အခွန်နှင့် ယုံကြည်မှုအတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို လွှတ်တော်တင်

အခွန်နှင့် ယုံကြည်မှုအတွက် အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကြမ်းကို လွှတ်တော်တင် - Property News in Myanmar from iMyanmarHouse.com
31 Jan 2019 10:46 am တွင် တင်ခဲ့သည်
2340 ကြိမ် ကြည့်ရှု့ပြီး

အပြန်အလှန်ယုံကြည်မှုရှိစေမည့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းပေါ်ပေါက်လာစေရန်နှင့် ယင်းလုပ်ငန်းမှ နိုင်ငံတော်အတွက် အခွန်ဝင်ငွေများ ရရှိလာစေရန်အတွက် အိမ်ခြံမြေ ဝန်ဆောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဇန်နဝါရီ (၂၉)ရက်နေ့က တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်တကျမရှိဘဲ ပျံ့နှံ့နေသောအိမ်ခြံ မြေဝန်ဆောင်မှုလုပ်ငန်းများကို စနစ်တကျရှိ လာစေရန်နှင့် နိုင်ငံတော်အတွက်လည်း ရသင့်ရထိုက်သော အခွန်ဝင်ငွေများ ရရှိလာစေရန်အတွက် ဥပဒေကြမ်းကို တင်သွင်း ရခြင်းဖြစ်ကြောင်း ကော်မတီအတွင်းရေးမှူးဖြစ်သူ၊ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေဖူးဗဆွေက မြန်မာတိုင်းမ်သို့ပြောသည်။

" ရည်ရွယ်ချက်ကတော့ တစ်ပြည်လုံးပျံ့ပြီးတော့ စနစ်တကျလည်းမရှိ၊ အာမခံချက်လည်းမရှိဘဲဖြစ်နေတဲ့ ဒီဈေးကွက်မှာ စနစ်တကျနဲ့အသင်းအဖွဲ့တွေ၊ လိုင်စင်တွေ၊ သင်တန်းတွေနဲ့ဖြစ်လာဖို့ ဖရိန်(မူဘောင်)တစ်ခုချပေးလိုက်တဲ့သဘောပါ " ဟု ၄င်းကပြောကြားသည်။

ထို့ပြင် ဒုတိယရည်ရွယ်ချက်အဖြစ် အဆိုပါဝန်ဆောင်မှုဈေးကွက်မှ လစ်ဟင်းနေသော အခွန်များလည်း ရရှိလာရန်မျှော်လင့်ထားသည်။ " အိမ်ခြံမြေဘက်က အခွန်တွေရသင့်တာမရဘဲနဲ့ လစ်ဟင်းနေတာပေါ့လေ။ ဒါကိုလည်း စနစ်တကျကြီးကြပ်ဖို့ရည်ရွယ်ပါတယ် " ဟု ထပ်မံပြောကြားခဲ့သည်။

အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေပြဌာန်းလာနိုင်ခြင်းဖြင့် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းများကို အသင်းအဖွဲ့များ၊ လိုင်စင်များဖြင့် စနစ်တကျရှိလာစေရန် ရည်မှန်းထားသည်။ ထိုမှတစ်ဆင့် ရောင်းသူရော ဝယ်သူဘက်တွင်ပါ နှစ်ဘက်အာမခံချက်ရှိသည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်ဖြစ်သည်။

လက်ရှိတွင် ထိုကဲ့သို့စနစ်တကျမရှိသောကြောင့် ရောင်းသူနှင့်ဝယ်သူ များအကြား ပြဿနာများလည်း ဖြစ်ပွားနေသည်။ " ကွန်ဒိုဝယ်နိုင်တဲ့သူက နည်းပါတယ်။ တကယ်တန်းဝယ်နိုင်တာက Flat(တိုက်ခန်း)ပေါ့။ အိမ်ခြံမြေအောက်က Flat က တစ်ပြည်လုံးဈေးကွက်လည်းရှိတယ်။ ပြဿနာတွေ၊ မှုခင်းတွေကလည်း အများဆုံးဖြစ်နေတော့ ဒါကိုစနစ်တစ်ခုတည်း ဝင်အောင် မူဘောင်တစ်ခုချပေးလိုက်တာပါပဲ " ဟု ၄င်းက ရှင်းလင်းပြောကြားသည်။

သို့သော်လည်း ယခုမှပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခြင်းဖြစ်ပြီး လွှတ်တော်နှစ်ခုတွင် အပြန်အလှန်ဆွေးနွေးခြင်း၊ ပြင်ဆင်ခြင်းများလည်း ရှိလာနိုင်သေးသည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့က ရေးဆွဲထားသော အဆိုပါဥပဒေကြမ်းတွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းကို နိုင်ငံခြားသားများအားလည်း ဖက်စပ်လုပ်ကိုင်ခွင့်ပြုရန် ပြဌာန်းချက်ပါရှိကြောင်း အသင်းဥက္ကဌ ဦးအောင်ထွန်းက နေပြည်တော်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သို့သော်လည်း ယနေ့တင်သွင်းသည့်ဥပဒေကြမ်းတွင်မူ အဆိုပါအချက် ပါဝင်ခြင်းရှိမရှိ မသိရသေးပေ။ " အခုတော့ ဥပဒေကြမ်းတင်သွင်းတဲ့အဆင့်ပဲရှိသေးတော့ ဒီလောက်ပဲပြောနိုင်ပါသေးတယ်။ လွှတ်တော်မှာ ဆွေးနွေးကြဦးမှာဆိုတော့ လုပ်ငန်းစဉ်က အချိန်ယူရဦးမှာပါ " ဟု ဦးနေဖူးဗဆွေက ပြောသည်။

လက်ရှိတွင် ဥပဒေမရှိသေးသောကြောင့် နိုင်ငံခြားသားများက ၄င်းတို့အချင်းချင်းအကြား အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသော်လည်း အရေးမယူနိုင်သေးကြောင်း အိမ်ခြံမြေလုပ် ငန်းဖွံ့ဖြိုးရေးအသင်းက ပြောဆိုထားသည်။

Credit: The Myanmar Time

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
ခွေးလေးများကို သခင်က “ချစ်တယ်” ဟု ပြောလျှင် ၎င်းတို့၏ နှလုံးခုန်နှုန်း ၄၆ ရာခိုင်နှုန်း မြန်ဆန်လာကြောင်း လေ့လာတွေ့ရှိ...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service