ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူဌေးကြီးအဖြစ် ရည်တည်နေသူ Jeff Bezos က Amazon ကို စတင်တည်ထောင်ခဲ့သည့် နေအိမ် လျှော့ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ

ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူဌေးကြီးအဖြစ် ရည်တည်နေသူ Jeff Bezos က Amazon ကို စတင်တည်ထောင်ခဲ့သည့် နေအိမ် လျှော့ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
20 Feb 2019 11:20 am တွင် တင်ခဲ့သည်
596 ကြိမ် ကြည့်ရှု့ပြီး

မိုက္ကရိုဆော့ဖ်သူဌေးကြီး ဘီလ်ဂိတ်ကို ဖြတ်ကျော်ကာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူဌေးကြီးအဖြစ် ရည်တည်နေသူ Jeff Bezos က Amazon ကို စတင်တည်ထောင်ခဲ့သည့် နေအိမ်ကြီးမှာ ယခုအခါ လျှော့ဈေးဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Jeff Bezos သည် ဝါရှင်တန်ပြည်နယ်၊ ဘဲလ်ဗြူးအမည်ရှိမြို့လေးမှ နေအိမ်တစ်လုံးတွင် Amazon ကို စတင်တည်ထောင်ခြင်း ဖြစ်သည်။

ဘဲလ်ဗြူးမြို့၊ အရှေ့မြောက် ၂၈ လမ်း၊ အမှတ် ၁၀၇၀၄ တွင် တည်ရှိပြီး စတုရန်းပေ ၁၅၄၀ အကျယ်အဝန်းရှိသော နေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းသာ ဈေးခေါ်ကာ ဈေးကွက်တင်လာခြင်း ဖြစ်သည်။ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၁ ခန်းနှင့် အိမ်နောက်ဘက်ဆင်ဝင်တွင် ရေပူစိမ်ကန်တစ်ခုတို့ ပါဝင်သည်။

နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ ၂၀၀၉ ခုနှစ်အတွင်းကဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၆၂၀၀၀၀ ဖြစ်သည်။

John L Scott အိမ်ခြံမြေကုမ္ပဏီ၏ ဈေးကွက်တင်ထားသည့်ကြော်ငြာတွင် ဖော်ပြထားရာ၌…. “ဘဲလ်ဗြူးအနောက်ပိုင်းတွင် ခမ်းနားလှသည့်အရာ။ ကရပ်ဖ်မန်းဗိသုကာဟန်နေအိမ်ကို ၂၀၀၁ ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့ရာ ဧည့်ခံဖျော်ဖြေပွဲများလုပ်ရန် ကောင်းမွန်သည့် အခန်းကျယ်ကြီးတစ်ခန်း ပါဝင်လာသည်။ အဆိုပါအခန်းတွင် ၁၃ ပေခန့် မြင့်မားသော မျက်နှာကြက်နှင့် မြစ်ကျောက်တို့ဖြင့် အလှဆင်သော မီးလင်းဖိုတို့ ပါဝင်သည်။

ကျောက်တုံး၊ မေပယ်သားတို့ဖြင့် မွမ်းမံဆောက်လုပ်ထားသော ရင်သပ်ရှုမောဖွယ် မီးဖိုဆောင်ကြီးမှာ စားတော်ကဲကို ဖျားယောင်းနေသည်။

Master Bedroom တွင် ကျောက်ပြားများဖြင့် အံ့ဖွယ်အလှဆင်ထားသော ရေပန်းရေချိုးခန်းတစ်ခု ပါဝင်သည်။

သစ်မာသားများ၊ သရဖူ မိုလောင်းပုံစံ၊ ကောင်းကင်အလင်း/သဘာဝအလင်း အလွန်ကောင်းမွန်။

စေ့စပ်သော နေရာချထားပုံ၊ ရေပူကန်ပါဝင်သည့် ပါတီပွဲကျင်းပရာ ကြီးမားသော ကုန်းပတ်နေရာ၊ ခြံစည်းရိုးကာထားသည့် ခြံဝန်း၊ ၁၀ ပေ × ပေ ၂၀ အကျယ်အဝန်းရှိ အမိုးနှင့် ဂိုဒေါင်တစ်ခု။

Jeff Bezos သည် အဆိုပါ ဂိုထောင်အတွင်း ၁၉၉၀ ပြည့်လွန်ကာလများတွင် Amazon ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service