နယူးယောက်မြို့ United Nations Plaza ရှိ ကွန်ဒိုခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းကာ အဲလစ်ဇဘက် ဘုရင်မကြီး၏ အိမ်နီးချင်းဖြစ်ခွင့်ရနိုင်ပြီ

နယူးယောက်မြို့ United Nations Plaza ရှိ ကွန်ဒိုခန်းကို တစ်လလျှင် ကန်ဒေါ်လာ ၃၀၀၀၀ ဖြင့် ငှားရမ်းကာ အဲလစ်ဇဘက် ဘုရင်မကြီး၏ အိမ်နီးချင်းဖြစ်ခွင့်ရနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
1 Feb 2019 11:43 am တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ နာမည်ကျော် 50 United Nations Plaza အဆောက်အအုံကြီးကို ၂၀၁၅ ခုနှစ်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၄၃ ထပ်အဆောက်အအုံကြီးဖြစ်ကာ လူနေခန်းပေါင်း ၈၈ ခန်း ပါဝင်သည်။

တည်နေရာ- အရှေ့ ၄၆ လမ်းနှင့် United Nations Plaza လမ်းထောင့်

အထပ်- ၁၇ ထပ်မြောက်

ပရိဘောဂ ပါဝင်မှု- ပါဝင်

အမျိုးအစား- မိုးမျှော်တိုက်

အိပ်ခန်း- ၇ ခန်း

ရေချိုးခန်း- ၃ ခန်း

အကျယ်အဝန်း- ၃၀၀၄ စတုရန်းပေ

ငှားရမ်းခ- ကန်ဒေါ်လာ ၃၀၀၀၀

အဲလစ်ဇဘက်ဘုရင်မကြီး II သည် ယခုအဆောက်အအုံကြီးရှိ အခန်းတစ်ခန်းကို ၂၀၁၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

50 United Nations Plaza ကို လော့ဒ် နော်မန် ဖော့စ်တာက ဒီဇိုင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဘုရင်မကြီးက ၁၉၉၀ ပြည့်နှစ်တွင် သူကောင်းပြုခြင်းခံခဲ့ရသူလည်း ဖြစ်သည်။

ယခုအငှားဈေးကွက်ဝင်လာသည့်အခန်းမှာ အခန်းအမှတ် Residence 17B ဖြစ်ပြီး ၁၇ ထပ်မြောက်တွင် တည်ရှိကာ စတုရန်းပေ ၃၀၀၄ ပေ ကျယ်ဝန်းကာ ယခုအခန်းနှင့်အတူ အခြားအခန်းတစ်ခန်းသာ ၁၇ ထပ်မြောက်တွင် တည်ရှိသည်။

ဘုရင်မကြီး၏ အခန်းမှာ ယခုအခန်း၏ အပေါ်ထပ်တွင် ဖြစ်သည်။

Residence 17B တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်း၊ မီးဖိုဆောင်ပစ္စည်း အပြည့်အစုံထည့်သွင်းပေးထားသော စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ ညစာစားခန်း ၁ ခန်း၊ အမျိုးသမီးအိမ်သာ ၁ လုံးတို့ ပါဝင်ကာ ၁၁ ပေခန့် မြင့်မားသော ကြမ်းပြင်မှ မျက်နှာကြက်အထိတိုင် ကြီးမားသော ပြတင်းပေါက်ကြီးများ တပ်ဆင်ထားရာ ဟတ်ဆန်မြစ်၏ အလှကို ကောင်းစွာရှုမြင်ရပြီး ပရိဘောဂလည်း အပြည့်အစုံထည့်သွင်းပေးထားသည်။

Master bedroom တွင် အဝတ်အစားထားသိုခန်း ၂ ခန်း ပါဝင်သည်။

50 United Nations Plaza ကို ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး အထပ်ပေါင်း ၄၃ ထပ်အထိ မြင့်မားသော်လည်း နေအိမ်ခန်းပေါင်း ၈၈ ခန်းသာ ပါဝင်ကာ တစ်ကိုယ်ရည်လုံခြုံမှုကို အထူးအလေးထားရာ အဲလစ်ဇဘက်ဘုရင်မကြီးက ယင်းအချက်ကို သဘောကျကာ ဝယ်ယူခဲ့ခြင်း ဖြစ်တန်ရာချေ ရှိသည်။

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service