ကမ္ဘာကျော်ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Metallica မှ ဒရမ်သမား လားစ် အူရစ်ခ်ျ၏ ဆန်ဖရန်စစ္စကိုနေအိမ် လျှို့ဝှက်စွာရောင်းချ

ကမ္ဘာကျော်ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Metallica မှ ဒရမ်သမား လားစ် အူရစ်ခ်ျ၏ ဆန်ဖရန်စစ္စကိုနေအိမ် လျှို့ဝှက်စွာရောင်းချ - Property News in Myanmar from iMyanmarHouse.com
14 Feb 2019 11:44 am တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး

ကမ္ဘာကျော်ဟဲဗီးမက်တယ် ဂီတအဖွဲ့ကြီးဖြစ်သော Metallica မှ ဒရမ်သမား လားစ် အူရစ်ခ်ျ၏ ဆန်ဖရန်စစ္စကိုနေအိမ် လျှို့ဝှက်စွာ ရောင်းထွက်သွားသည်။

တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ မာရင်ခရိုင်၊ ဆန်ဖရန်စစ္စကိုမြို့၏ မြောက်ဘက်၊ တီဘူရွန်တောင်ကုန်း၏ အမြင့်ဆုံးနေရာတွင် တည်ရှိပြီး မြေကွက် ၃ ခု ပေါင်းစည်းထားသည့် ခြံဝန်းဖြစ်သည်။

ဆန်ဖရန်စစ္စကိုမြို့၏ အထင်ရှားဆုံးနေရာများကို စီးမိုးတွေ့မြင်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

မည်သည့်အိမ်ခြံမြေဝက်ဘ်ဆိုက်တွင်မှ သတင်းတက်လာခြင်းမရှိဘဲ လျှို့ဝှက်စွာရောင်းချသွားခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည်ဟု ဆိုသည်။

လားစ်အူရစ်ခ်ျသည် Metallica ကို ပူးတွဲတည်ထောင်သူ၊ ဒရမ်သမားဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ကာ ဝယ်ဈေးကိုမူ မသိရချေ။

နောက်ပိုင်းတွင် နေအိမ်ပိုင်ဆိုင်မှုကို Metallica ၏ ရှေ့နေတစ်ဦး ကွပ်ကဲသည့် ကုမ္ပဏီတစ်ခုထံ ပိုင်ဆိုင်မှုလွှဲပြောင်းပေးခဲ့သည်ဟု ဆိုသည်။

နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀၀ ကျော်ရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၆ ခန်းနှင့် မီးလင်းဖို ၅ ခု ပါဝင်သည်။

အဆိုပါစံအိမ်မှ ပိုင်ဆိုင်ထားသော မြင်ကွင်းရှုခင်းများသည် မာရင်ခရိုင်တွင် ပြိုင်ဖက်ကင်းကြောင်း အရောင်းဈေးကွက်တင်ပေးခဲ့သည့် Compass ကုမ္ပဏီမှ အကျိုးဆောင် စတီဗင် မက်ဗ်ရိုမီဟာလစ်က ပြောကြားသည်။

မြေအောက်ဘတ်စ်ကက်ဘောကွင်း၊ အသံဖမ်းစတူဒီယိုတစ်ခု၊ ဂိမ်းကစားခန်းတစ်ခန်းနှင့် ရေချိုးခန်းတွင် ငါးမွေးကန်တို့ ထည့်သွင်းပေးထားသည်။

ပန်းချီစတူဒီယိုခန်းနှင့် ပန်းချီကားသိုလှောင်ခန်းတစ်ခုလည်း ပါဝင်သည်ဟုဆိုသည်။

လားစ်အူရစ်ခ်ျသည် ပန်းချီကားစုဆောင်းသူတစ်ဦးလည်းဖြစ်ပြီး ၂၀၀၈ ခုနှစ်အတွင်း ၎င်းစုဆောင်းထားသော ယန်း မိုက်ကယ် ဘက်စ်ကွက်၏ ၁၉၈၂ ခုနှစ်လက်ရာဖြစ်သည့် "Untitled (Boxer)" ပန်းချီကားကို Christie's လေလံအဖွဲ့က ကျင်းပခဲ့သော ခေတ်ပြိုင်အနုပညာပြပွဲတွင် ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့ရဖူးသည်။

မြေကွက် ၃ ခုစုပေါင်းထားသော ခြံဝန်း၏ စုစုပေါင်းအကျယ်အဝန်းမှာ ၂ ဧကကျော်ရှိသည်။

လားစ်အူရစ်ခ်ျသည် Metallica အဖွဲ့ကြီးကို ၁၉၈၁ ခုနှစ်တွင် လော့စ်အိန်ဂျလိမြို့၌ ရှေ့ထွက်အဆိုတော် ဂျိမ်းစ်ဟက်ဖီးနှင့်အတူ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Metallica မှ Lead ဂစ်တာသမား Kirk Hammett ကလည်း ဆန်ဖရန်စစ္စကိုရှိ သူ၏နေအိမ်ကို ကန်ဒေါ်လာ ၁၁ ဒသမ ၉ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

လက်ရှိအားဖြင့် Metallica အဖွဲ့ကြီးသည် အမေရိကနှင့် ဥရောပတို့တွင် WorldWired အမည်ဖြင့် ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲ ခရီးစဉ် ထွက်လျက်ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
ဆန်ကရန်တီ (သို့မဟုတ်) ဆောင်ကရန် (သို့မဟုတ်) ထိုင်းသင်္ကြန်ပွဲတော်
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
bkk-projects
cherry-condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service