သင္၏ ေနအိမ္ မ်က္ႏွာလွည့္ေသာ အရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာ နည္း

သင္၏ ေနအိမ္ မ်က္ႏွာလွည့္ေသာ အရပ္ကို ၾကည့္၍ လာဘ္လာဘ ပြင့္လန္းေစေသာ နည္း - Property Knowledge in Myanmar from iMyanmarHouse.com
29 Jan 2019 12:38 pm တွင် တင်ခဲ့သည်
19854 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

#Zawgyi#

လာဘ္ပြင့္ေစေသာ ယၾတာ မ်ိဳးစံု ရွိပါသည္။ ထိုယၾတာနည္းမ်ားစြာတြင္ လူတစ္ဦး တစ္ေယာက္ ၏ ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္မ်ားကို အဓိက ထား၍ ေဆာင္ရြက္ျခင္း မ်ားကိုသာ တင္ထားတာ မ်ားပါတယ္။

အခုေျပာမွာကေတာ့ မိမိေနအိမ္၏ မ်က္ႏွာလွည့္ရာ အရပ္ကို အဓိက ထား၍ လာဘ္ပြင့္ေအာင္ လာဘ္လာဘ ရႊင္လန္းေအာင္ ေဆာင္ရြက္ရေသာ နည္းကို ေျပာျပပါမည္။

အဲဒီလို ေဆာင္ရြက္တဲ့အတြက္ ဘာအက်ိဳးေက်းဇူးေတြကို ရရွိႏိုင္သလဲဆိုေတာ့ အဲဒီေနအိမ္ မွာ ေနထိုင္တဲ့ လူသားအားလံုး မိမိ တို႔၏ လုပ္ငန္းေဆာင္တာမ်ား မွာ ထူးထူးကဲကဲ ေအာင္ျမင္ျခင္း၊ ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္ျခင္း၊ စီးပြားေရး မ်ား ေအာင္ျမင္ႏိုင္ျခင္း ႀကံဳေတြ႕ရမယ့္ အခက္အခဲေတြ ျပႆနာေတြ အဆင္မေျပမႈေတြ အတိုက္အခိုက္ေတြ ကေန လြတ္ေျမာက္ႏိုင္ပါတယ္။

မိမိတို႔ေနအိမ္သာယာေစရန္ တိုးတက္ေစရန္ အက်ိဳးျပဳေစပါတယ္။ ဒီနည္း ကို ေဆာင္ရြက္မယ့္သူေတြက ေမြးေန႔ေမြးရက္ ေမြးသကၠရာဇ္ တိတိက်က်သိစရာ မလိုပါဘူး။ မိမိေနအိမ္ က ဘယ္ဘက္ ကို မ်က္ႏွာမူသလဲ။ အဲဒီ မ်က္ႏွာမူရာ အရပ္ေဒသ ကို အဓိက ထားၿပီး ေဆာင္ရြက္ရတဲ့ နည္းျဖစ္ပါ တယ္။

အေရွ႕အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ အရပ္ကို မ်က္ႏွာလွည့္ေသာ အိမ္ကို တနလၤာၿဂိဳဟ္မင္းက စိုးမိုး အက်ိဳးျပဳေသာ အိမ္ဟု သတ္မွတ္သည္။ ထို အိမ္တြင္ ေနထိုင္သူအေပါင္း တို႔သည္ ႀကံရည္ လွဴဒါန္းျခင္း ျပဳလုပ္သင့္သည္။ ရဟန္းသံဃာေတာ္ မ်ားကို ႀကံရည္ ကပ္လွဴႏိုင္သည္။

ႀကံေခ်ာင္းကို ကိုးဆစ္ျဖတ္၍ အိမ္တံခါးတြင္ ေထာင္ထားႏိုင္ပါသည္။ ဘုရား တစ္ဆူဆူ ၏ တနလၤာေဒါင့္ တြင္လည္း လွဴဒါန္းႏိုင္ပါသည္။ ႀကံပန္းခုိင္ တို႔ ႀကံသကာတို႔ လွဴဒါန္းႏိုင္ပါသည္။

အေရွ႕ေတာင္ အရပ္ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္ သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ေတာင္ အရပ္ ကို မ်က္ႏွာလွည့္ေသာအိမ္ကို အဂၤါၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေရွာက္ျခင္းကို ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ဘုရား တြင္ စံပယ္ပန္း မၾကာခဏ လွဴဒါန္း ဆက္ကပ္ႏိုင္ပါသည္။ ဆပ္သြားဖူး လွဴ၍လည္း ရပါသည္။ ဆီးယို လည္း မၾကာခန ဒါနျပဳႏိုင္ပါသည္။

