အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ

အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2019 1:03 pm တွင် တင်ခဲ့သည်
1256 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

Q - ခွင့်ပြုချက်မဲ့ အဆောက်အဦးများအားတရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်တူညီမှုရှိပါသလား။

A - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက်အဦးမှဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။ပြုလုပ်ပါက တရားစွဲအရေးယူပါသည်။

Q - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား။

A - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါကမြေရာဇဝင်ကို စိစစ်ပါသည်။မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။

Q - ခွင့်ပြုချက်မဲ့အဆောက်အဦးများ ဆောက်လုပ်ပြီးစီးမှသာဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်တရားမစွဲပါသလဲ။

A - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါကFoundation အဆင့်တွင်ပင် တားမြစ်ပါသည်။လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။

Q - အဆောက်အဦး ဆောက်လုပ်သည့်အခါကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်ကစတင်ညွှန်ကြားခဲ့ပါသလဲ။

A - မြေကွက်အကျယ် (၅၀' x ၅၀') သို့မဟုတ်၂၅၀၀ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်အဆောက်အဦး ဆောက်လုပ်ပါကကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Q - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသလဲ။

A - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်းအစရှိသည့် အလားတူနေရာများဖြစ်ပါသည်။

Q - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဦးဆောက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း။

A - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်အဆိုပြုပုံစံ(၃)စုံ၊မြေပိုင်ဆိုင်မှု အထောက်အထား၊သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူလျှောက်ထားရပြီးရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။

Q - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါကအရပ်စာချုပ် နှင့် တင်ပြလျှင် ခွင့်ပြုနိုင်ပါသလား။

A - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။

Q - အဆောက်အဦးခိုင်ခံ့မှု စစ်ဆေးရေးအားမည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ။

A - အဆောက်အဦး ခိုင်ခံ့မှုနှင့် ပတ်သက်၍လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှတွက်ချက်တင်ပြလာသည့် Structure Calculation ကိုဌာနမှ စိစစ်ပေးပါသည်။ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။

ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်းတွက်ချက် တင်ပြထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်စစ်ဆေးကြပ်မတ်ပေးပါသည်။

Credit: ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service