဆောက်ပြီးမြေဖိုးမပေါင်းဘဲရောင်းပါက သင့်တင့်နှုန်းဖြင့်တန်ဖိုးနည်းအိမ်ရာပိုင်မည်

အစိုးရမြေ၌ဆောက်ပြီးမြေဖိုးမပေါင်းဘဲရောင်းပါက သင့်တင့်နှုန်းဖြင့်တန်ဖိုးနည်းအိမ်ရာပိုင်မည် - Property News in Myanmar from iMyanmarHouse.com
25 Feb 2019 12:54 pm တွင် တင်ခဲ့သည်
4319 ကြိမ် ကြည့်ရှု့ပြီး

တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရာတွင် အစိုးရမှမြေထည့်ဝင်ပြီး အဆိုပါ အစိုးရပိုင်မြေပေါ်တွင် တည်ဆောက်ကာ မြေတန်ဖိုးမပေါင်းဘဲ ရောင်းချပါက ပြည်သူများသင့်တင့်သည့်နှုန်းထားဖြင့် အိမ်ရာပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် မြို့ ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေး YMD ( Yangon Metropolitan Development Public ) ၏အိမ်အရောင်းပြခန်းဖွင့်ပွဲ (Yangon City Gallery)အ ခမ်းအနားတွင် ၄င်းကအထက်ပါအတိုင်းပြောဆိုခဲ့သည်။

“ အိမ်ဆောက်ပစ္စည်းတွေအားလုံး ကျွန်တော်တို့ဆီမှာ ဈေးကြီးပါတယ်။ ဒါကြောင့် အိမ်ဆောက်စရိတ်ကို သက်သာအောင်လုပ်မယ်ဆိုရင် အခန်းရဲ့အိမ်ဆောက်ကုန်ကျစရိတ် သက်သာသွားနိုင်ပါတယ်။ ဒီနေရာမှာ မြေကို အစိုးရကထည့်ဝင်ပြီး တန်ဖိုးနည်းအိမ်ရာတွေရဲ့မြေဟာ အစိုးရပိုင်မြေပဲ။ ဒီမြေပေါ်မှာနေတဲ့ နေထိုင်သူတွေကို မြေတန်ဖိုးမပေါင်းဘဲနဲ့ ရောင်းပေးမယ်ဆိုရင် သင့်တင့်နှုန်းထားတစ်ခုနဲ့ ရသွားနိုင်ပါတယ်။” ဟု ဝန်ကြီးချုပ်က ပြောသည်။

အိမ်ရာများဆောင်ရွက်ရာတွင် အစိုးရမှ ADP ဖြင့်ဆောင်ရွက်ခြင်းအပြင် ပုဂ္ဂလိကကဏ္ဍမှ ထုတ်လုပ်ရောင်းချမည့် အိမ်ရာများလည်းရှိနိုင်ကြောင်း ယင်းကဏ္ဍနှစ်ရပ်လုံးကို ပေါင်းစပ်ညှိနှိုင်းပြီး ရန်ကုန်မြို့အတွက် အိမ်ရာအခက်အခဲဖြစ်နေသူများအားလုံးကို ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ ကျွန်တော်တို့မြို့မှာ နေထိုင်သူတွေဟာ ကျောခင်းစရာ၊ နေစရာတစ်ခုတော့ ရှိဖို့တော့လိုအပ်ပါတယ်။ လူမှုဘဝမှာ စားဝတ်၊နေထိုင်ရေးမှာ နေထိုင်ရေးဟာ အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာ ရှိပါတယ်။ အခြေခံပြည်သူတွေရဲ့ဘဝကို ကျွန်တော်တို့ စောင့်ရှောက်ပေးဖို့လိုအပ်ပါတယ်။ အခြေခံပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ လိုပါတယ်။ ဒီဖြည့်တင်းပေးမှုမှာ နေရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရန်ကုန်တိုင်းအတွင်းမှာ Yangon City Gallery ကတော့ ဒီကဏ္ဍတွေကို ဆောင်ရွက်ဖို့အတွက် စတင်လိုက်ပြီဖြစ်ပါတယ်” ဟု ၄င်းကပြောသည်။

''ဒီလုပ်ငန်းတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်ကနေ ပုဂ္ဂလိကနဲ့ ပူးပေါင်းထားတဲ့ Yangon Metropolitan Development Company ရယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနရယ် ပူးပေါင်း ပြီး ဒီနေရာမှာ အများပြည်သူရဲ့ နေရေးအခက်အခဲဖြစ်နေမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု ၄င်းကပြောသည်။

အဆိုပါ ကြိုးပမ်းဆောင်ရွက်မှုများကို အစိုးရ ပုဂ္ဂလိကကဏ္ဍ ဘဏ်များ၊ အာမခံကုမ္ပဏီများ လုပ်ငန်းရှင်များနှင့် နေထိုင်ရေးအခက်အခဲရှိသူများအားလုံးတို့က စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြပါက မျှော်မှန်းချက်ပန်းတိုင်ကိုရောက်နိုင်မည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service