သံဃာေတာ္မ်ား အား ဆပ္ျပာအလွဴ ဒါနျပဳႏိုင္ပါသည္။ ထိုယၾတာ ကိုျပဳလုပ္ျခင္းအားျဖင့္ ထိုေနအိမ္တြင္ ေနထိုင္သူမ်ားသည္ စြမ္းအားေကာင္းျခင္း ၊ ၾသဇာ တိုးျခင္း၊ စီးပြားတက္ျခင္း မ်ား ျဖစ္ႏိုင္ပါသည္။

ေတာင္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားကို ဗုဒၶဟူးၿဂိဳဟ္မင္း စိုးမိုးေ စာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ ေလတိုက္လွ်င္ တဖ်တ္ဖ်တ္ လႈပ္ေသာ ၾကက္လွ်ာ ကို အိမ္ေရွ႕တြင္ထုိးပါ။ ဘုရား တင္ပါ။ ရြက္လွညြန္႔ လွဴပါ။ သံဃာေတာ္ မ်ားအား ေရ ၊ ယပ္ အစရွိသည္တို႔ ဒါနျပဳကပ္ လွဴပါ။ ေအးခ်မ္းျခင္း ၊ စီးပြားတက္ျခင္း ေရႊေငြ ရတနာ ေပါၾကြယ္၀ျခ မ်ား ျဖစ္မည္။

အေနာက္ေတာင္ အရပ္ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္ သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္ေတာင္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္ မ်ားကို စေနၿဂိဳဟ္ မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ ဘုရားတြင္ ထီးနီ တစ္လက္ တင္ထားပါ။

သံဃာေတာ္မ်ားကို ထီး ဒါနျပဳပါ။ နာနတ္ယို လွဴဒါန္း ဆက္ကပ္ေပးပါ။ ဘုန္းတန္ခိုးႀကီးျခင္း၊ လာဘ္ပြင့္ျခင္း၊ စီးပြား တိုးတက္ျခင္းမ်ား ျဖစ္ေပၚလာမည္။

အေနာက္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေနာက္အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားကို ၾကာသပေတးၿဂိဳဟ္ မင္းမွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ ပန္းပြင့္ မ်ား ဘုရားစင္တြင္ မျပတ္လွဴဒါန္း ဆက္ကပ္ေပးပါ။ ဆီမီး (လွ်ပ္စစ္မီး၊ ဖေ ယာင္းတိုင္မီး) အလွဴဒါနျပဳေပးပါ။ ေပါက္ေပါက္ပြင့္ ဘုရားတင္ျခင္း ဆြမ္းေတာ္ကပ္ျခင္း မၾကာခဏ ၿပဳပါ။

သံဃာေတာ္မ်ားကို မုန္႔၊ ပဲ၊ မၾကာခဏ လွဴေပးပါ။ ဘုန္းကံႀကီးမားျခင္း ဥစၥာစီးပြား တိုးတက္ျခင္းမ်ား ရရွိ ခံစားရမည္။

အေနာက္ေျမာက္ အရပ္ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူ မ်ား လာဘ္ပြင့္ေစရန္

အေနာက္ေျမာက္ အရပ္ ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားကို ရာဟုၿဂိဳဟ္မင္း က စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။ အိမ္ေရွ႕တြင္ ေရအိုးစင္ လွဴဒါန္းေပးပါ။ အိမ္ေရွ႕တြင္ မၾကာခန ေရျဖန္းပက္ေပးပါ။ ရဲယိုညြန္႔ ဘုရားလွဴပါ။ ေရႊသကၤန္း မၾကာခဏ ဆက္ကပ္လွဴဒါန္းေပးပါ။ ေရွာက္ယို ၊ ေရွာက္သီးသုပ္ ဆက္ကပ္လွဴဒါန္ေပးပါ။

သံဃာေတာ္ မ်ားကိုလည္း ဆက္ကပ္လွဴဒါန္းႏိုင္ပါသည္။ စီးပြားဥစၥာ တိုးတက္ျခင္း ၊ ကံဇာတာျမင့္မားျခင္း၊ အလိုျပည့္စံုျခင္းမ်ား ျဖစ္မည္။

ေျမာက္ အရပ္ကို မ်က္ႏွာ လွည့္ေသာ ေနအိမ္ မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

