မအောင်မြင်သည့် စက်မှုလယ်ယာမြေဧက ထောင်ချီကို စက်မှုဇုန်အဖြစ် ပြောင်းလဲရန် ရန်ကုန်တိုင်းအစိုးရဆောင်ရွက်

မအောင်မြင်သည့် စက်မှုလယ်ယာမြေဧက ထောင်ချီကို စက်မှုဇုန်အဖြစ် ပြောင်းလဲရန် ရန်ကုန်တိုင်းအစိုးရဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
24 Jan 2019 11:04 am တွင် တင်ခဲ့သည်
941 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဧကထောင်ချီရှိသော စက်မှုလယ်ယာမြေများကို စက်မှုဇုန်အဖြစ် ပြောင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်သို့ တင်ပြသည်။

ဇန်နဝါရီ ၂၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင် ပိုင်း)လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)၊ စက်မှုဇုန်(၃) နယ်မြေအ တွင်းရှိ စက်မှုလက်မှုလုပ်ငန်းရှင် များအတွက် လိုအပ်နေသော စက်ရုံအလုပ်ရုံမြေနေရာရရှိရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိ ရှိလိုကြောင်း မေးမြန်းခဲ့သည်။

‘‘ ကိုယ်တိုင်လုပ်ကိုင်တဲ့လူတွေက မြေငှားခ တစ်နေ့ထက် တစ်နေ့ ကြီးမြင့်လာခြင်း၊ ငှားခ တိုးကောက်ခံခြင်း၊ လုပ်ငန်းပမာဏတိုးချဲ့ရန် ကိုယ်ပိုင်စက်မှုဇုန် မြေမဟုတ်သဖြင့် မဆောင်ရွက်နိုင်ခြင်းအပြင် ဆက်၍ မငှားတော့ခြင်း စသည့်အခက်အခဲများဖြစ် နေပါတယ် ’’ဟု​ ၎င်းက ဆွေးနွေးသည်။

ဦးအေးနိုင်၏ မေးမြန်းချက်အပေါ် ဒုဝန်ကြီးဦးကျော်လင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုယ် စားရှင်းလင်းဖြေကြားသည်။

လုပ်ငန်းရှင်များ စက်ရုံ၊ အလုပ်ရုံမြေနေရာရရှိရေး အစိုးရ ဈေးနှုန်းဖြင့် ချထားပေးရန်နှင့် ပတ်သက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း စက်မှုလယ်ယာခွင့်ပြုထားသော မြေနေရာ များကို Local Industrial Zone အဖြစ် Land Used ပြောင်းလဲ သတ်မှတ်အကောင်အထည်ဖော် နိုင်ပါက အသေးစားနှင့် အလတ် စားစက်မှုလုပ်ငန်းများအတွက် မြေကွက်များ ဖော်ထုတ်ပေးနိုင် မည်ဟု ၎င်းကဆိုသည်။

ဒုဝန်ကြီး၏ဖြေကြားချက်အပေါ် ဦးအေးနိုင်က မည်သည့်အချိန်တွင် မြေကွက်များဖော်ထုတ် ရောင်းချပေးမည်လဲဟုဆက်စပ် မေးခွန်းမေးမြန်းခဲ့သည်။

‘‘ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဧကထောင်နဲ့ချီပြီးတော့ ContractFarming (စက်မှုလယ်ယာ)တွေ ခွင့်ပြုထားတာရှိပါတယ်။ အဲဒီဟာတွေက လက်တွေ့လည်း အောင်မြင်တဲ့ လယ်ယာဇုန်တွေ မဟုတ်ဘူးဆိုပြီးတော့ ဒါတွေကို စက်မှုဇုန်ပြောင်းဖို့ ဆိုပြီး စီစဉ် ဆောင်ရွက်နေပါတယ်။ ဒါ ကြောင့်မို့လို့ ဖော်ထုတ်မယ့်အစီ အစဉ်ကတော့ Contract Farm-ing တွေကို စက်မှုဇုန်ပြောင်းလဲဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးစားဆောင်ရွက်နေပါတယ်။ ဘယ်တော့ဖော်ထုတ်မလဲဆိုတဲ့ ကိစ္စကတော့ အခုကို ကြိုးစားနေ ကြောင်း သိရှိရပါတယ်’’ဟု ဒုဝန် ကြီး ဦးကျော်လင်းက ပြောသည်။

အသေးစိတ်သိရှိစေရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့ မေးမြန်းပြီး ဆက်လက်ဖြေ ကြားမည်ဟု ဒုဝန်ကြီးက ပြော သည်။

၁၉၉၀ ပြည့်နှစ် ဒဂုံမြို့သစ်တည်ဆောက်ရေး စီမံကိန်းနှင့် ဆက်စပ်၍ ဒဂုံတောင်စက်မှုဇုန် (၁)နှင့် (၂) အသေးစားစက်မှု မြေကွက်များကို တစ်ဧကလျှင် ကျပ်သိန်း ၉၀ နှုန်းဖြင့် ရောင်းချ ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့ နယ်အတွင်း စက်ရုံ၊ အလုပ်ရုံ ပေါင်း ၁,၀၀၀ ကျော်ရှိသည်ဟု ဦးအေးနိုင်က ဆိုသည်။

စက်မှုဇုန်များကို လေ့လာသုံးသပ်ကြည်ပါက စက်မှုဇုန်မြေ ကွက်ချထားပြီးကတည်းက ကိုယ် တိုင်လုပ်ကိုင်နေသူများရှိသကဲ့သို့ ယခုအချိန်ထိ မည်သည့်လုပ်ငန်း မျှ မလုပ်သည့် စက်မှုဇုန်မြေကွက် များရှိနေကြောင်း၊ မြေနေရာယူထားပြီး အခြားလုပ်ငန်းလုပ်ကိုင် နေသူများအား ငှားထားသူများ လည်းရှိကြောင်း ၎င်းက ပြောသည်။

ယင်းတို့နှင့်ပတ်သက်ပြီး ဝေဖန်လိုခြင်းမရှိသော်လည်း အမှန် တကယ်စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသူများ စက်မှုဇုန်မြေ နေရာမရှိဘဲ လုပ်ကိုင်နေရသော ကြောင့် ၎င်းတို့ကို ဆောင်ရွက်ပေး နိုင်ခြင်းရှိ၊ မရှိ မေးမြန်းရကြောင်း ဦးအေးနိုင်က ပြောသည်။ ရွာသာကြီးစက်မှုဇုန်တွင် စက်ရုံ ၁၆၇ ရုံချထားသော်လည်း အမှန်တကယ် လုပ်ငန်းလုပ်သည့် စက်ရုံ ၉၉ ရုံသာရှိပြီး ဂိုဒေါင်၊ ခြံခတ်၊ လစ်လပ် ၆၈ လုံးဖြစ်နေကြောင်း ဥပမာပေးသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကလည်း ဦးအေးနိုင် မေးမြန်းသည့် စက်မှုဇုန်ကိစ္စနှင့် ပတ်သက်ပြီး ဆက်စပ်မေးခွန်းအပေါ် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ မေးမြန်းပေးရန် မေတ္တာရပ်ခံခဲ့ သည်။

Credit:   7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service