အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
1249 Views

အဆောက်အဦးနှင့်ဆိုင်ရာ အမေးများသောမေးခွန်းနှင့် အဖြေများ

Knowledge | Posted by Si Thu Aung

Q - ခွင့်ပြုချက်မဲ့ အဆောက်အဦးများအားတရားစွဲဆိုသည့် အခါ အထပ်နိမ့်နှင့်အထပ်မြင့်တူညီမှုရှိပါသလား။

A - ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အဆောက်အဦးမှဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ဆောက် လုပ်ခြင်းမပြုရပါ။ပြုလုပ်ပါက တရားစွဲအရေးယူပါသည်။

Q - ပိုင်ဆိုင်မှုဂရန်တင်ပြနိုင်ခြင်းမရှိဘဲ အရပ်စာချုပ်ဖြင့်ခွင့်ပြု မိန့်လျှောက်ထားလာပါက ခွင့်ပြုပါသလား။

A - အရပ်စာချုပ်ဖြင့်ဆောက်လုပ်ခွင့်လျှောက်ထားပါကမြေရာဇဝင်ကို စိစစ်ပါသည်။မြေရာဇဝင် စိစစ်ချက် အရနိုင်ငံသားအမည်ပေါက်မြေဖြစ်ပါက(၃)ထပ်ထိ ဆောက်လုပ်ခွင့်ပြုပါသည်။

Q - ခွင့်ပြုချက်မဲ့အဆောက်အဦးများ ဆောက်လုပ်ပြီးစီးမှသာဘာကြောင့်တရားစွဲပါသလဲ၊ မဆောက်လုပ်မီဘာကြောင့်တရားမစွဲပါသလဲ။

A - ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုတွေ့ရှိပါကFoundation အဆင့်တွင်ပင် တားမြစ်ပါသည်။လိုက်နာခြင်းမရှိပါ ကတရားစွဲဆိုမှုကို စတင်ပြုလုပ်ပါသည်။

Q - အဆောက်အဦး ဆောက်လုပ်သည့်အခါကားပါကင်ကို ဘယ်လိုအထပ်မြင့်တွေမှာ ခွင့်ပြုပါသလဲ၊ကားပါကင် ထည့်သွင်းမှုကို ဘယ်အချိန်ကစတင်ညွှန်ကြားခဲ့ပါသလဲ။

A - မြေကွက်အကျယ် (၅၀' x ၅၀') သို့မဟုတ်၂၅၀၀ စတုရန်းပေနှင့် အထက် ကျယ်သော မြေကွက်များတွင်အဆောက်အဦး ဆောက်လုပ်ပါကကားပါကင် ထည့်သွင်းရန်လိုအပ်ပါသည်။(၁၃.၈.၂၀၁၂) ရက် နေ့မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

Q - အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်သည့်အခါခွင့်မပြုသည့်နေရာတွေက မည်သည့်နေရာများဖြစ်ပါသလဲ။

A - ဆိတ်ငြိမ်ရပ်ကွက်များဖြစ်သည့်ရွှေတောင်ကြား၊ အင်းယားမြိုင်၊ သံလွင်လမ်း၊ အင်းယားလမ်း၊တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေနှင်းဆီလမ်း၊ အေဝမ်း လမ်းအစရှိသည့် အလားတူနေရာများဖြစ်ပါသည်။

Q - နိုင်ငံခြားသားအမည်ပေါက်နှင့် အဆောက်အဦးဆောက်မည်ဆိုပါက ခွင့်ပြုမိန့်မည်သို့လျှောက်ရမည်နည်း။

A - လိုင်စင်အင်ဂျင်နီယာ လက်မှတ်ရေးထိုးထားသည့်အဆိုပြုပုံစံ(၃)စုံ၊မြေပိုင်ဆိုင်မှု အထောက်အထား၊သတ်မှတ်ထားသည့် လျှောက်လွှာများနှင့် အတူလျှောက်ထားရပြီးရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြရ ပါသည်။

Q - ခြံစည်ရိုးနယ်နိမိတ်တိုင်းတာ မည်ဆိုပါကအရပ်စာချုပ် နှင့် တင်ပြလျှင် ခွင့်ပြုနိုင်ပါသလား။

A - အရပ်စာချုပ်ဖြင့် ခြံစည်းရိုးနယ်နိမိတ်တိုင်းတာ၍ မရပါ။

Q - အဆောက်အဦးခိုင်ခံ့မှု စစ်ဆေးရေးအားမည်ကဲ့သို့ ဆောင်ရွက်ထားပါသလဲ။

A - အဆောက်အဦး ခိုင်ခံ့မှုနှင့် ပတ်သက်၍လိုင်စင်ရ အဆောက်အအုံအင်ဂျင်နီယာမှတွက်ချက်တင်ပြလာသည့် Structure Calculation ကိုဌာနမှ စိစစ်ပေးပါသည်။ခိုင်ခံ့မှုရှိပါက ခွင့်ပြုပေးပါသည်။

ခွင့်ပြု ပေးပြီးပါက မြေပြင်တွင်လည်းတွက်ချက် တင်ပြထားသည့်အတိုင်း ဆောက်လုပ်စေရန်အတွက်စစ်ဆေးကြပ်မတ်ပေးပါသည်။

Credit: ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service