ေျမာက္ အရပ္ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို ေသာၾကာၿဂိဳဟ္မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္း ခံရေသာ အိမ္ဟု သတ္မွတ္ပါသည္။ အိမ္ဘုရားတြင္ သစ္သီး မျပတ္တင္ပါ။ သီဟိုဠ္ညြန္႔ ဒါနျပဳပါ။

သံဃာေတာ္ မ်ားကို သတ္သတ္လြတ္ဟင္းမ်ား မၾကာခဏ ေလာင္းလွဴပါ။ ေနအိမ္ တြင္ ေနထိုင္ သူမ်ားလည္း မၾကာခဏ သတ္သတ္လြတ္ စားေပးပါ။ က်က္သေရတိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

အေရွ႕ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ား လာဘ္ပြင့္ေစရန္

အေရွ႕ေျမာက္ အရပ္ ကို မ်က္ႏွာလွည့္ေသာ ေနအိမ္မ်ား ကို တနဂၤေႏြၿဂိဳဟ္ မင္း မွ စိုးမိုးေစာင့္ေရွာက္ျခင္းခံရေသာ အိမ္ ဟု သတ္မွတ္ပါသည္။

အိမ္ေရွ႕တြင္ အုန္းခြံ စာကေလး အိမ္ ခ်ိတ္ဆြဲ ထားျခင္း၊ အိမ္ဘုရား အား အုန္းသီး ကပ္လွဴျခင္း၊ အုန္းဆြမ္း၊ အုန္းႏို႔ေခါက္ဆြဲ လွဴဒါန္းေပးျခင္း သံဃာေတာ္မ်ားအား လည္း ကပ္ လွဴဒါန္းေပးျခင္း ၊ ေအာင္အိုး တစ္လံုးတြင္ အုန္း ညြန္ ႔(၆) ညြန္႔ထိုးထား ၍ အိမ္ေရွ႕တြင္ ထားျခင္း ေဆာင္ ရြက္ႏိုင္ပါသည္။ က်က္သေရ တိုးပြားျခင္း၊ ကံဇာတာျမင့္မားျခင္းမ်ား ျဖစ္မည္။

Credit: မင္းခေယာက်္ား

 

#Unicode#

 

လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထိုယတြာနည်းများစွာတွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။

အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်းကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသားအားလုံး မိမိ တို့၏ လုပ်ငန်းဆောင်တာများ မှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှုတွေ အတိုက်အခိုက်တွေ ကနေ လွတ်မြောက်နိုင်ပါတယ်။

မိမိတို့နေအိမ်သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့်သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျသိစရာ မလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါ တယ်။

အရှေ့အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့ အရပ်ကို မျက်နှာလှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အကျိုးပြုသော အိမ်ဟု သတ်မှတ်သည်။ ထို အိမ်တွင် နေထိုင်သူအပေါင်း တို့သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်းသံဃာတော် များကို ကြံရည် ကပ်လှူနိုင်သည်။

ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရား တစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင် သူများ လာဘ်ပွင့်စေရန်

အရှေ့တောင် အရပ် ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ဘုရား တွင် စံပယ်ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါသည်။ ဆီးယို လည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များ အား ဆပ်ပြာအလှူ ဒါနပြုနိုင်ပါသည်။ ထိုယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးေ စာင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှညွန့် လှူပါ။ သံဃာတော် များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ် လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြ များ ဖြစ်မည်။

အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင် သူများ လာဘ်ပွင့်စေရန်

အနောက်တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ် များကို စနေဂြိုဟ် မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။

အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ် မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့် များ ဘုရားစင်တွင် မပြတ်လှူဒါန်း ဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖေ ယာင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခဏ ပြုပါ။

သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

အနောက်မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူ များ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟုဂြိုဟ်မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်းပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော် များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။

မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ်ကို မျက်နှာလှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော် များကို သတ်သတ်လွတ်ဟင်းများ မကြာခဏ လောင်းလှူပါ။ နေအိမ် တွင် နေထိုင် သူများလည်း မကြာခဏ သတ်သတ်လွတ် စားပေးပါ။ ကျက်သရေတိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေ့မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ် ကို မျက်နှာလှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ် မင်း မှ စိုးမိုးစောင့်ရှောက်ခြင်းခံရသော အိမ် ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရား အား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်း ညွန့်(၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

Credit: မင်းခယောကျ်ား

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
အနုညာတစီရင်ဆုံးဖြတ်ခြင်းဥပဒေ အကြောင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
အိမ်သုံးဓာတုပစ္စည်းများ ရဲ့ လျှို့ဝှက်ချက်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service